Global Peace Index (GPI) မှာ မြန်မာနိုင်ငံက အဆင့် ၁၃၉ မှာ ရပ်တည်နေ

 829

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃

နှစ်စဉ်ထုတ်ပြန်လျက်ရှိနေတဲ့ The Institute for Economics and Peace (IEP) ရဲ့ ကမ္ဘာငြိမ်းချမ်းမှုအရှိဆုံးနိုင်ငံများ အညွှန်းကိန်းအဆင့်သတ်မှတ်ချက်မှာ Global Peace Index (GPI) မှာ မြန်မာနိုင်ငံကအဆင့် ၁၃၉ မှာ ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါအဖွဲ့ဟာ ကမ္ဘာ့လူဦးရေရဲ့ ၉၉ ဒသမ ၇ ရာခိုင်နှုန်းရှိတဲ့ နိုင်ငံပေါင်း ၁၆၃ နိုင်ငံကို စောင့်ကြည့်လေ့လာခဲ့ပြီးနောက် အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအဖွဲ့ဟာ နိုင်ငံများအတွင်း ဘေးကင်းလုံခြုံမှု၊ ပြည်တွင်းနဲ့နိုင်ငံတကာ ပဋိပက္ခအခြေအနေအပြင် စစ်ရေးအခြေအနေများကို စောင့်ကြည့်လေ့လာ အမှတ်ပေးပြီး၊ အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ၂ဝ၂၂ ခုနှစ်အတွက် ထုတ်ပြန်တဲ့ Global Peace Index (GPI) မှာ ရမှတ် ၂ ဒသမ ၆၃၁ နဲ့ အဆင့် ၁၃၉ မှာ ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။ Global Peace Index (GPI) အညွှန်းကိန်းရဲ့ထိပ်ဆုံး ၅ နေရာအတွင်းမှာ အိုက်စလန်၊ နယူးဇီလန်၊ အိုင်ယာလန်၊ ဒိန်းမတ် နဲ့ သြစတြေးလျနိုင်ငံတို့ ရပ်တည်လျက်ရှိနေပါတယ်။

အာဆီယံဒေသအတွင်းရှိ နိုင်ငံ ၁ဝ နိုင်ငံအနက် မလေးရှားနိုင်ငံက Global Peace Index (GPI) မှာအဆင့် ၁၉ နေရာမှာရှိနေခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံက အဆင့် ၈၉၊ အိန္ဒိယက အဆင့် ၁၃၅၊ ထိုင်းက အဆင့် ၁ဝ၃၊ လာအိုက အဆင့် ၅၁၊ ဘင်္ဂလားဒေ့ရှ့်နိုင်ငံကအဆင့် ၉၆ နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။

ပြည်တွင်းမှာ မကြာခဏသေနတ်ပစ်ခတ်မှုများဖြစ်လျက်ရှိနေတဲ့ အမေရိကန်က Global Peace Index (GPI) အညွှန်းကိန်းအဆင့်သတ်မှတ်ချက်မှာ ၁၂၉ မှာ ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဥရောပမှာ စစ်ရေးပဋိပက္ခဖြစ်ပွားလျက်ရှိနေတဲ့ ယူကရိန်းကအဆင့် ၁၅၃၊ ရုရှားအဆင့် ၁၆ဝ မှာ ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဆီးရီးယား၊ ယီမင်၊ အာဖန်ဂန်နစ္စတန်နိုင်ငံတို့ဟာ ကမ္ဘာငြိမ်းချမ်းမှုအရှိဆုံးနိုင်ငံများ အညွှန်းကိန်းအဆင့်သတ်မှတ်ချက်ရဲ့အောက်ဆုံးနေရာမှာ ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
Global Peace Index (GPI) မွာ ျမန္မာႏိုင္ငံက အဆင့္ ၁၃၉ မွာ ရပ္တည္ေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃

