ရုရှား နဲ့ ဂျာမနီတို့ဟာ ရန်ဘက်နိုင်ငံများဖြစ်သွားခဲ့ပြီဖြစ်ကြောင်း ဂျာမနီသမ္မတ ကြေညာ

 1273

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၉

ဂျာမနီနိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ဟာ လက်ရှိအချိန်မှာ ပြိုင်ဘက်/ရန်ဘက်နိုင်ငံများဖြစ်သွားပြီဖြစ်ကြောင်း ဂျာမနီသမ္မတကထုတ်ဖော်ကြေညာလိုက်ပါတယ်။

ယူကရိန်းကို ရုရှားရဲ့ကျုးကျော်မှုများဟာ ရုရှားနဲ့ ဂျာမနီ နိုင်ငံကြားအပြန်အလှန် ဆက်ဆံရေးကို ပြန်လည်အကဲဖြတ် သုံးသပ်ဖို့ အကြောင်းတရားဖြစ်လာစေခဲ့ကြောင်း ဂျာမနီသမ္မတ Frank-Walter Steinmeier ကပြောပါတယ်။ ယူကရိန်းကို တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တဲ့ ရုရှားရဲ့လုပ်ရပ်တွေက အရေးပါတဲ့ အပြောင်းအလဲများဖြစ်လာစေခဲ့ကြောင်း ဂျာမနီသမ္မတကပြောပါတယ်။ ဂျာမနီသမ္မတက "ဂျာမနီ ပြည်သူတွေဟာ ရုရှားပြည်သူတွေနဲ့ ဆက်ဆံရတာကို နှစ်သက်ပျော်ရွှင်ကြတယ်။ ရုရှား ဂီတ၊ စာပေတွေကို ချစ်ခင်မြတ်နိုးကြတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ ဂျာမနီ နဲ့ ရုရှားဟာ တစ်ဦးနဲ့တစ်ဦး ဆန့်ကျင်ဘက်ပုံစံမျိုး ရပ်တည်နေတယ်"လို့ပြောပါတယ်။

ဒါ့ပြင် ဂျာမနီသမ္မတက ယူကရိန်းကို စစ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး ကဏ္ဍတွေနဲ့ပတ်သက်ပြီး လိုအပ်မှုများရှိနေတဲ့အချိန်ကာလအထိ ကူညီပံ့ပိုးပေးသွားမှာဖြစ် ကြောင်း ဆိုပါတယ်။ ဂျာမနီသမ္မတက ဂျာမနီနိုင်ငံအနေနဲ့လည်း ခက်ခဲကြမ်းတမ်းတဲ့နှစ်တွေကို ရင်ဆိုင်ရနိုင်ကြောင်းဆိုပါတယ်။

ဂျာမနီသမ္မတက"ဂျာမနီနိုင်ငံဟာ ယူကရိန်းနဲ့ရုရှားစစ်ပွဲကြောင့် သက်ရောက်မှုတွေရင်ဆိုင်နေရပြီး လေပွေအတိုက်ခံရသလိုမျိုးဖြစ်နေတယ်"လို့ပြောပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းက ဂျာမနီနိုင်ငံအတွက်လည်း ပြန်လည်သက်ရောက်မှုဒဏ်တွေ့ကြုံရကြောင်း၊ ဒါပေမယ့် ဂျာမနီနိုင်ငံအတွက်အခြားရွေးချယ်စရာမရှိကြောင်း ဂျာမနီ သမ္မတက ဆိုပါတယ်။

ဂျာမနီသမ္မတက"စွမ်းအင်ကို လက်နက်သဖွယ်အသုံးပြုနေခြင်းကြောင့် ဂျာမနီနိုင် ငံဟာ ရုန်းကန်နေရတယ်။ ဂျာမနီနိုင်ငံနဲ့ပြည်သူတွေဟာ လက်ရှိအချိန်မှာအခြားနိုင်ငံတွေနဲ့အတူရပ်တည်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်"လို့ပြောပါတယ်။

zawgyi version






Picture

Ko Moe

29/10/2022 15:16

စပြီလား ဆိုတာထက် ပိုနေပြီ။ရှီပူ အတွဲကို လန့်နေတာတော့ ကြာပါပြီ

Related news

© 2021. All rights reserved.