ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်ရဲ့လုပ်ငန်းများ အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလျံကျော်အထိ အရှုံးပေါ်ခဲ့

 1282

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၃

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်ဟာ ပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလျံကျော် အရှုံးပေါ်ခဲ့ကြောင်း ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ဖော်ပြလိုက်ပါတယ်။

အီလွန်မတ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၄ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃၂ဝ ဒသမ ၃ ဘီလျံကြွယ်ဝချမ်းသာခဲ့ပေမယ့် လက်ရှိအချိန်မှာ သူရဲ့ကြွယ်ဝချမ်းသာမှုအားလုံးရဲ့ ၃၅ ရာခိုင်နှုန်း ထိခိုက်ဆုံးရှုံးနေပြီး အမေရိကန်ဒေါ်လာ ၂ဝ၉ ဒသမ ၄ ဘီလျံကျော်သာ ချမ်းသာတော့ကြောင်း Forbes က ဆိုပါတယ်။

အီလွန်မတ်ရဲ့ Tesla လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီရဲ့စတော့ရှယ်ယာစျေးနှုန်းများကျဆင်းမှုများကြောင့် အရှုံးပေါ်နေခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ တစ်လအတွင်းမှာပဲ အမေရိကန်ဒေါ်လာ၂၈ ဘီလျံအထိ ဆုံးရှုံးနစ်နာခဲ့တယ်လို့ သိရပါတယ်။

စျေးကွက်ပိုင်းဆိုင်ရာအကြီးအကဲတစ်ဦးဖြစ်တဲ့ မက်မာလေးက "အီလွန်မတ်ဟာ ကားတွေကို စျေးနှုန်းမြင့်မြင့်နဲ့ရောင်းချခဲ့တယ်။ ဒီလိုမျိုးစျေးနှုန်းတင်ရောင်းချမှုတွေက အီလွန်မတ်ရဲ့စီးပွားရေးလုပ်ငန်းအတွက် ရေရှည်မကောင်းဘူး" လို့ဆိုပါတယ်။

အသက် ၅၁ နှစ်အရွယ်ရှိ အီလွန်မတ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာကျော်တွစ်တာ လူမှုကွန်ရက်ကိုဝယ်ယူဖို့ကြိုးပမ်းနေရာ တွစ်တာကိုဝယ်ယူရေးအတွက် Tesla ရှိ ရှယ်ယာများကို ပြန်လည်ရောင်းချဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အီလွန်မတ်ဟာ အမေရိကန်ဒေါ်လာ ဘီလျံရာချီ ဆုံးရှုံးနစ်နာခဲ့ပေမယ့် ကမ္ဘာမှာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အီလွန်မတ်ဟာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲ၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေကိုငြိမ်းချမ်းစေဖို့ မကြာသေးမီက အဆိုပြုကမ်းလှမ်းချက်များလုပ်ဆောင်ခဲ့ရာ အငြင်းပွားမှုများဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် အီလွန်မတ်ဟာ တွစ်တာကိုဝယ်ယူရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး တွစ်တာကိုဝယ်ယူခဲ့မယ်ဆိုရင် တွစ်တာရဲ့ဝန်ထမ်း ၇၅ ရာခိုင်နှုန်းကို လျော့ချသွားဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။

Zawgyi Version;
ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ အီလြန္မတ္ရဲ႕လုပ္ငန္းမ်ား အေမရိကန္ေဒၚလာ ၁ဝဝ ဘီလ်ံေက်ာ္အထိ အရႈံးေပၚခဲ့
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၃

ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ အီလြန္မတ္ဟာ ၿပီးခဲ့တဲ့တစ္ႏွစ္ေက်ာ္အတြင္း အေမရိကန္ေဒၚလာ ၁ဝဝ ဘီလ်ံေက်ာ္ အရႈံးေပၚခဲ့ေၾကာင္း ကမာၻေက်ာ္ Forbes မဂၢဇင္းက ေဖာ္ျပလိုက္ပါတယ္။

