အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံမှ ထောက်ခံပံ့ပိုးပေးသဖြင့်ကျေးဇူးတင်ကြောင်း နစကဥက္ကဋ္ဌဆို

259

(NP News)-ဇွန် ၈
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံမှ ထောက်ခံ ပံ့ပိုးပေးသဖြင့် ကျေးဇူးတင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဇွန်လ ၈ရက်)တွင်ကျ ရောက် သော မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၇၅) နှစ်မြောက်နေ့၌ တရုသမ္မတရှီကျင့်ဖျင်ထံသို့ ပေးပိုသည့် သဝဏ်လွှာတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှု(၇၅)နှစ်ပြည့်မြောက်သည့် အခါသမယတွင် မြန်မာပြည်သူများ ကိုယ်စားသော်လည်းကောင်း၊ မိမိအနေဖြင့်သော်လည်းကောင်း ဝမ်းမြောက်ဂုဏ်ယူစွာ နှုတ်ခွန်း ဆက်သလျက် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း နစကဥက္ကဋ္ဌကဆိုသည်။
လွန်ခဲ့သည့်(၇၅)နှစ်တာကာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးခင်မင်မှုတို့ဖြင့် ထူးခြားသည့် သွင်ပြင်လက္ခဏာရှိခဲ့ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
ထိုသို့ ချစ်ကြည်ရင်းနှီးမှုများမှာ နှစ်ဖက်အစိုးရများ အဆက်ဆက်၏ပြုစုပျိုးထောင်မှုဖြင့် တစ်ဆထက်တစ်ဆ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆင့်ထိ တိုးမြှင့်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အဆွေတော်၏ခရီးစဉ်က မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးစာမျက်နှာသစ်ကို ဖွင့်လှစ် နိုင်ခဲ့ပြီး ခရီးစဉ်အတွင်းသာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတို့အပေါ်အခြေခံသော အေးအတူပူအမျှ တူညီသော အနာဂတ်ကို မျှဝေပိုင်ဆိုင်သည့် မြန်မာ-တရုတ်အသိုက်အဝန်းကို ထူထောင်ရန်သဘောတူညီခဲ့ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုတိုးတက်များပြားလျက်ရှိပြီး အထူးသဖြင့်ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း အောက်ရှိ တရုတ် - မြန်မာစီးပွားရေးစင်္ကြံမဟာဗျူဟာမြောက်စီမံကိန်းများကို နှစ်နိုင်ငံနှင့်ပြည်သူများအကျိုးအတွက် အကောင်အထည် ဖော်လျက်ရှိမှုက များစွာကျေနပ်အားရဖွယ်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
မကြာသေးမီက မိမိတို့မော်စကိုမြို့၌တွေ့ဆုံစဉ် အထူးသဖြင့် နိုင်ငံတကာနှင့်ဒေသတွင်း မျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍများတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေးအတွက် တူညီသည့်ဘုံသန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုနိုင်ခဲ့မှုကို ဝမ်းမြောက်စွာအမှတ်ရမိပါကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
မိမိအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကူမင်းမြို့၌ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ ခြင်းက စွမ်းအင်၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူ့ကျန်းမာရေးအစရှိသည့် အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုများကို မြှင့်တင်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ခဲ့ပါသည်။ ထိပ်သီးအစည်းအဝေးကာလအတွင်း ဒေသနှင့် ကမ္ဘာ တစ်ဝှမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကိုခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုများကို အတူတကွ ပူးပေါင်းတိုက်ဖျက်မှုများကို အရှိန်အဟုန်မြှင့်တင်ရေးအတွက် ကတိကဝတ်ပြုခဲ့ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
