အမေရိကန်ကို ကမ္ဘာတဝှမ်းက ဘာကြောင့် မုန်းတီးနေကြတာလဲ (ဘာသာပြန်ဆောင်းပါး)
1175
Htay Oung (NP News) - အောက်တိုဘာ ၂၅
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရဲ့ “ဟိုက်ဒ်ပတ်ခ်ပန်းခြံ” ဟာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ဆန္ဒဖော်ထုတ်ရာ သမိုင်းဝင် နေရာတစ်ခုဖြစ်သလို “ဆပ်ပြာသေတ္တာ” soapbox.com ဟာလည်း အမေရိကန်တို့ရဲ့နိုင်ငံရေးနဲ့ပတ်သက်လို့ လွတ်လပ်စွာပြောဆိုကြဖို့ အင်တာနက်လူမှုကွန်ရက်တစ်ခုဖြစ်ပါတယ်။
ခေတ်ဟောင်းအမေရိကန်ပြည်ထောင်စုရဲ့ ဆပ်ပြာ (သို့မဟုတ်) အခြားကုန်ပစ္စည်းများကို လက်လီစတိုးဆိုင်များသို့ ဖြန့်ဝေရေးဆွဲဆောင်ရာမှာ အများအာရုံစိုက်ခံရအောင် သစ်သားသေတ္တာခွံတစ်လုံးပေါ် မတ်တပ်တက်ရပ် ဟောပြောကြတာကို အစွဲပြုပြီး Soapbox “ဆပ်ပြာ သေတ္တာ” ဆိုတဲ့ အီဒီယံအသုံး ဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။
ယခုလည်း အမေရိကန်တွေနဲ့ နိုင်ငံတကာ လူအများ သိမှတ်နားလည်သင့်တဲ့အကြောင်းအရာတစ်ခုကို အင်္ဂလန် နိုင်ငံ ဘဲလ်ဖတ်စ်မြို့ ကွင်းယူနီဗာစတီမှ သိမြင်ခြင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပါမောက္ခဖြစ် ဒေါက်တာ သောမတ်စ် ဆွမ်းက “အမေရိကန်ကို ကမ္ဘာတဝှမ်းက ဘာကြောင့် လူအများမုန်းတီးနေကြတာလဲ” လို့ ခေါင်းစဉ်ပေးပြီး အဲဒီ ဆပ်ပြာသေတ္တာ လူမှုကွန်ရက်မှာ ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်က ရေးသားထားပါတယ်။
#မုန်းတီးတာလား_မနာလိုတာလား လူအတော်များများအတွက် အမေရိကန်ကို မကြိုက်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိနေပြီး အဲဒီမုန်းတီးမှုဟာ ဘာကြောင့် ဖြစ်တည်လာရသလဲဆိုတဲ့ အဓိပ္ပါယ်တွေတောင် ပါပါသေးတယ်။ ဥပမာအားဖြင့် အမေရိကန်အချို့အနေနဲ့ သူတို့အပေါ် နိုင်ငံခြားသားများက မနှစ်သက်ရခြင်းဟာ သူတို့ရဲ့လွတ်လပ် မှုနဲ့ ချမ်းသာမှုကို မနာလိုခြင်းကြောင့်သာဖြစ်ကြောင်း ယုံကြည်ကြပါတယ်။ တကယ်လို့ အဲဒီနေရာမှာ သင်ဟာ အမေရိကန် မဟုတ်ဖူးဆိုရင်တော့ အတော်မနှစ်သက်စရာ မှတ်ချက်တွေဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီလိုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုဖြစ်ပေါ်လာစေတဲ့ သူတို့ရဲ့မျိုးချစ်စိတ်ဓာတ်ဟာ ဥရောပထက် အမေရိ ကန်မှာ ပိုမိုပျံ့နှံ့နေပြီး ကိုယ်ပိုင်လက္ခဏာနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိဖို့ လိုအပ်မှုတို့ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာအခြေခံမှုများနဲ့ တတ်ကျွမ်းမှုဆိုင်ရာအရည်အချင်းများထက် သူ့ကိုယ်သူ တန်ဖိုးထားမှုအပေါ် ပိုမိုရပ်တည်သူ ထင်ရှားနာမည်ကြီးတွေကို နေ့စဉ်တီဗွီမှာ မြင်တွေ့နေကြတဲ့ယဉ်ကျေးမှုမှာ ရိုးရှင်းစွာ "အမေရိကန် ဖြစ်ခြင်း" ဟာ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခုဖြစ်လာနိုင်ပါတယ်။
တကယ်တော့ အမေရိကန်တွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းယဉ်ကျေးမှုကို အဆုံးစွန်ခံယူပြီး ရလဒ်အနေနဲ့ ကျွန်ုပ်တို့ ဘိုးဘေးများ ကျင်လည်နေထိုင်ခဲ့ရာ ကမ္ဘာကြီးနဲ့ အဝေးဆုံးသူများဖြစ်နေပါတယ်။ ရုပ်မြင်သံကြားနဲ့ အင်တာနက်မပေါ်မီ ကျွန်ုပ်တို့အနေနဲ့ အကြောင်းအရာတစ်ခုခုအပေါ် ကျွမ်းကျင်မှုရှိခြင်းနဲ့ အဓိပ္ပါယ်ဖွင့်ဆိုရာ အသိုက်အဝန်းငယ်မှာ နေထိုင်ခဲ့ကြပါတယ်။ အကယ်၍ သင်ဟာ အကောင်းဆုံးမုဆိုး၊ လယ်သမား (သို့မဟုတ်) ဈေးဆိုင်ပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင် သင်ရဲ့ကျွမ်းကျင်မှုအတွက် လူအများတန်ဖိုးထားခံရမှာဖြစ်ပါတယ်။
