KTV တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးအား သတ်ဖြတ်ခဲ့သော KTV ပိုင်ရှင်နှင့် အပေါင်းအပါများကိုလက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကထုတ်ပြန်

 3918

NP News - နိုဝင်ဘာ ၁

ပဲခူးတိုင်းတွင် အမျိုးသမီးတစ်ဦးအားရက်စက်စွာ သတ်ဖြတ်ခဲ့သူများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ အောက်တိုဘာလ(၃၁)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ(၂၇) ရက်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ညောင်နီကုန်းကျေးရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ အဆိုပါအမျိုးသမီးသည် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ ကံကြီးလမ်းရှိ 152 KTV ဆိုင်မှ ဝန်ထမ်း မနွယ်နီ ဆိုသူဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရေးကို ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ(၂၉)ရက်တွင် မအူကုန်းရပ်ကွက်၊ သုဝဏ္ဏလမ်းတွင် နေထိုင်သူ 152 KTV ဆိုင်နှင့် ရွှေလက်ရာစားသောက်ဆိုင်ပိုင်ရှင် ကိုမြတ်မင်းပိုင်အား Sig Sauer ပစ္စတို(၁)လက်၊ ခြောက်လုံးပြူးလေသေနတ်(၁) လက်၊ ကျည်မျိုးစုံ (၂၂၁)တောင့်၊ စကားပြောစက် (၁၆)လုံး၊ လက်ကိုင်ဖုန်း(၇)လုံး၊ မော်တော်ယာဉ် (၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှဆိုသည်။

ထို့ပြင် ၎င်းပိုင်ဆိုင်သည့် မင်းရပ်ရပ်ကွက်၊ အမှတ်(၃)လမ်းရှိ ရွှေလက်ရာစား သောက်ဆိုင်မှ လက်ပစ်ဗုံး(၈)လုံး၊ မှန်ပြောင်း(၁)ခု၊ စကားပြော စက် (၆)လုံးနှင့် လက်ထိပ်(၁)ခုတို့အား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း နစကမှထုတ်ပြန်ထား သည်။

ဖမ်းဆီးရမိခဲ့သည့် ကိုမြတ်မင်းပိုင်၏ ဖော်ထုတ်ချက်အရ ၎င်းနှင့်အတူ ပြစ်မှုကျူး လွန်ခဲ့သည့် ကိုသက်ထွန်းအောင်၊ ကိုသူရဦး၊ ကိုနေလင်းအောင်နှင့် ကိုစန်းမင်းအောင်တို့အား အောက်တိုဘာလ (၃ဝ)ရက် ညနေပိုင်းတွင် ကံကြီးလမ်းရှိ 152 KTV တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သူ အမျိုးသား(၅) ဦးကို Sig Sauer ပစ္စတို (၁)လက်၊ ခြောက်လုံး ပြူးလေသေနတ် (၁)လက်၊ ကျည်မျိုးစုံ (၂၂၁)‌ တောင့်၊ လက်ပစ်ဗုံး (၈)လုံး၊ မှန်ပြောင်း(၁)ခု၊ စကားပြောစက် (၂၂)လုံး၊ လက်ထိပ်(၁)ခု၊ လက်ကိုင်ဖုန်း(၇)လုံး၊ မော်တော်ယာဉ်(၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သိရသည်။

ထို့ပြင် ကိုမြတ်မင်းပိုင်သည် ၎င်းပိုင်ဆိုင်သည့် 152 KTV ဆိုင်တွင် နေ့စဉ်အရက် သေစာသောက်စားပြီး မူးလာပါက ဆိုင်ရှိအမျိုးသမီးဝန်ထမ်းများအား နည်းမျိုးစုံဖြင့် နှိပ်စက်လေ့ရှိကြောင်း ၎င်းတို့၏ ထွက်ဆိုချက်အရ သိရသည်။

