ရုရှားသမ္မတပူတင်က ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ အမေရိကန်သတင်းထောက် တက်ကာကာလ်ဆန်ပြော

 246

Pika (NP News) - အောက်တိုဘာလ ၂၉

ရုရှားသမ္မတပူတင်ဟာ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ အမေရိကန် သတင်းထောက် တက်ကာကာလ်ဆန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အနောက်ဥရောပ၊ ကနေဒါနဲ့ အင်္ဂလိပ်ပြင်ပ ကမ္ဘာမှာ ပူတင်ကို မကြိုက်တဲ့လူတစ်ဦးနဲ့တွေ့ဆုံဖို့က မဖြစ်နိုင်သလောက်နီးပါးရှိတယ်လို့လည်း တက်ကာကာလ် ဆန် က ပြောကြားခဲ့ပါတယ်။
တက်ကာကာလ်ဆန်က “ပူတင်ဟာ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးခေါင်းဆောင်တစ်ဦးပဲဖြစ်ပါတယ်။ပူတင်ရဲ့ ရေပန်းစားမှု အဓိကအကြောင်းအရင်းကတော့ ၎င်းရဲ့ကိုယ်ပိုင်အကျိုးစီးပွားထက် နိုင်ငံအကျိုးစီးပွားကို နည်းလမ်းများစွာနဲ့ ဦးစားပေးခဲ့မှုတွေကြောင့်ပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပူတင်ဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ခေါင်းဆောင်တွေ လုပ်တာမျိုးမရှိတဲ့ နည်းလမ်းတွေနဲ့အတူ နိုင်ငံ အကျိုးစီးပွားကို ဦးစားပေးခဲ့တာကြောင့် ရေပန်းအစားဆုံးဖြစ်နေတာလို့လည်း တက်ကာကာလ်ဆန်က ပြောကြားခဲ့ပါတယ်။ (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီလမှာ လုပ်ဆောင်ခဲ့တဲ့အင်တာဗျူးအပြီး ပူတင်အပေါ် အမြင် ပြောင်းလဲသွားတာမျိုး ရှိ/မရှိ ဆိုတဲ့မေးခွန်းတွေကို တက်ကာကာလ်ဆန်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တယ်လို့ လည်း သိရပါတယ်။ တက်ကာကာလ်ဆန်က”ပူတင်ဟာ အနောက်အုပ်စုနိုင်ငံတွေကို အမှန်တကယ် သဘောကျတယ်ဆိုတာကို သိခဲ့ရတဲ့အတွက် အံ့အားသင့်ခဲ့ရပါတယ်။ အဲဒါကြောင့်မလို့ ပူတင်ရဲ့နေရာမှာ အစားထိုးမယ့်သူတွေထက် ပူတင်ကို ပိုပြီးသဘောကျပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားသမၼတပူတင္က ကမာၻေပၚမွာ ေရပန္းအစားဆုံးေခါင္းေဆာင္တစ္ဦးျဖစ္တယ္လို႔ အေမရိကန္သတင္းေထာက္ တက္ကာကာလ္ဆန္ေျပာ
Pika (NP News) - ေအာက္တိုဘာလ ၂၉
႐ုရွားသမၼတပူတင္ဟာ ကမာၻေပၚမွာ ေရပန္းအစားဆုံးေခါင္းေဆာင္တစ္ဦးျဖစ္တယ္လို႔ အေမရိကန္ သတင္းေထာက္ တက္ကာကာလ္ဆန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အေနာက္ဥေရာပ၊ ကေနဒါနဲ႔ အဂၤလိပ္ျပင္ပ ကမာၻမွာ ပူတင္ကို မႀကိဳက္တဲ့လူတစ္ဦးနဲ႔ေတြ႕ဆုံဖို႔က မျဖစ္ႏိုင္သေလာက္နီးပါးရွိတယ္လို႔လည္း တက္ကာကာလ္ ဆန္ က ေျပာၾကားခဲ့ပါတယ္။
တက္ကာကာလ္ဆန္က “ပူတင္ဟာ ကမာၻေပၚမွာ ေရပန္းအစားဆုံးေခါင္းေဆာင္တစ္ဦးပဲျဖစ္ပါတယ္။ပူတင္ရဲ႕ ေရပန္းစားမႈ အဓိကအေၾကာင္းအရင္းကေတာ့ ၎ရဲ႕ကိုယ္ပိုင္အက်ိဳးစီးပြားထက္ ႏိုင္ငံအက်ိဳးစီးပြားကို နည္းလမ္းမ်ားစြာနဲ႔ ဦးစားေပးခဲ့မႈေတြေၾကာင့္ပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ပူတင္ဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြ လုပ္တာမ်ိဳးမရွိတဲ့ နည္းလမ္းေတြနဲ႔အတူ ႏိုင္ငံ အက်ိဳးစီးပြားကို ဦးစားေပးခဲ့တာေၾကာင့္ ေရပန္းအစားဆုံးျဖစ္ေနတာလို႔လည္း တက္ကာကာလ္ဆန္က ေျပာၾကားခဲ့ပါတယ္။ (၂၀၂၄)ခုႏွစ္ ေဖေဖာ္ဝါရီလမွာ လုပ္ေဆာင္ခဲ့တဲ့အင္တာဗ်ဴးအၿပီး ပူတင္အေပၚ အျမင္ ေျပာင္းလဲသြားတာမ်ိဳး ရွိ/မရွိ ဆိုတဲ့ေမးခြန္းေတြကို တက္ကာကာလ္ဆန္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔ လည္း သိရပါတယ္။ တက္ကာကာလ္ဆန္က”ပူတင္ဟာ အေနာက္အုပ္စုႏိုင္ငံေတြကို အမွန္တကယ္ သေဘာက်တယ္ဆိုတာကို သိခဲ့ရတဲ့အတြက္ အံ့အားသင့္ခဲ့ရပါတယ္။ အဲဒါေၾကာင့္မလို႔ ပူတင္ရဲ႕ေနရာမွာ အစားထိုးမယ့္သူေတြထက္ ပူတင္ကို ပိုၿပီးသေဘာက်ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.