ယနေ့ အမေရိကန်မှာ တန်ဖိုးဖြတ်ဖို့အတွက် သင်ဟာ နိုင်ငံတစ်ဝက်လောက်နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး နေရာအများစု မှာ ကျရှုံးသွားတဲ့အခါ အော်စကာရုပ်ရှင်တွေ၊ X Factor ရုပ်သံဂီတပြိုင်ပွဲတွေ ဒါမှဟုတ် နာမည်ကြီးမဂ္ဂဇင်းများမှ တစ်ဆင့် မျက်လုံးနဲ့ နားထဲကို ဝင်လာသမျှ အကောင်းတကာ့အကောင်းဆုံးတွေဟာ ပေါက်ကွဲထွက် ကုန်ပါတော့ တယ်။ ဒါကြောင့်လဲ အမေရိကန်မှာ စိတ်ကျရောဖြစ်ပွားသူအရေအတွက် တိုးပွားလာခြင်းဟာ အံ့သြစရာလားလို့ မေးရတော့မှာ ဖြစ်ပါတယ်။
အခြားနိုင်ငံများထက်စာရင် အမေရိကန်တွေဟာ သူတို့ကိုယ်သူတို့ တန်ဖိုးထားဖို့လိုအပ်ပြီး မျိုးချစ်စိတ်ကို ဒီလို အဆုံးသတ်ခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူတို့ရဲ့မျိုးချစ်စိတ်ဟာ အပေါ်မှာ ပြောခဲ့သလို နိုင်ငံတစ်နိုင်ငံအနေနဲ့ဝေဖန်မှုကို မနာလိုရကောင်းလားလို့ မဆီမဆိုင် စိတ်ပိုင်းဆိုင်ရာ လက်တုံ့ပြန်မှု ကိုသာ ဖြစ်ပေါ်စေပါလိမ့်မယ်။
ဘာသာရေး (သို့မဟုတ်) ယဉ်ကျေးမှုကြောင့် မုန်းတီးမှုလား နိုင်ငံခြားသားတစ်ယောက်အတွက် အမေရိကန်ကို မုန်းတီးဖို့ နောက်ထပ်မဖြစ်နိုင်စရာအကြောင်းရင်းတစ်ခုမှာ ခရစ်ယာန်ဘာသာကိုးကွယ်မှု (သို့မဟုတ်) အမေရိ ကန်ရဲ့ လူနေမှုပုံစံဖြစ်ပါတယ်။ တစ်ခြားနိုင်ငံတွေမှာလည်း ခရစ်ယာန်တွေ၊ မွတ်ဆလင်တွေနဲ့ ဂျူးတွေဟာ ပကတိ ပျော်ရွှင်စွာ အတူယှဉ်တွဲနေထိုင်ကြတဲ့အတွက်ဖြစ်ပါတယ်။ ဥပမာအားဖြင့် အီရန်နိုင်ငံဟာ အစ္စရေးပြီးရင် အရှေ့ အလယ်ပိုင်းမှာ ဂျူးလူမျိုး ဒုတိယအများဆုံးတိုင်းပြည်ဖြစ်ပြီး ခရစ်ယာန်ဘာသာမှာလည်း နိုင်ငံအတွင်း ရှည်လျား တဲ့ သမိုင်းကြောင်းရှိနေပါတယ်။
ဒါ့အပြင် အမေရိကန်တို့ရဲ့လူနေမှုပုံစံဟာ အမှန်တကယ် ကမ္ဘာတစ်ဝှမ်း ရေပန်းစားနေပြီး ရောက်ရာတိုင်းပြည်ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုမှာ လိုက်လျောညီထွေဖြစ်စေတဲ့ မီဒီယာ၊ အဝတ်အစား၊ အစားအစာ စသည်ဖြင့် ပစ္စည်း အသစ်တွေ နိုင်ငံအများအပြားကို တင်ပို့ရောင်းချနေပါတယ်။ ဒီအတွက် သူတို့အပေါ် ယဉ်ကျေးမှုထည့်သွင်းခြင်းကို ကန့်ကွက်တဲ့ အခြေခံဝါဒီအနည်းစုတို့မှာ မနှစ်သက်သူ အုပ်စုအချို့ရှိနေတာကို ထည့်ပြောနေဖို့ မလိုအပ်ပါဘူး။
အမေရိကန်ကို လူတွေမုန်းတီးရခြင်းအကြောင်းရင်းအမှန် အမေရိကန်တွေကို လူအများမုန်းတီးရခြင်းအတွက် ပိုပြီးဖြစ်နိုင်ချေရှိတဲ့အဖြေတစ်ခုမှာ ဝါရှင်တန်ရဲ့စစ်ရေးအရ ဝင်ရောက်နှောင့်ယှက်မှုသမိုင်းနဲ့ အခြား တိုင်းပြည်တွေ ရဲ့ နိုင်ငံရေးစနစ်များမှာ မွှေနှောက်စွက်ဖက်ခြင်းကြောင့် ဖြစ်ပါတယ်။