အောက်တိုဘာလ(၂၆)ရက်၊ ညပိုင်းတွင် ကိုမြတ်မင်းပိုင်သည် 152 KTV ဆိုင်ရှိ သီးသန့်အခန်းတွင် အရက်သေစာများသောက်စားကာ ဆိုင်ဝန်ထမ်း မနွယ်နီ၏ ဦးခေါင်းပေါ်၌ ရေသန့်ဗူးတင်၍ ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ရာ နားထင်အား ကျည်ထိမှန်ခဲ့၍ မနွယ်နီသည် သွေးအိုင်ထဲလဲကျ၍ သတိလစ်မေ့မျောနေခဲ့‌ကြောင်း နစကမှ ဆိုသည်။

ထို့နောက် မနွယ်နီအား သေဆုံးပြီဟုယူဆ၍ အလောင်းအား ဖျောက်ဖျန်ရန် ဆိုင်ဝန်ထမ်းများဖြစ်ကြသော ကိုသက်ထွန်းအောင်၊ ကိုသူရဦး၊ ကိုနေလင်းအောင်တို့နှင့်အတူ ၎င်းပိုင်ဆိုင်သည့် လင်ခရူဇာ(အဖြူရောင်)၊ ယာဉ်အမှတ်၊ YGN 7G/ 8887 ပေါ်သို့တင်ဆောင်၍ စစ်ကွင်းမြို့၊ ညောင်နီကုန်း ကျေးရွာဘက်သို့ ထွက်ခွာခဲ့ပြီး ဆိုင်အတွင်း ကျန်ရှိနေသည့် ကိုစန်းမင်းအောင်သည် သဲလွန်စများ မကျန်စေရန် ဖျောက် ဖျက်လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

၎င်းတို့သည် အလောင်းဖျောက်ရန် လုပ်ဆောင်နေစဉ် မနွယ်နီမှာ ပြန်လည်သတိရလာသဖြင့် ကိုသက်ထွန်းအောင်မှ အသင့်ပါလာသော ပစ္စတိုဖြင့် ဦးခေါင်းအား ထပ် မံပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အလောင်းအား ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင်အမှတ်၊ ၉၄/၆နှင့် ၉၄/၇ အကြားရှိ ချုံပုတ်အတွင်း ဝှက်ထားခဲ့ကြကြောင်း နစကမှ ဖော် ထုတ်သိရှိရသည်။

သို့ဖြစ်၍ အပြစ်မဲ့ပြည်သူအား အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း နစကမှထုတ်ပြန်ထားသည်။

zawgyi version
KTV တြင္ အလုပ္လုပ္ကိုင္ေနသည့္ အမ်ိဳးသမီးအား သတ္ျဖတ္ခဲ့ေသာ KTV ပိုင္ရွင္ႏွင့္ အေပါင္းအပါမ်ားကိုလက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကထုတ္ျပန္
NP News - ႏိုဝင္ဘာ ၁

ပဲခူးတိုင္းတြင္ အမ်ိဳးသမီးတစ္ဦးအားရက္စက္စြာ သတ္ျဖတ္ခဲ့သူမ်ားကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ေအာက္တိုဘာလ(၃၁)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၂၇) ရက္တြင္ ပဲခူးတိုင္း၊ မင္းလွၿမိဳ႕နယ္၊ စစ္ကြင္းၿမိဳ႕၊ ေညာင္နီကုန္းေက်း႐ြာအနီးတြင္ ေသနတ္ဒဏ္ရာမ်ားျဖင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးခဲ့ရာ အဆိုပါအမ်ိဳးသမီးသည္ လက္ပံတန္းၿမိဳ႕၊ မအူကုန္းရပ္ကြက္၊ ကံႀကီးလမ္းရွိ 152 KTV ဆိုင္မွ ဝန္ထမ္း မႏြယ္နီ ဆိုသူျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ျပစ္မႈက်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးေရးကို ေဆာင္႐ြက္ခဲ့ရာ ေအာက္တိုဘာလ(၂၉)ရက္တြင္ မအူကုန္းရပ္ကြက္၊ သုဝဏၰလမ္းတြင္ ေနထိုင္သူ 152 KTV ဆိုင္ႏွင့္ ေ႐ႊလက္ရာစားေသာက္ဆိုင္ပိုင္ရွင္ ကိုျမတ္မင္းပိုင္အား Sig Sauer ပစၥတို(၁)လက္၊ ေျခာက္လုံးျပဴးေလေသနတ္(၁) လက္၊ က်ည္မ်ိဳးစုံ (၂၂၁)ေတာင့္၊ စကားေျပာစက္ (၁၆)လုံး၊ လက္ကိုင္ဖုန္း(၇)လုံး၊ ေမာ္ေတာ္ယာဥ္ (၁)စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွဆိုသည္။