အခွင့်အခါကြုံခိုက် မကြာသေးမီက မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုအပြီး လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများကို အချိန်နှင့်တစ်ပြေးညီပေးအပ်ခဲ့ခြင်းအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရနှင့်ပြည်သူများကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ ယင်းသို့ကူညီရိုင်းပင်းမှုများက ဘေးဒုက္ခကြုံတွေ့ရချိန်တွင် မိမိတို့နှစ်နိုင်ငံအကြားရှိ ထူးကဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စာနာ နားလည် မှုတို့ကို ပြသလျက်ရှိခြင်းပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ယခုကဲ့သို့ မင်္ဂလာရှိသည့်အခါသမယတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိစေရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာထောက်ခံ ပံ့ပိုးပေးသည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူ ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းနှင့် အဆွေတော်ကျန်းမာသုခပြည့်စုံ၍ တရုတ်နိုင်ငံမှ ပြည်သူများ အနေဖြင့် ဆက်လက်၍ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေ ကြောင်းလည်းလည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Zawgyi Version:
အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ႀကိဳးပမ္းအားထုတ္မႈမ်ားကို တ႐ုတ္ႏိုင္ငံမွ ေထာက္ခံပံ့ပိုးေပးသျဖင့္ေက်းဇူးတင္ေၾကာင္း နစကဥကၠ႒ဆို
(NP News)-ဇြန္ ၈
အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ႀကိဳးပမ္းအားထုတ္မႈမ်ားကို တ႐ုတ္ႏိုင္ငံမွ ေထာက္ခံ ပံ့ပိုးေပးသျဖင့္ ေက်းဇူးတင္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔(ဇြန္လ ၈ရက္)တြင္က် ေရာက္ ေသာ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရး(၇၅) ႏွစ္ေျမာက္ေန႔၌ တ႐ုသမၼတရွီက်င့္ဖ်င္ထံသို႔ ေပးပိုသည့္ သဝဏ္လႊာတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတို႔အၾကား သံတမန္ဆက္ဆံေရး ထူေထာင္မႈ(၇၅)ႏွစ္ျပည့္ေျမာက္သည့္ အခါသမယတြင္ ျမန္မာျပည္သူမ်ား ကိုယ္စားေသာ္လည္းေကာင္း၊ မိမိအေနျဖင့္ေသာ္လည္းေကာင္း ဝမ္းေျမာက္ဂုဏ္ယူစြာ ႏႈတ္ခြန္း ဆက္သလ်က္ ဆုမြန္ေကာင္းေတာင္းအပ္ပါေၾကာင္း နစကဥကၠ႒ကဆိုသည္။
လြန္ခဲ့သည့္(၇၅)ႏွစ္တာကာလအတြင္း ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးမွာ ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ႏွစ္ႏိုင္ငံျပည္သူမ်ားအၾကား ရင္းႏွီးခင္မင္မႈတို႔ျဖင့္ ထူးျခားသည့္ သြင္ျပင္လကၡဏာရွိခဲ့ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
ထိုသို႔ ခ်စ္ၾကည္ရင္းႏွီးမႈမ်ားမွာ ႏွစ္ဖက္အစိုးရမ်ား အဆက္ဆက္၏ျပဳစုပ်ိဳးေထာင္မႈျဖင့္ တစ္ဆထက္တစ္ဆ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာခဲ့ၿပီး ၂၀၁၁ ခုႏွစ္တြင္ ဘက္စုံမဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈ မိတ္ဖက္ဆက္ဆံေရးအဆင့္ထိ တိုးျမႇင့္ႏိုင္ခဲ့ေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာဆိုခဲ့သည္။
၂၀၂၀ ျပည့္ႏွစ္အတြင္း ျမန္မာႏိုင္ငံသို႔လာေရာက္ခဲ့သည့္ အေဆြေတာ္၏ခရီးစဥ္က မိမိတို႔ႏွစ္ႏိုင္ငံ ဆက္ဆံေရးစာမ်က္ႏွာသစ္ကို ဖြင့္လွစ္ ႏိုင္ခဲ့ၿပီး ခရီးစဥ္အတြင္းသာတူညီမွ်မႈ၊ အျပန္အလွန္ေလးစားမႈႏွင့္ ယုံၾကည္မႈတို႔အေပၚအေျခခံေသာ ေအးအတူပူအမွ် တူညီေသာ အနာဂတ္ကို မွ်ေဝပိုင္ဆိုင္သည့္ ျမန္မာ-တ႐ုတ္အသိုက္အဝန္းကို ထူေထာင္ရန္သေဘာတူညီခဲ့ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ႏွစ္ႏိုင္ငံအၾကား က႑စုံပူးေပါင္းေဆာင္႐ြက္မႈမ်ားမွာ ပိုမိုတိုးတက္မ်ားျပားလ်က္ရွိၿပီး အထူးသျဖင့္ရပ္ဝန္းႏွင့္ ပိုးလမ္းမ စီမံကိန္း ေအာက္ရွိ တ႐ုတ္ - ျမန္မာစီးပြားေရးစႀကႍမဟာဗ်ဴဟာေျမာက္စီမံကိန္းမ်ားကို ႏွစ္ႏိုင္ငံႏွင့္ျပည္သူမ်ားအက်ိဳးအတြက္ အေကာင္အထည္ ေဖာ္လ်က္ရွိမႈက မ်ားစြာေက်နပ္အားရဖြယ္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