ဒီလုပ်ရပ်အတွက် ခုခံရှေ့နေလိုက်လိုသူအချို့အတွက် ရက်စက်ကြမ်းကြုတ်မှုကို ကျူးလွန်ပြီးနောက် အမေရိကန် ရဲ့အကူအညီနဲ့ ရာထူးမှ ဖယ်ရှားခံခဲ့ရတဲ့ ဆက်ဒမ်ဟူစိန်နဲ့ ဗိုလ်မှူးကြီး ကဒါဖီတို့လို့ အာဏာရှင်များကိုညွှန်ပြပြီး ဆင်ခြေပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စများမှာလည်း နိုင်ငံပြိုကွဲပြီး ပြည်တွင်းစစ်များ၊ အကြမ်းဖက်ဝါဒ (ဥပမာ- ISIS တို့ ပေါ်ပေါက်လာခြင်း)၊ ကျွန်စျေးကွက်များနဲ့ နောက်ဆက်တွဲခံစားရတဲ့ ဆင်းရဲဒုက္ခတွေဟာ အမေရိကန် ဒီလို မကူညီခဲ့ရင်တောင် သူတို့ပြည်သူတွေ အခြေအနေပိုမိုကောင်းမွန်လာနိုင်စရာရှိတယ်လို့ တွက်ဆကြည့်နိုင်ပါ တယ်။
မည်သို့ပင်ဆိုစေကာမူ အမေရိကန်အစိုးရရဲ့နိုင်ငံခြားဝင်ရောက်စွက်ဖက်မှု သမိုင်းဟာ ၂၁ ရာစုမတိုင်မီအထိ အတော်ကျယ်ပြန့်ပြီး အတင်မကျဆိုတဲ့အတိုင်းအတာထက် ကျော်လွန်နေပါတယ်။ တကယ်တော့၊ ဝါရှင်တန်နဲ့ သူ့ရဲ့ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) တို့ဟာ ကမ္ဘာတစ်ဝှမ်းရှိ လူသိရှင်ကြားထောက်ခံမှုရရှိထားတဲ့ ဒီမိုကရေစီနိုင်ငံအများအပြားကို ပြိုလဲစေခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး CIA ဟာ လုပ်ကြံသတ်ဖြတ်ခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်မှုအမြောက်အများကိုလုပ်ဆောင်ခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော်အတွင်း ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီနိုင်ငံများမှာ (သူတို့အလိုကျ မျက်နှာဖုံးစွပ်) အာဏာရှင် စနစ်နဲ့ အစားထိုးခဲ့ပါတယ်။ ယနေ့ခေတ် ရောက်တဲ့တိုင်အောင်လည်း “ဒီမိုကရေစီအတွက် အမျိုးသားပံ့ပိုးမှု” ဆိုတဲ့ ကမောက်ကမ အမည်နဲ့ အလားတူ ဆက်လက်လုပ်ဆောင်နေပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်များမတိုင်မီတုန်းကဆိုရင် အဲ့ဒီတိုင်းပြည်အပေါ် ဆိုဗီယက်တို့ရဲ့ သြဇာလွှမ်းမိုးလို့ဖြစ်ကြောင်း မကြာခဏ အကြောင်းပြချက်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်အများအပြားတို့မှာ အဲဒီရှင်းလင်းချက်ကို သက် သေပြရန် အထောက်အထား အနည်းငယ် (သို့မဟုတ်) လုံးဝ မရှိခဲ့ပါဘူး။ မည်သို့ပင်ဆိုစေကာမူ အမေရိကန်တို့ အနေနဲ့ တခြားတိုင်းပြည်နေထိုင်သူတို့ရဲ့ ဒီမိုကရေစီရွေးချယ်မှုများအပေါ်ငြင်းဆိုဖို့ သူ့မှာ အခွင့်အရေးပိုင်ဆိုင် ထားသလို လုပ်ဆောင်နေတုန်းပါပဲ။
#အမေရိကန်ရဲ့နိုင်ငံတကာရာဇဝတ်မှုများ ဒုတိယကမ္ဘာစစ်ကတည်းက အမေရိကန်အစိုးရဟာ နိုင်ငံပေါင်း ၂၄ နိုင်ငံ ကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို (ဥပမာ- နိုင်ငံရေးအာဏာသိမ်းမှု) ဖြင့် ဝင်ရောက်စွက်ဖက်ခြင်း (သို့မဟုတ်)နိုင်ငံရေးမှာ လူ့အသက်များ သေစေနိုင်လောက်တဲ့ ရလဒ်များ ထွက်ပေါ်လာအောင် ဝင်ရောက်စွက်ဖက်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်၊ အန်ဂိုလာ၊ သြစတြေးလျ၊ ဘိုလီဗီးယား၊ ဘရာဇီး၊ ကမ္ဘောဒီးယား၊ ချီလီ၊ ကွန်ဂို၊ ကျူးဘား၊ ဒိုမီ နီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒို၊ ဂရိ၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ဟန်ဂေရီ၊ အင်ဒိုနီးရှား၊ အီရန်၊ အီရတ်၊ အီတလီ၊ လာအို၊ နီကာရာဂွာ၊ ပနားမား၊ ဥရုဂွေး၊ ဗီယက်နမ် စသည်ဖြင့် နိုင်ငံတွေဟာ အများသိပြီး သတင်းအချက်အလက်များအရ (အင်္ဂလိပ်အက္ခရာအတိုင်း) တန်းစီထားတဲ့နိုင်ငံများသာ ရှိပါသေးတယ်။ အဲဒီမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့အကျဉ်းချုပ်ကို (တစ်နိုင်ငံချင်းအလိုက်) ကို ဖော်ပြရမယ်ဆိုရင် အများကြီး ကျန်ရှိ နေပါသေးတယ်။