ထို႔ျပင္ ၎ပိုင္ဆိုင္သည့္ မင္းရပ္ရပ္ကြက္၊ အမွတ္(၃)လမ္းရွိ ေ႐ႊလက္ရာစား ေသာက္ဆိုင္မွ လက္ပစ္ဗုံး(၈)လုံး၊ မွန္ေျပာင္း(၁)ခု၊ စကားေျပာ စက္ (၆)လုံးႏွင့္ လက္ထိပ္(၁)ခုတို႔အား ထပ္မံသိမ္းဆည္း ရမိခဲ့ေၾကာင္း နစကမွထုတ္ျပန္ထား သည္။

ဖမ္းဆီးရမိခဲ့သည့္ ကိုျမတ္မင္းပိုင္၏ ေဖာ္ထုတ္ခ်က္အရ ၎ႏွင့္အတူ ျပစ္မႈက်ဴး လြန္ခဲ့သည့္ ကိုသက္ထြန္းေအာင္၊ ကိုသူရဦး၊ ကိုေနလင္းေအာင္ႏွင့္ ကိုစန္းမင္းေအာင္တို႔အား ေအာက္တိုဘာလ (၃ဝ)ရက္ ညေနပိုင္းတြင္ ကံႀကီးလမ္းရွိ 152 KTV တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ျဖစ္စဥ္တြင္ ျပစ္မႈက်ဴးလြန္ခဲ့သူ အမ်ိဳးသား(၅) ဦးကို Sig Sauer ပစၥတို (၁)လက္၊ ေျခာက္လုံး ျပဴးေလေသနတ္ (၁)လက္၊ က်ည္မ်ိဳးစုံ (၂၂၁)‌ ေတာင့္၊ လက္ပစ္ဗုံး (၈)လုံး၊ မွန္ေျပာင္း(၁)ခု၊ စကားေျပာစက္ (၂၂)လုံး၊ လက္ထိပ္(၁)ခု၊ လက္ကိုင္ဖုန္း(၇)လုံး၊ ေမာ္ေတာ္ယာဥ္(၁)စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ သိရသည္။

ထို႔ျပင္ ကိုျမတ္မင္းပိုင္သည္ ၎ပိုင္ဆိုင္သည့္ 152 KTV ဆိုင္တြင္ ေန႔စဥ္အရက္ ေသစာေသာက္စားၿပီး မူးလာပါက ဆိုင္ရွိအမ်ိဳးသမီးဝန္ထမ္းမ်ားအား နည္းမ်ိဳးစုံျဖင့္ ႏွိပ္စက္ေလ့ရွိေၾကာင္း ၎တို႔၏ ထြက္ဆိုခ်က္အရ သိရသည္။

ေအာက္တိုဘာလ(၂၆)ရက္၊ ညပိုင္းတြင္ ကိုျမတ္မင္းပိုင္သည္ 152 KTV ဆိုင္ရွိ သီးသန႔္အခန္းတြင္ အရက္ေသစာမ်ားေသာက္စားကာ ဆိုင္ဝန္ထမ္း မႏြယ္နီ၏ ဦးေခါင္းေပၚ၌ ေရသန႔္ဗူးတင္၍ ပစၥတိုျဖင့္ ပစ္ခတ္ခဲ့ရာ နားထင္အား က်ည္ထိမွန္ခဲ့၍ မႏြယ္နီသည္ ေသြးအိုင္ထဲလဲက်၍ သတိလစ္ေမ့ေမ်ာေနခဲ့‌ေၾကာင္း နစကမွ ဆိုသည္။