မၾကာေသးမီက မိမိတို႔ေမာ္စကိုၿမိဳ႕၌ေတြ႕ဆုံစဥ္ အထူးသျဖင့္ ႏိုင္ငံတကာႏွင့္ေဒသတြင္း မ်က္ႏွာစာမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ရန္၊ နယ္စပ္ေဒသတည္ၿငိမ္ေရးႏွင့္ လုံၿခဳံေရးႏွင့္ စြမ္းအင္က႑မ်ားတြင္ မဟာဗ်ဴဟာေျမာက္ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေရးအတြက္ တူညီသည့္ဘုံသႏၷိ႒ာန္ကို ထပ္ေလာင္းအတည္ျပဳႏိုင္ခဲ့မႈကို ဝမ္းေျမာက္စြာအမွတ္ရမိပါေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
မိမိအေနျဖင့္ ၂၀၂၄ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ကူမင္းၿမိဳ႕၌က်င္းပခဲ့သည့္ မဟာမဲေခါင္ေဒသတြင္း ထိပ္သီးအစည္းအေဝးသို႔ တက္ေရာက္ခဲ့ ျခင္းက စြမ္းအင္၊ စိုက္ပ်ိဳးေရး၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ ျပည္သူ႔က်န္းမာေရးအစရွိသည့္ အဓိကက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ မႈမ်ားကို ျမႇင့္တင္ႏိုင္မည့္ အခြင့္အလမ္းေကာင္းတစ္ရပ္ျဖစ္ခဲ့ပါသည္။ ထိပ္သီးအစည္းအေဝးကာလအတြင္း ေဒသႏွင့္ ကမာၻ တစ္ဝွမ္းတည္ၿငိမ္ေရးႏွင့္ လုံၿခဳံေရးကိုၿခိမ္းေျခာက္လ်က္ရွိသည့္ အြန္လိုင္းလိမ္လည္မႈမ်ားကို အတူတကြ ပူးေပါင္းတိုက္ဖ်က္မႈမ်ားကို အရွိန္အဟုန္ျမႇင့္တင္ေရးအတြက္ ကတိကဝတ္ျပဳခဲ့ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
အခြင့္အခါႀကဳံခိုက္ မၾကာေသးမီက ျမန္မာႏိုင္ငံတြင္ ငလ်င္လႈပ္ခတ္မႈအၿပီး လူသားခ်င္းစာနာ ေထာက္ထားသည့္ အကူအညီမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီေပးအပ္ခဲ့ျခင္းအတြက္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံအစိုးရႏွင့္ျပည္သူမ်ားကို လႈိက္လွဲစြာေက်းဇူးတင္ရွိပါသည္။ ယင္းသို႔ကူညီ႐ိုင္းပင္းမႈမ်ားက ေဘးဒုကၡႀကဳံေတြ႕ရခ်ိန္တြင္ မိမိတို႔ႏွစ္ႏိုင္ငံအၾကားရွိ ထူးကဲသည့္ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ စာနာ နားလည္ မႈတို႔ကို ျပသလ်က္ရွိျခင္းပင္ျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ယခုကဲ့သို႔ မဂၤလာရွိသည့္အခါသမယတြင္ ေရရွည္တည္တံ့သည့္ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္မႈ ရရွိေစေရး၊ အမ်ိဳးသားျပန္လည္သင့္ ျမတ္ေရးႏွင့္ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ျမန္မာႏိုင္ငံ၏ ႀကိဳးပမ္းအားထုတ္မႈမ်ားကို တ႐ုတ္ႏိုင္ငံက အခိုင္အမာေထာက္ခံ ပံ့ပိုးေပးသည့္အတြက္ လႈိက္လွဲစြာ ေက်းဇူးတင္ေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
မိမိတို႔ႏွစ္ႏိုင္ငံအၾကား ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုနက္ရႈိင္းေစေရးႏွင့္ ေနာင္လာမည့္ ဆယ္စုႏွစ္မ်ားစြာအထိႀကံ့ႀကံ့ခိုင္မာၿပီး အျပန္အလွန္အက်ိဳးရွိမည့္ မိတ္ဖက္ဆက္ဆံေရးက႑သစ္ကို ေဖာ္ထုတ္ႏိုင္ေရးအတြက္ အေဆြေတာ္ႏွင့္အတူ ဆက္လက္၍ အနီးကပ္ပူးေပါင္းေဆာင္႐ြက္သြားရန္ ေမွ်ာ္လင့္ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
အေဆြေတာ္အား အစဥ္ခ်စ္ၾကည္အေလးထားလ်က္ရွိပါေၾကာင္းႏွင့္ အေဆြေတာ္က်န္းမာသုချပည့္စုံ၍ တ႐ုတ္ႏိုင္ငံမွ ျပည္သူမ်ား အေနျဖင့္ ဆက္လက္၍ ၿငိမ္းခ်မ္းသာယာဖြံ႕ၿဖိဳးတိုးတက္ပါေစ ေၾကာင္းလည္းလည္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။