အီရန်အခြေအနေကိုနားလည်ခြင်း အဲဒီနိုင်ငံသမိုင်းရဲ့ လူမသိတဲ့အစိတ်အပိုင်းတွေ ရှိနေပါတယ်။ မှတ်သားစရာ က ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးဟာ အမေရိကန်အစိုးရက ၂၅ နှစ်ကြာ ကျားကန် တင်မြှောက်ပေးထားတဲ့ (အသွင်ကွဲ မျက်နှာဖုံးစွပ်) အာဏာရှင်ကို ဖယ်ရှားရာမှ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ အီရန်ဒီမိုကရေစီ ကျဆုံး သွားပြီးနောက် CIA က စက်ပုန်းခုတ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလိုနဲ့ နိုင်ငံ့ပြည်တွင်းရေးမှာ အမေရိကန်ထောက်လှမ်း ရေးက ဝင်ရောက်စွက်ဖက်ပြီး အီရန်နေ ပြည်သူတို့ဟာ ဖိနှိပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အသက်ဆုံးရှုံးမှုတွေနဲ့ ဒုက္ခ ဆင်းရဲဖြစ်ရပါတယ်။
အနောက်နိုင်ငံသားများအနေနဲ့ အဲဒီသမိုင်းကြောင်းအဖြစ်အပျက်ကိုသိရှိထားမယ်ဆိုရင် အီရန်အပေါ် ဆန့်ကျင် ရေးနဲ့ မယုံမကြည်မှုများမှာ အနည်းငယ် ပိုမိုနားလည်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီနေ့ လက်ရှိဖြစ်နေ တာက အီရန်နိုင်ငံသားများကို အသုံးမကျ၊ သည်းမခံနိုင်၊ ဖြီးဖြန်းတတ်သူများအဖြစ် အစဉ်မပြတ်ပုံဖော်နေကြပါ တယ်။ ဆက်ဆံရေးပြန်လည်ပြင်ဆင်ဖို့ဆိုတာ အမျိုးသားရေးတောင်းပန်မှုအထိ လိုအပ်ဖွယ်ရှိချိန်မှာ ခုလိုဖြစ်နေ တာဟာ ဘယ်သူမှ စိတ်ကူးထဲ မထည့်နိုင်အောင်ဖြစ်နေပါတယ်။
ခြုံငုံပြီးပြောရရင် အမေရိကန်ကို မနှစ်သက်ရခြင်းမှာ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ အမေရိကန်တွေ အနေနနဲ့ သူတို့ရဲ့ခေါင်းဆောင်များကြောင့် ကမ္ဘာကြီးအပေါ် ထိခိုက်စေခဲ့တဲ့အန္တရာယ်များကို နားလည်ပြီး ပိုမို ရည်မွန်သိမ်မွေ့တဲ့ဆက်ဆံရေးကို တောင်းဆိုထားခြင်း မရှိပါက၊ (နိုင်ငံတကာလူအများရဲ့ အမေရိကန်အပေါ်) ရုန့်ရင်းကြမ်းတမ်းမှု (သို့မဟုတ်) အနည်းဆုံး အာဃာတနဲ့ မုန်းတီးမှုများ ဆက်လက်တည်ရှိနေနိုင်ပါတယ်။
ဒါ့အပြင် လူတစ်ဦးတစ်ယောက်ရဲ့ အတ္တမာနကို မြှင့်တင်ပေးဖို့အတွက် မျိုးချစ်စိတ် မလိုအပ်ကြောင်း အမေရိကန် တွေ နားလည်ထားခြင်းမရှိပါက (သူတို့အစိုးရကြောင့်) အလိုလိုနေရင်း မုန်းတီးခံရတာတွေ ဆက်လက်တည်ရှိနေ ဦးမှာ ဖြစ်ပါတယ်။
သို့ပေမယ့် နိုင်ငံခြားသားများမှာလည်း အပြစ်မရှိပါဘူး။ အမေရိကန်အစိုးရရဲ့လုပ်ရပ်တွေဟာ ပြည်သူများရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ကံမကောင်းအကြောင်းမလှစွာဖြင့် အမေရိကန်တို့ရဲ့ နိုင်ငံရေးနဲ့ မီဒီယာများ တည်ထောင်မှု ဟာ နိုင်ငံရဲ့ သမိုင်းအမှောင်ဘက်ခြမ်းကို ဖုံးကွယ်ထားတဲ့အတွက် အဲဒီရာဇ၀တ်မှုများမှာ အမေရိကန်တွေဟာ သိရှိ ခွင့်မရလိုက်ဘဲ ပူးပေါင်းပါဝင်နေကြပါတယ်။ လက်နက်ထုတ်လုပ်သူများနဲ့ အဲဒီရင်းမြစ်အပေါ် ခံတွင်းတွေ့နေသူ (နိုင်ငံရေးသမား) တို့ရဲ့ အလွန်အမြတ်အစွန်းရနိုင်တဲ့ သွေးထွက်သံယိုစီးပွားရေးလုပ်ငန်းကို ဖြိုခွင်းဖို့ဆိုတာ လူသိများ ထင်ရှားသူတွေအနေနဲ့ စိတ်ပါဝင်စားမှု မရှိကြဘူးလို့ သိရပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အမေရိကန်အလံတွေ၊ သစ္စာခံကတိကဝတ်တွေနဲ့ တရစပ်ထိုးနှက် တဲ့အခါ အဲဒီလို မျိုးချစ်စိတ်သဘောထားကိုရှောင်ရှားဖို့ဆိုတာကလည်း အမေရိကမှာ ကြီးပြင်းလာတဲ့ ကလေး တစ်ယောက်အတွက် ခက်ခဲပါတယ်။ ဒီအတွေးအမြင် သံသရာဟာ ရပ်တန့်ဖို့ခက်ခဲပြီး ယနေ့ အသက်ရှင်နေသူ မည်သူ့ကိုမျှ အပြစ်တင်ဖို့လည်း မလွယ်ကူလှပါဘူး။
