မလေးရှားနိုင်ငံရှိ LGBT အဖွဲ့အစည်းများ ဦးဆောင်ကျင်းပသည့် Halloween ပါတီကို အာဏာပိုင်များ စီးနင်း

 1345

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃ဝ

မလေးရှားရဲတပ်ဖွဲ့သည် မလေးရှားနိုင်ငံရှိ LGBT အဖွဲ့အစည်းများဦးဆောင်ကျင်းပသည့် Halloween ပါတီကို စီးနင်းခဲ့ပြီး လူပေါင်း ၂ဝ ကျော်ကို ဖမ်ဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ နုမန်အာဖီဖီ ပါဝင်ခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းက ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် Halloween ပါတီတွင် ပါဝင်ခဲ့သူများကို ဖမ်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ LGBT အဖွဲ့အစည်းများဦးဆောင်ကျင်းပသည့် Halloween ပါတီကို လူပေါင်း ၁ဝဝဝ ခန့် ပါဝင်တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့၏စီးနင်းမှုကြောင့် ကခုန်မှုများရပ်တန့်ခဲ့ကြောင်း သိရသည်။ တက်ကြွလှုပ်ရှားသူ နုမန်အာဖီဖီ က မလေးရှားအာဏာပိုင်များသည် မလေးရှားနိုင်ငံတွင် အဖွဲ့နှစ်ဖွဲ့ကွဲအောင်လုပ်ဆောင်ခဲ့ပြီး မွတ်စလင်ဘာသာ နှင့် အခြားယုံကြည်သူများအဖွဲ့ကွဲအောင်လုပ်ဆောင်ခဲ့ကြောင်းဆိုသည်။

ရဲတပ်ဖွဲ့သည် LGBT အဖွဲ့အစည်းများ ဦးဆောင်ကျင်းပသည့် Halloween ပါတီကို စီးနင်းခဲ့ချိန်အတွင်း အစ္စလမ် ဘာသာရေးနှင့်ကိုက်ညီမှုမရှိဘဲ စကတ်အတို နှင့် အကျီလက်ပြတ်၊ ဝတ်ဆင်ထားသူအနည်းဆုံး ၂ဝ ခန့် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

တက်ကြွလှုပ်ရှားသူ နုမန်အာဖီဖီက "စကတ်အတို နှင့် အကျီလက်ပြတ်၊ ဝတ်ဆင်ထားသူများကိုလည်း ပြစ်မှုကျူး လွန်တဲ့ပုံစံမျိုးနဲ့ ဖမ်ဆီးခဲ့တယ်" ဟုဆိုသည်။ သို့သော်လည်း မလေးရှားရဲတပ်ဖွဲ့သည် ဖမ်းဆီးခဲ့သူ ၂ဝ ကျော်ကို နောက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့ပြီး လိုအပ်မှုများရှိမည်ဆိုလျှင် လာမည့်သီတင်းပတ်အတွင်း ထပ်မံစစ်ဆေးမေးမြန်းမည်ဟု ဆိုထားသည်။

မွတ်စလင်အများစုရှိနေသည့်နိုင်ငံများတွင် LGBT အဖွဲ့အစည်းများသည် ခွဲခြားဆက်ဆံခံရပြီး မွတ်စလင်နိုင်ငံများ တွင် နိုင်ငံသားများ၏အမှုကိစ္စများကို ရှာရှီယာ ဥပဒေအတိုင်း ဆုံးဖြတ်ခြင်းများရှိနေကြောင်းသိရသည်။
မလေးရှားနိုင်ငံတွင် နိုင်ငံလူဦးရေ၏ ၆ဝ ရာခိုင်နှုန်းကို မွတ်စလင်များ ရှာရှီယာဥပဒေအတိုင်း စီရင်ဆုံးဖြတ်မှုများရှိနေသည်။

Related news

© 2021. All rights reserved.