ႏွစ္စဥ္ထုတ္ျပန္လ်က္ရွိေနတဲ့ The Institute for Economics and Peace (IEP) ရဲ႕ ကမာၻၿငိမ္းခ်မ္းမႈအရွိဆုံးႏိုင္ငံမ်ား အၫႊန္းကိန္းအဆင့္သတ္မွတ္ခ်က္မွာ Global Peace Index (GPI) မွာ ျမန္မာႏိုင္ငံကအဆင့္ ၁၃၉ မွာ ရပ္တည္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

အဆိုပါအဖြဲ႕ဟာ ကမာၻ႔လူဦးေရရဲ႕ ၉၉ ဒသမ ၇ ရာခိုင္ႏႈန္းရွိတဲ့ ႏိုင္ငံေပါင္း ၁၆၃ ႏိုင္ငံကို ေစာင့္ၾကည့္ေလ့လာခဲ့ၿပီးေနာက္ အဆင့္သတ္မွတ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါအဖြဲ႕ဟာ ႏိုင္ငံမ်ားအတြင္း ေဘးကင္းလုံၿခဳံမႈ၊ ျပည္တြင္းနဲ႔ႏိုင္ငံတကာ ပဋိပကၡအေျခအေနအျပင္ စစ္ေရးအေျခအေနမ်ားကို ေစာင့္ၾကည့္ေလ့လာ အမွတ္ေပးၿပီး၊ အဆင့္သတ္မွတ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံဟာ ၂ဝ၂၂ ခုႏွစ္အတြက္ ထုတ္ျပန္တဲ့ Global Peace Index (GPI) မွာ ရမွတ္ ၂ ဒသမ ၆၃၁ နဲ႔ အဆင့္ ၁၃၉ မွာ ရပ္တည္လ်က္ရွိေနတယ္လို႔ သိရပါတယ္။ Global Peace Index (GPI) အၫႊန္းကိန္းရဲ႕ထိပ္ဆုံး ၅ ေနရာအတြင္းမွာ အိုက္စလန္၊ နယူးဇီလန္၊ အိုင္ယာလန္၊ ဒိန္းမတ္ နဲ႔ ၾသစေၾတးလ်ႏိုင္ငံတို႔ ရပ္တည္လ်က္ရွိေနပါတယ္။

အာဆီယံေဒသအတြင္းရွိ ႏိုင္ငံ ၁ဝ ႏိုင္ငံအနက္ မေလးရွားႏိုင္ငံက Global Peace Index (GPI) မွာအဆင့္ ၁၉ ေနရာမွာရွိေနခဲ့တယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္ႏိုင္ငံက အဆင့္ ၈၉၊ အိႏၵိယက အဆင့္ ၁၃၅၊ ထိုင္းက အဆင့္ ၁ဝ၃၊ လာအိုက အဆင့္ ၅၁၊ ဘဂၤလားေဒ့ရွ႕္ႏိုင္ငံကအဆင့္ ၉၆ ေနရာမွာ ရပ္တည္လ်က္ရွိေနပါတယ္။

ျပည္တြင္းမွာ မၾကာခဏေသနတ္ပစ္ခတ္မႈမ်ားျဖစ္လ်က္ရွိေနတဲ့ အေမရိကန္က Global Peace Index (GPI) အၫႊန္းကိန္းအဆင့္သတ္မွတ္ခ်က္မွာ ၁၂၉ မွာ ရပ္တည္လ်က္ရွိေနတယ္လို႔ သိရပါတယ္။ ဥေရာပမွာ စစ္ေရးပဋိပကၡျဖစ္ပြားလ်က္ရွိေနတဲ့ ယူကရိန္းကအဆင့္ ၁၅၃၊ ႐ုရွားအဆင့္ ၁၆ဝ မွာ ရပ္တည္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

ဆီးရီးယား၊ ယီမင္၊ အာဖန္ဂန္နစၥတန္ႏိုင္ငံတို႔ဟာ ကမာၻၿငိမ္းခ်မ္းမႈအရွိဆုံးႏိုင္ငံမ်ား အၫႊန္းကိန္းအဆင့္သတ္မွတ္ခ်က္ရဲ႕ေအာက္ဆုံးေနရာမွာ ရပ္တည္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.