#အမေရိကန်ကို_ဘာကြောင့်_ကမ္ဘာတဝှမ်း_မုန်းတီးနေကြတာလဲ
(Reuters., 23 October 2022,” Salman Rushdie lost sight in one eye following attack, agent says.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Zawgyi Version;
အေမရိကန္ကို ကမာၻတဝွမ္းက ဘာေၾကာင့္ မုန္းတီးေနၾကတာလဲ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ေအာက္တိုဘာ ၂၅
အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ရဲ႕ “ဟိုက္ဒ္ပတ္ခ္ပန္းၿခံ” ဟာ လြတ္လပ္စြာေျပာဆိုခြင့္နဲ႔ဆႏၵေဖာ္ထုတ္ရာ သမိုင္းဝင္ ေနရာတစ္ခုျဖစ္သလို “ဆပ္ျပာေသတၱာ” soapbox.com ဟာလည္း အေမရိကန္တို႔ရဲ႕ႏိုင္ငံေရးနဲ႔ပတ္သက္လို႔ လြတ္လပ္စြာေျပာဆိုၾကဖို႔ အင္တာနက္လူမႈကြန္ရက္တစ္ခုျဖစ္ပါတယ္။
ေခတ္ေဟာင္းအေမရိကန္ျပည္ေထာင္စုရဲ႕ ဆပ္ျပာ (သို႔မဟုတ္) အျခားကုန္ပစၥည္းမ်ားကို လက္လီစတိုးဆိုင္မ်ားသို႔ ျဖန္႔ေဝေရးဆြဲေဆာင္ရာမွာ အမ်ားအာ႐ုံစိုက္ခံရေအာင္ သစ္သားေသတၱာခြံတစ္လုံးေပၚ မတ္တပ္တက္ရပ္ ေဟာေျပာၾကတာကို အစြဲျပဳၿပီး Soapbox “ဆပ္ျပာ ေသတၱာ” ဆိုတဲ့ အီဒီယံအသုံး ေဝါဟာရမွ ဆင္းသက္လာျခင္း ျဖစ္ပါတယ္။
ယခုလည္း အေမရိကန္ေတြနဲ႔ ႏိုင္ငံတကာ လူအမ်ား သိမွတ္နားလည္သင့္တဲ့အေၾကာင္းအရာတစ္ခုကို အဂၤလန္ ႏိုင္ငံ ဘဲလ္ဖတ္စ္ၿမိဳ႕ ကြင္းယူနီဗာစတီမွ သိျမင္ျခင္းနဲ႔ ယဥ္ေက်းမႈဆိုင္ရာ ပါေမာကၡျဖစ္ ေဒါက္တာ ေသာမတ္စ္ ဆြမ္းက “အေမရိကန္ကို ကမာၻတဝွမ္းက ဘာေၾကာင့္ လူအမ်ားမုန္းတီးေနၾကတာလဲ” လို႔ ေခါင္းစဥ္ေပးၿပီး အဲဒီ ဆပ္ျပာေသတၱာ လူမႈကြန္ရက္မွာ ၂ဝ၂၂ ခုႏွစ္ ၾသဂုတ္လ ၂၂ ရက္က ေရးသားထားပါတယ္။
#မုန္းတီးတာလား_မနာလိုတာလား လူအေတာ္မ်ားမ်ားအတြက္ အေမရိကန္ကို မႀကိဳက္ရတဲ့အေၾကာင္းရင္းေတြ အမ်ားႀကီးရွိေနၿပီး အဲဒီမုန္းတီးမႈဟာ ဘာေၾကာင့္ ျဖစ္တည္လာရသလဲဆိုတဲ့ အဓိပၸါယ္ေတြေတာင္ ပါပါေသးတယ္။ ဥပမာအားျဖင့္ အေမရိကန္အခ်ိဳ႕အေနနဲ႔ သူတို႔အေပၚ ႏိုင္ငံျခားသားမ်ားက မႏွစ္သက္ရျခင္းဟာ သူတို႔ရဲ႕လြတ္လပ္ မႈနဲ႔ ခ်မ္းသာမႈကို မနာလိုျခင္းေၾကာင့္သာျဖစ္ေၾကာင္း ယုံၾကည္ၾကပါတယ္။ တကယ္လို႔ အဲဒီေနရာမွာ သင္ဟာ အေမရိကန္ မဟုတ္ဖူးဆိုရင္ေတာ့ အေတာ္မႏွစ္သက္စရာ မွတ္ခ်က္ေတြျဖစ္ႏိုင္ပါတယ္။
ဒါေပမဲ့ အဲဒီလိုအဓိပၸာယ္ဖြင့္ဆိုခ်က္ေတြကိုျဖစ္ေပၚလာေစတဲ့ သူတို႔ရဲ႕မ်ိဳးခ်စ္စိတ္ဓာတ္ဟာ ဥေရာပထက္ အေမရိ ကန္မွာ ပိုမိုပ်ံ႕ႏွံ႔ေနၿပီး ကိုယ္ပိုင္လကၡဏာနဲ႔ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးရွိဖို႔ လိုအပ္မႈတို႔ကို လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ကိုယ္ေရးကိုယ္တာအေျခခံမႈမ်ားနဲ႔ တတ္ကြၽမ္းမႈဆိုင္ရာအရည္အခ်င္းမ်ားထက္ သူ႔ကိုယ္သူ တန္ဖိုးထားမႈအေပၚ ပိုမိုရပ္တည္သူ ထင္ရွားနာမည္ႀကီးေတြကို ေန႔စဥ္တီဗြီမွာ ျမင္ေတြ႕ေနၾကတဲ့ယဥ္ေက်းမႈမွာ ႐ိုးရွင္းစြာ "အေမရိကန္ ျဖစ္ျခင္း" ဟာ လူတစ္ဦးတစ္ေယာက္ရဲ႕ ကိုယ္ပိုင္အမွတ္အသားတစ္ခုျဖစ္လာႏိုင္ပါတယ္။
