တောင်ကုတ်မြို့နယ်၌ မွေးဖွားခဲ့သော ဆင်ဖြူတော်လေးအား “ရဋ္ဌ နန္ဒက” ဟု နစက အမည်ပေးထား

 1425

မျိုးကြီး (NP News) - အောက်တိုဘာ ၃ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ မွေးဖွားခဲ့သော ဆင်ဖြူတော်လေးအား “ရဋ္ဌ နန္ဒက”ဟု နစကမှ အမည်ပေးထားကြောင်း သိရသည်။

အဆိုပါဆင်ဖြူတော်လေးအား အမည်ပေးကင်ပွန်းတပ်နှင့် အဆောင်တော်တက်မင်္ဂလာအခမ်းအနားကို ယနေ့ (အောက်တိုဘာလ ၃ဝ ရက်)တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်ရှိ ရတနာဆင်ဖြူတော်ဆောင်၌ ကျင်းပခဲ့သည်။

၎င်းအခမ်းအနားသို့ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် နစကအဖွဲ့ဝင်အများအပြားတက်ရောက်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့က ရတနာဆင်ဖြူတော်လေးအား “ရဋ္ဌ နန္ဒက” ဟု သုံးကြိမ်ခေါ်ဆိုကာ ဘွဲ့နာမံတော်ကို ဦးကင်းထက်တွင် ဆင်မြန်းအပ်နှင်းပေးခဲ့ကြောင်း နစကမှ ဆိုထားသည်။

အဆိုပါဆင်ဖြူတော်လေး၏ အမည်ဖြစ်သော “ရဋ္ဌ နန္ဒက”သည် ရဋ္ဌမှာ တိုင်းပြည်၊ နိုင်ငံ ဖြစ်ပြီး နန္ဒကမှာ ချစ်ခင်မြတ်နိုးသည် ဖြစ်ကာ မြန်မာအဓိပ္ပါယ်အပြည့်အစုံမှာ “တိုင်းပြည်က ချစ်ခင်မြတ်နိုးသည့် ဆင်ဖြူရတနာ” ဖြစ်ကြောင်း နစကမှ ဆိုထားသည်။

ရဋ္ဌ နန္ဒက ဆင်ဖြူတော်လေးသည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှက ယခုနှစ်(၂ဝ၂၂) ဇူလိုင်လ ၂၃ ရက်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

zawgyi version
ေတာင္ကုတ္ၿမိဳ႕နယ္၌ ေမြးဖြားခဲ့ေသာ ဆင္ျဖဴေတာ္ေလးအား “ရ႒ နႏၵက” ဟု နစက အမည္ေပးထား
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၃ဝ

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၌ ေမြးဖြားခဲ့ေသာ ဆင္ျဖဴေတာ္ေလးအား “ရ႒ နႏၵက”ဟု နစကမွ အမည္ေပးထားေၾကာင္း သိရသည္။

အဆိုပါဆင္ျဖဴေတာ္ေလးအား အမည္ေပးကင္ပြန္းတပ္ႏွင့္ အေဆာင္ေတာ္တက္မဂၤလာအခမ္းအနားကို ယေန႔ (ေအာက္တိုဘာလ ၃ဝ ရက္)တြင္ ေနျပည္ေတာ္ ဥပၸါတသႏၲိေစတီေတာ္ အေရွ႕ဘက္ရွိ ရတနာဆင္ျဖဴေတာ္ေဆာင္၌ က်င္းပခဲ့သည္။

၎အခမ္းအနားသို႔ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အပါအဝင္ နစကအဖြဲ႕ဝင္အမ်ားအျပားတက္ေရာက္ခဲ့ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးတို႔က ရတနာဆင္ျဖဴေတာ္ေလးအား “ရ႒ နႏၵက” ဟု သုံးႀကိမ္ေခၚဆိုကာ ဘြဲ႕နာမံေတာ္ကို ဦးကင္းထက္တြင္ ဆင္ျမန္းအပ္ႏွင္းေပးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

အဆိုပါဆင္ျဖဴေတာ္ေလး၏ အမည္ျဖစ္ေသာ “ရ႒ နႏၵက”သည္ ရ႒မွာ တိုင္းျပည္၊ ႏိုင္ငံ ျဖစ္ၿပီး နႏၵကမွာ ခ်စ္ခင္ျမတ္ႏိုးသည္ ျဖစ္ကာ ျမန္မာအဓိပၸါယ္အျပည့္အစုံမွာ “တိုင္းျပည္က ခ်စ္ခင္ျမတ္ႏိုးသည့္ ဆင္ျဖဴရတနာ” ျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။

ရ႒ နႏၵက ဆင္ျဖဴေတာ္ေလးသည္ ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ျမန္မာ့သစ္လုပ္ငန္းဆင္ဝိုင္းမွ ဆင္မဇာနန္းလွက ယခုႏွစ္(၂ဝ၂၂) ဇူလိုင္လ ၂၃ ရက္တြင္ ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ေနျပည္ေတာ္သို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.