အီလြန္မတ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလ ၄ ရက္ေန႔အထိ အေမရိကန္ေဒၚလာ ၃၂ဝ ဒသမ ၃ ဘီလ်ံႂကြယ္ဝခ်မ္းသာခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ သူရဲ႕ႂကြယ္ဝခ်မ္းသာမႈအားလုံးရဲ႕ ၃၅ ရာခိုင္ႏႈန္း ထိခိုက္ဆုံးရႈံးေနၿပီး အေမရိကန္ေဒၚလာ ၂ဝ၉ ဒသမ ၄ ဘီလ်ံေက်ာ္သာ ခ်မ္းသာေတာ့ေၾကာင္း Forbes က ဆိုပါတယ္။

အီလြန္မတ္ရဲ႕ Tesla လွ်ပ္စစ္ကားထုတ္လုပ္ေရးကုမၸဏီရဲ႕စေတာ့ရွယ္ယာေစ်းႏႈန္းမ်ားက်ဆင္းမႈမ်ားေၾကာင့္ အရႈံးေပၚေနခဲ့ျခင္းျဖစ္ၿပီး စက္တင္ဘာ တစ္လအတြင္းမွာပဲ အေမရိကန္ေဒၚလာ၂၈ ဘီလ်ံအထိ ဆုံးရႈံးနစ္နာခဲ့တယ္လို႔ သိရပါတယ္။

ေစ်းကြက္ပိုင္းဆိုင္ရာအႀကီးအကဲတစ္ဦးျဖစ္တဲ့ မက္မာေလးက "အီလြန္မတ္ဟာ ကားေတြကို ေစ်းႏႈန္းျမင့္ျမင့္နဲ႔ေရာင္းခ်ခဲ့တယ္။ ဒီလိုမ်ိဳးေစ်းႏႈန္းတင္ေရာင္းခ်မႈေတြက အီလြန္မတ္ရဲ႕စီးပြားေရးလုပ္ငန္းအတြက္ ေရရွည္မေကာင္းဘူး" လို႔ဆိုပါတယ္။

အသက္ ၅၁ ႏွစ္အ႐ြယ္ရွိ အီလြန္မတ္ဟာ လက္ရွိအခ်ိန္မွာ ကမာၻေက်ာ္တြစ္တာ လူမႈကြန္ရက္ကိုဝယ္ယူဖို႔ႀကိဳးပမ္းေနရာ တြစ္တာကိုဝယ္ယူေရးအတြက္ Tesla ရွိ ရွယ္ယာမ်ားကို ျပန္လည္ေရာင္းခ်ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

အီလြန္မတ္ဟာ အေမရိကန္ေဒၚလာ ဘီလ်ံရာခ်ီ ဆုံးရႈံးနစ္နာခဲ့ေပမယ့္ ကမာၻမွာအခ်မ္းသာဆုံးပုဂၢိဳလ္တစ္ဦးအျဖစ္ ဆက္လက္ရပ္တည္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ အီလြန္မတ္ဟာ ယူကရိန္းနဲ႔ ႐ုရွားစစ္ပြဲ၊ ထိုင္ဝမ္နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈေတြကိုၿငိမ္းခ်မ္းေစဖို႔ မၾကာေသးမီက အဆိုျပဳကမ္းလွမ္းခ်က္မ်ားလုပ္ေဆာင္ခဲ့ရာ အျငင္းပြားမႈမ်ားျဖစ္ခဲ့ေသးတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အီလြန္မတ္ဟာ တြစ္တာကိုဝယ္ယူေရးနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြျဖစ္ခဲ့ၿပီး တြစ္တာကိုဝယ္ယူခဲ့မယ္ဆိုရင္ တြစ္တာရဲ႕ဝန္ထမ္း ၇၅ ရာခိုင္ႏႈန္းကို ေလ်ာ့ခ်သြားဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။

Related news

© 2021. All rights reserved.