တကယ္ေတာ့ အေမရိကန္ေတြဟာ ဂလိုဘယ္လိုက္ေဇးရွင္းယဥ္ေက်းမႈကို အဆုံးစြန္ခံယူၿပီး ရလဒ္အေနနဲ႔ ကြၽႏ္ုပ္တို႔ ဘိုးေဘးမ်ား က်င္လည္ေနထိုင္ခဲ့ရာ ကမာၻႀကီးနဲ႔ အေဝးဆုံးသူမ်ားျဖစ္ေနပါတယ္။ ႐ုပ္ျမင္သံၾကားနဲ႔ အင္တာနက္မေပၚမီ ကြၽႏ္ုပ္တို႔အေနနဲ႔ အေၾကာင္းအရာတစ္ခုခုအေပၚ ကြၽမ္းက်င္မႈရွိျခင္းနဲ႔ အဓိပၸါယ္ဖြင့္ဆိုရာ အသိုက္အဝန္းငယ္မွာ ေနထိုင္ခဲ့ၾကပါတယ္။ အကယ္၍ သင္ဟာ အေကာင္းဆုံးမုဆိုး၊ လယ္သမား (သို႔မဟုတ္) ေဈးဆိုင္ပိုင္ရွင္ျဖစ္ခဲ့မယ္ဆိုရင္ သင္ရဲ႕ကြၽမ္းက်င္မႈအတြက္ လူအမ်ားတန္ဖိုးထားခံရမွာျဖစ္ပါတယ္။
ယေန႔ အေမရိကန္မွာ တန္ဖိုးျဖတ္ဖို႔အတြက္ သင္ဟာ ႏိုင္ငံတစ္ဝက္ေလာက္နဲ႔ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ေနရာအမ်ားစု မွာ က်ရႈံးသြားတဲ့အခါ ေအာ္စကာ႐ုပ္ရွင္ေတြ၊ X Factor ႐ုပ္သံဂီတၿပိဳင္ပြဲေတြ ဒါမွဟုတ္ နာမည္ႀကီးမဂၢဇင္းမ်ားမွ တစ္ဆင့္ မ်က္လုံးနဲ႔ နားထဲကို ဝင္လာသမွ် အေကာင္းတကာ့အေကာင္းဆုံးေတြဟာ ေပါက္ကြဲထြက္ ကုန္ပါေတာ့ တယ္။ ဒါေၾကာင့္လဲ အေမရိကန္မွာ စိတ္က်ေရာျဖစ္ပြားသူအေရအတြက္ တိုးပြားလာျခင္းဟာ အံ့ၾသစရာလားလို႔ ေမးရေတာ့မွာ ျဖစ္ပါတယ္။
အျခားႏိုင္ငံမ်ားထက္စာရင္ အေမရိကန္ေတြဟာ သူတို႔ကိုယ္သူတို႔ တန္ဖိုးထားဖို႔လိုအပ္ၿပီး မ်ိဳးခ်စ္စိတ္ကို ဒီလို အဆုံးသတ္ျခင္းဟာ ေကာင္းမြန္တဲ့နည္းလမ္းျဖစ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ သူတို႔ရဲ႕မ်ိဳးခ်စ္စိတ္ဟာ အေပၚမွာ ေျပာခဲ့သလို ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ေဝဖန္မႈကို မနာလိုရေကာင္းလားလို႔ မဆီမဆိုင္ စိတ္ပိုင္းဆိုင္ရာ လက္တုံ႔ျပန္မႈ ကိုသာ ျဖစ္ေပၚေစပါလိမ့္မယ္။
ဘာသာေရး (သို႔မဟုတ္) ယဥ္ေက်းမႈေၾကာင့္ မုန္းတီးမႈလား ႏိုင္ငံျခားသားတစ္ေယာက္အတြက္ အေမရိကန္ကို မုန္းတီးဖို႔ ေနာက္ထပ္မျဖစ္ႏိုင္စရာအေၾကာင္းရင္းတစ္ခုမွာ ခရစ္ယာန္ဘာသာကိုးကြယ္မႈ (သို႔မဟုတ္) အေမရိ ကန္ရဲ႕ လူေနမႈပုံစံျဖစ္ပါတယ္။ တစ္ျခားႏိုင္ငံေတြမွာလည္း ခရစ္ယာန္ေတြ၊ မြတ္ဆလင္ေတြနဲ႔ ဂ်ဴးေတြဟာ ပကတိ ေပ်ာ္႐ႊင္စြာ အတူယွဥ္တြဲေနထိုင္ၾကတဲ့အတြက္ျဖစ္ပါတယ္။ ဥပမာအားျဖင့္ အီရန္ႏိုင္ငံဟာ အစၥေရးၿပီးရင္ အေရွ႕ အလယ္ပိုင္းမွာ ဂ်ဴးလူမ်ိဳး ဒုတိယအမ်ားဆုံးတိုင္းျပည္ျဖစ္ၿပီး ခရစ္ယာန္ဘာသာမွာလည္း ႏိုင္ငံအတြင္း ရွည္လ်ား တဲ့ သမိုင္းေၾကာင္းရွိေနပါတယ္။
ဒါ့အျပင္ အေမရိကန္တို႔ရဲ႕လူေနမႈပုံစံဟာ အမွန္တကယ္ ကမာၻတစ္ဝွမ္း ေရပန္းစားေနၿပီး ေရာက္ရာတိုင္းျပည္ရဲ႕ ကိုယ္ပိုင္ယဥ္ေက်းမႈမွာ လိုက္ေလ်ာညီေထြျဖစ္ေစတဲ့ မီဒီယာ၊ အဝတ္အစား၊ အစားအစာ စသည္ျဖင့္ ပစၥည္း အသစ္ေတြ ႏိုင္ငံအမ်ားအျပားကို တင္ပို႔ေရာင္းခ်ေနပါတယ္။ ဒီအတြက္ သူတို႔အေပၚ ယဥ္ေက်းမႈထည့္သြင္းျခင္းကို ကန႔္ကြက္တဲ့ အေျခခံဝါဒီအနည္းစုတို႔မွာ မႏွစ္သက္သူ အုပ္စုအခ်ိဳ႕ရွိေနတာကို ထည့္ေျပာေနဖို႔ မလိုအပ္ပါဘူး။
အေမရိကန္ကို လူေတြမုန္းတီးရျခင္းအေၾကာင္းရင္းအမွန္ အေမရိကန္ေတြကို လူအမ်ားမုန္းတီးရျခင္းအတြက္ ပိုၿပီးျဖစ္ႏိုင္ေခ်ရွိတဲ့အေျဖတစ္ခုမွာ ဝါရွင္တန္ရဲ႕စစ္ေရးအရ ဝင္ေရာက္ေႏွာင့္ယွက္မႈသမိုင္းနဲ႔ အျခား တိုင္းျပည္ေတြ ရဲ႕ ႏိုင္ငံေရးစနစ္မ်ားမွာ ေမႊေႏွာက္စြက္ဖက္ျခင္းေၾကာင့္ ျဖစ္ပါတယ္။