ထို႔ေနာက္ မႏြယ္နီအား ေသဆုံးၿပီဟုယူဆ၍ အေလာင္းအား ေဖ်ာက္ဖ်န္ရန္ ဆိုင္ဝန္ထမ္းမ်ားျဖစ္ၾကေသာ ကိုသက္ထြန္းေအာင္၊ ကိုသူရဦး၊ ကိုေနလင္းေအာင္တို႔ႏွင့္အတူ ၎ပိုင္ဆိုင္သည့္ လင္ခ႐ူဇာ(အျဖဴေရာင္)၊ ယာဥ္အမွတ္၊ YGN 7G/ 8887 ေပၚသို႔တင္ေဆာင္၍ စစ္ကြင္းၿမိဳ႕၊ ေညာင္နီကုန္း ေက်း႐ြာဘက္သို႔ ထြက္ခြာခဲ့ၿပီး ဆိုင္အတြင္း က်န္ရွိေနသည့္ ကိုစန္းမင္းေအာင္သည္ သဲလြန္စမ်ား မက်န္ေစရန္ ေဖ်ာက္ ဖ်က္လုပ္ေဆာင္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိခဲ့ရသည္။

၎တို႔သည္ အေလာင္းေဖ်ာက္ရန္ လုပ္ေဆာင္ေနစဥ္ မႏြယ္နီမွာ ျပန္လည္သတိရလာသျဖင့္ ကိုသက္ထြန္းေအာင္မွ အသင့္ပါလာေသာ ပစၥတိုျဖင့္ ဦးေခါင္းအား ထပ္ မံပစ္ခတ္သတ္ျဖတ္ခဲ့ၿပီး အေလာင္းအား ရန္ကုန္-ျပည္ ကားလမ္း မိုင္တိုင္အမွတ္၊ ၉၄/၆ႏွင့္ ၉၄/၇ အၾကားရွိ ခ်ဳံပုတ္အတြင္း ဝွက္ထားခဲ့ၾကေၾကာင္း နစကမွ ေဖာ္ ထုတ္သိရွိရသည္။

သို႔ျဖစ္၍ အျပစ္မဲ့ျပည္သူအား အေၾကာင္းမဲ့ရက္စက္စြာ သတ္ျဖတ္ခဲ့သူမ်ားအား ဥပေဒအရ ထိေရာက္စြာ အေရးယူႏိုင္ရန္ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

Picture

Min Zay Ya

02/11/2022 10:23

လူယုတ္မာေတြခံၾကေပါ့ကြာ

Picture

Kyaw Kyaw

02/11/2022 12:34

သေဒဏ် နှင့် အသင့်တော်ဆုံးပါ ။

Picture

Bo Tho

01/11/2022 18:01

ရေသန့်ဘူး ခေါင်းပေါ်တင်ပစ်ရအောင် ဘယ်လောက်များရူး‌နှမ်းနေလဲ အဲ့လိုကောင်တွေများမိ လိုက်ရင် ကြောက်သေးပါတာ သူများနဲ့မတူဘူး

Picture

Minn Thura

01/11/2022 17:09

pdf တွေနဲ့ဆက်စပ်ပတ်သက်နိုင်တယ်... ဆက်စပ်မှု စစ်ကြောရေးလုပ်သင့်တယ်...

Picture

Htun Aung Kyaw

02/11/2022 08:20

James bond ကားတွေအကြည့်များပီး သုတ်ကြောင်ကြောင်သွားတာဖြစ်မယ် ကွကိုယ်မကြောင်ပဲ သူများသားသမီးကိုသတ်မိသွားပီ ခုတော့

Related news

© 2021. All rights reserved.