ဒီလုပ္ရပ္အတြက္ ခုခံေရွ႕ေနလိုက္လိုသူအခ်ိဳ႕အတြက္ ရက္စက္ၾကမ္းၾကဳတ္မႈကို က်ဴးလြန္ၿပီးေနာက္ အေမရိကန္ ရဲ႕အကူအညီနဲ႔ ရာထူးမွ ဖယ္ရွားခံခဲ့ရတဲ့ ဆက္ဒမ္ဟူစိန္နဲ႔ ဗိုလ္မႉးႀကီး ကဒါဖီတို႔လို႔ အာဏာရွင္မ်ားကိုၫႊန္ျပၿပီး ဆင္ေျခေပးႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီကိစၥမ်ားမွာလည္း ႏိုင္ငံၿပိဳကြဲၿပီး ျပည္တြင္းစစ္မ်ား၊ အၾကမ္းဖက္ဝါဒ (ဥပမာ- ISIS တို႔ ေပၚေပါက္လာျခင္း)၊ ကြၽန္ေစ်းကြက္မ်ားနဲ႔ ေနာက္ဆက္တြဲခံစားရတဲ့ ဆင္းရဲဒုကၡေတြဟာ အေမရိကန္ ဒီလို မကူညီခဲ့ရင္ေတာင္ သူတို႔ျပည္သူေတြ အေျခအေနပိုမိုေကာင္းမြန္လာႏိုင္စရာရွိတယ္လို႔ တြက္ဆၾကည့္ႏိုင္ပါ တယ္။
မည္သို႔ပင္ဆိုေစကာမူ အေမရိကန္အစိုးရရဲ႕ႏိုင္ငံျခားဝင္ေရာက္စြက္ဖက္မႈ သမိုင္းဟာ ၂၁ ရာစုမတိုင္မီအထိ အေတာ္က်ယ္ျပန႔္ၿပီး အတင္မက်ဆိုတဲ့အတိုင္းအတာထက္ ေက်ာ္လြန္ေနပါတယ္။ တကယ္ေတာ့၊ ဝါရွင္တန္နဲ႔ သူ႔ရဲ႕ဗဟိုေထာက္လွမ္းေရးေအဂ်င္စီ (CIA) တို႔ဟာ ကမာၻတစ္ဝွမ္းရွိ လူသိရွင္ၾကားေထာက္ခံမႈရရွိထားတဲ့ ဒီမိုကေရစီႏိုင္ငံအမ်ားအျပားကို ၿပိဳလဲေစခဲ့ပါတယ္။
ဒုတိယကမာၻစစ္အၿပီး CIA ဟာ လုပ္ႀကံသတ္ျဖတ္ျခင္းနဲ႔ ညႇဥ္းပန္းႏွိပ္စက္မႈအေျမာက္အမ်ားကိုလုပ္ေဆာင္ခဲ့ၿပီး ႏွစ္ေပါင္း ၄ဝ ေက်ာ္အတြင္း ကမာၻတစ္ဝွမ္းရွိ ဒီမိုကေရစီႏိုင္ငံမ်ားမွာ (သူတို႔အလိုက် မ်က္ႏွာဖုံးစြပ္) အာဏာရွင္ စနစ္နဲ႔ အစားထိုးခဲ့ပါတယ္။ ယေန႔ေခတ္ ေရာက္တဲ့တိုင္ေအာင္လည္း “ဒီမိုကေရစီအတြက္ အမ်ိဳးသားပံ့ပိုးမႈ” ဆိုတဲ့ ကေမာက္ကမ အမည္နဲ႔ အလားတူ ဆက္လက္လုပ္ေဆာင္ေနပါတယ္။
၁၉၉၀ ျပည့္လြန္ႏွစ္မ်ားမတိုင္မီတုန္းကဆိုရင္ အဲ့ဒီတိုင္းျပည္အေပၚ ဆိုဗီယက္တို႔ရဲ႕ ၾသဇာလႊမ္းမိုးလို႔ျဖစ္ေၾကာင္း မၾကာခဏ အေၾကာင္းျပခ်က္ေပးေလ့ရွိပါတယ္။ ဒါေပမဲ့ ျဖစ္စဥ္အမ်ားအျပားတို႔မွာ အဲဒီရွင္းလင္းခ်က္ကို သက္ ေသျပရန္ အေထာက္အထား အနည္းငယ္ (သို႔မဟုတ္) လုံးဝ မရွိခဲ့ပါဘူး။ မည္သို႔ပင္ဆိုေစကာမူ အေမရိကန္တို႔ အေနနဲ႔ တျခားတိုင္းျပည္ေနထိုင္သူတို႔ရဲ႕ ဒီမိုကေရစီေ႐ြးခ်ယ္မႈမ်ားအေပၚျငင္းဆိုဖို႔ သူ႔မွာ အခြင့္အေရးပိုင္ဆိုင္ ထားသလို လုပ္ေဆာင္ေနတုန္းပါပဲ။
#အေမရိကန္ရဲ႕ႏိုင္ငံတကာရာဇဝတ္မႈမ်ား ဒုတိယကမာၻစစ္ကတည္းက အေမရိကန္အစိုးရဟာ ႏိုင္ငံေပါင္း ၂၄ ႏိုင္ငံ ကို ဗုံးႀကဲတိုက္ခိုက္ခဲ့သလို (ဥပမာ- ႏိုင္ငံေရးအာဏာသိမ္းမႈ) ျဖင့္ ဝင္ေရာက္စြက္ဖက္ျခင္း (သို႔မဟုတ္)ႏိုင္ငံေရးမွာ လူ႔အသက္မ်ား ေသေစႏိုင္ေလာက္တဲ့ ရလဒ္မ်ား ထြက္ေပၚလာေအာင္ ဝင္ေရာက္စြက္ဖက္ခဲ့ပါတယ္။
အာဖဂန္နစၥတန္၊ အန္ဂိုလာ၊ ၾသစေၾတးလ်၊ ဘိုလီဗီးယား၊ ဘရာဇီး၊ ကေမာၻဒီးယား၊ ခ်ီလီ၊ ကြန္ဂို၊ က်ဴးဘား၊ ဒိုမီ နီကန္သမၼတႏိုင္ငံ၊ အီေကြေဒါ၊ အယ္လ္ဆာေဗးဒို၊ ဂရိ၊ ဂြာတီမာလာ၊ ေဟတီ၊ ဟြန္ဒူးရပ္စ္၊ ဟန္ေဂရီ၊ အင္ဒိုနီးရွား၊ အီရန္၊ အီရတ္၊ အီတလီ၊ လာအို၊ နီကာရာဂြာ၊ ပနားမား၊ ဥ႐ုေဂြး၊ ဗီယက္နမ္ စသည္ျဖင့္ ႏိုင္ငံေတြဟာ အမ်ားသိၿပီး သတင္းအခ်က္အလက္မ်ားအရ (အဂၤလိပ္အကၡရာအတိုင္း) တန္းစီထားတဲ့ႏိုင္ငံမ်ားသာ ရွိပါေသးတယ္။ အဲဒီမွာ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြရဲ႕အက်ဥ္းခ်ဳပ္ကို (တစ္ႏိုင္ငံခ်င္းအလိုက္) ကို ေဖာ္ျပရမယ္ဆိုရင္ အမ်ားႀကီး က်န္ရွိ ေနပါေသးတယ္။
အီရန္အေျခအေနကိုနားလည္ျခင္း အဲဒီႏိုင္ငံသမိုင္းရဲ႕ လူမသိတဲ့အစိတ္အပိုင္းေတြ ရွိေနပါတယ္။ မွတ္သားစရာ က ၁၉၇၉ ခုႏွစ္ အီရန္ေတာ္လွန္ေရးဟာ အေမရိကန္အစိုးရက ၂၅ ႏွစ္ၾကာ က်ားကန္ တင္ေျမႇာက္ေပးထားတဲ့ (အသြင္ကြဲ မ်က္ႏွာဖုံးစြပ္) အာဏာရွင္ကို ဖယ္ရွားရာမွ ေပၚေပါက္လာျခင္းျဖစ္ပါတယ္။ အီရန္ဒီမိုကေရစီ က်ဆုံး သြားၿပီးေနာက္ CIA က စက္ပုန္းခုတ္ခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီလိုနဲ႔ ႏိုင္ငံ့ျပည္တြင္းေရးမွာ အေမရိကန္ေထာက္လွမ္း ေရးက ဝင္ေရာက္စြက္ဖက္ၿပီး အီရန္ေန ျပည္သူတို႔ဟာ ဖိႏွိပ္မႈ၊ ညႇဥ္းပန္းႏွိပ္စက္မႈ၊ အသက္ဆုံးရႈံးမႈေတြနဲ႔ ဒုကၡ ဆင္းရဲျဖစ္ရပါတယ္။
အေနာက္ႏိုင္ငံသားမ်ားအေနနဲ႔ အဲဒီသမိုင္းေၾကာင္းအျဖစ္အပ်က္ကိုသိရွိထားမယ္ဆိုရင္ အီရန္အေပၚ ဆန႔္က်င္ ေရးနဲ႔ မယုံမၾကည္မႈမ်ားမွာ အနည္းငယ္ ပိုမိုနားလည္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ဒီေန႔ လက္ရွိျဖစ္ေန တာက အီရန္ႏိုင္ငံသားမ်ားကို အသုံးမက်၊ သည္းမခံႏိုင္၊ ၿဖီးျဖန္းတတ္သူမ်ားအျဖစ္ အစဥ္မျပတ္ပုံေဖာ္ေနၾကပါ တယ္။ ဆက္ဆံေရးျပန္လည္ျပင္ဆင္ဖို႔ဆိုတာ အမ်ိဳးသားေရးေတာင္းပန္မႈအထိ လိုအပ္ဖြယ္ရွိခ်ိန္မွာ ခုလိုျဖစ္ေန တာဟာ ဘယ္သူမွ စိတ္ကူးထဲ မထည့္ႏိုင္ေအာင္ျဖစ္ေနပါတယ္။
ၿခဳံငုံၿပီးေျပာရရင္ အေမရိကန္ကို မႏွစ္သက္ရျခင္းမွာ အေၾကာင္းျပခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ အေမရိကန္ေတြ အေနနနဲ႔ သူတို႔ရဲ႕ေခါင္းေဆာင္မ်ားေၾကာင့္ ကမာၻႀကီးအေပၚ ထိခိုက္ေစခဲ့တဲ့အႏၲရာယ္မ်ားကို နားလည္ၿပီး ပိုမို ရည္မြန္သိမ္ေမြ႕တဲ့ဆက္ဆံေရးကို ေတာင္းဆိုထားျခင္း မရွိပါက၊ (ႏိုင္ငံတကာလူအမ်ားရဲ႕ အေမရိကန္အေပၚ) ႐ုန္႔ရင္းၾကမ္းတမ္းမႈ (သို႔မဟုတ္) အနည္းဆုံး အာဃာတနဲ႔ မုန္းတီးမႈမ်ား ဆက္လက္တည္ရွိေနႏိုင္ပါတယ္။
ဒါ့အျပင္ လူတစ္ဦးတစ္ေယာက္ရဲ႕ အတၱမာနကို ျမႇင့္တင္ေပးဖို႔အတြက္ မ်ိဳးခ်စ္စိတ္ မလိုအပ္ေၾကာင္း အေမရိကန္ ေတြ နားလည္ထားျခင္းမရွိပါက (သူတို႔အစိုးရေၾကာင့္) အလိုလိုေနရင္း မုန္းတီးခံရတာေတြ ဆက္လက္တည္ရွိေန ဦးမွာ ျဖစ္ပါတယ္။
သို႔ေပမယ့္ ႏိုင္ငံျခားသားမ်ားမွာလည္း အျပစ္မရွိပါဘူး။ အေမရိကန္အစိုးရရဲ႕လုပ္ရပ္ေတြဟာ ျပည္သူမ်ားရဲ႕ လုပ္ရပ္မဟုတ္ပါဘူး။ ကံမေကာင္းအေၾကာင္းမလွစြာျဖင့္ အေမရိကန္တို႔ရဲ႕ ႏိုင္ငံေရးနဲ႔ မီဒီယာမ်ား တည္ေထာင္မႈ ဟာ ႏိုင္ငံရဲ႕ သမိုင္းအေမွာင္ဘက္ျခမ္းကို ဖုံးကြယ္ထားတဲ့အတြက္ အဲဒီရာဇ၀တ္မႈမ်ားမွာ အေမရိကန္ေတြဟာ သိရွိ ခြင့္မရလိုက္ဘဲ ပူးေပါင္းပါဝင္ေနၾကပါတယ္။ လက္နက္ထုတ္လုပ္သူမ်ားနဲ႔ အဲဒီရင္းျမစ္အေပၚ ခံတြင္းေတြ႕ေနသူ (ႏိုင္ငံေရးသမား) တို႔ရဲ႕ အလြန္အျမတ္အစြန္းရႏိုင္တဲ့ ေသြးထြက္သံယိုစီးပြားေရးလုပ္ငန္းကို ၿဖိဳခြင္းဖို႔ဆိုတာ လူသိမ်ား ထင္ရွားသူေတြအေနနဲ႔ စိတ္ပါဝင္စားမႈ မရွိၾကဘူးလို႔ သိရပါတယ္။
နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အေမရိကန္အလံေတြ၊ သစၥာခံကတိကဝတ္ေတြနဲ႔ တရစပ္ထိုးႏွက္ တဲ့အခါ အဲဒီလို မ်ိဳးခ်စ္စိတ္သေဘာထားကိုေရွာင္ရွားဖို႔ဆိုတာကလည္း အေမရိကမွာ ႀကီးျပင္းလာတဲ့ ကေလး တစ္ေယာက္အတြက္ ခက္ခဲပါတယ္။ ဒီအေတြးအျမင္ သံသရာဟာ ရပ္တန႔္ဖို႔ခက္ခဲၿပီး ယေန႔ အသက္ရွင္ေနသူ မည္သူ႔ကိုမွ် အျပစ္တင္ဖို႔လည္း မလြယ္ကူလွပါဘူး။
#အေမရိကန္ကို_ဘာေၾကာင့္_ကမာၻတဝွမ္း_မုန္းတီးေနၾကတာလဲ
(Reuters., 23 October 2022,” Salman Rushdie lost sight in one eye following attack, agent says.” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)