တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်နေဟု သမ္မတရှီကျင့်ဖျင်ဆို

 548

(NP News)-ဇွန် ၈
တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်နေကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ယနေ့(ဇွန်လ ၈ရက်)တွင်ကျရောက်သော မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ထံပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများထံသို့ မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း တရုတ်သမ္မတက ဆိုသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန်မှစ၍ (၇၅)နှစ်တာကာလအတွင်း နှစ်နိုင်ငံအကြားရှိ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးသည် စိန်ခေါ်မှုများကြားမှပင် ပိုမိုရှင်သန်ခိုင်မာလာခဲ့ကြောင်းနှင့် နှစ်နိုင်ငံလုံးမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်တို့ကို လိုက်နာကျင့်သုံးလျက်ရှိကြောင်း တရုတ်သမ္မတက ဆိုသည်။

ထို့ပြင် အိမ်နီးချင်းကောင်း မိတ်ဖက်ဆက်ဆံရေးကို စိတ်ဓာတ်ဖြင့် နှစ်ဖက်အကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင် ရွက် မှုများကို ပိုမိုနက်ရှိုင်းစေလျက် မိမိတို့နှစ်နိုင်ငံအတွက် အဓိကအရေးပါသည့် အကျိုးစီးပွားနှင့် ဘုံအရေးပါသည့် ကိစ္စရပ်များတွင် နှစ်ဖက်အကြားအပြန်အလှန်ခိုင်မာစွာ ထောက်ခံရပ်တည်ပေးလျက်ရှိခြင်းတို့သည် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး၏ကောင်းမွန်သည့် သာဓကအဖြစ်ရှိနေကြောင်းလည်း တရုတ်သမ္မတက ဆိုသည်။

ပြီးခဲ့သည့်မေလက အဆွေတော်နှင့် ရုရှားနိုင်ငံ၌တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းမြှင့်တင် ထူထောင်ခြင်းနှင့်ပတ်သက်၍ အရေးကြီးသည့် သဘောတူညီချက်များရရှိခဲ့ကြောင်း တရုတ်သမ္မတက ဆိုသည်။

ထို့ကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိ ကြောင်း တရုတ်သမ္မတကထည့်သွင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ် မြောက်အခါသမယတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ တရုတ် - မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ထောင် ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အကျိုးစီးပွားများကို အတူတကွ ဆောင်ကြဉ်းရန် အသင့်ရှိပါကြောင်းကိုလည်း တရုတ်သမ္မတက ဆိုသည်။

မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများအားလုံး ကျန်းမာရွှင်လန်း၍ သာယာဝပြောပါစေကြောင်းလည်း တရုတ်သမ္မတက သဝဏ်လွှာတွင်း ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရးဖြံ႕ၿဖိဳးတိုးတက္မႈက တ႐ုတ္ႏိုင္ငံအတြက္ အေရးႀကီးသည့္က႑တြင္ ပါဝင္ေနဟု သမၼတရွီက်င့္ဖ်င္ဆို
(NP News)-ဇြန္ ၈
တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရးဖြံ႕ၿဖိဳးတိုးတက္မႈက တ႐ုတ္ႏိုင္ငံအတြက္ အေရးႀကီးသည့္က႑တြင္ ပါဝင္ေနေၾကာင္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ယေန႔(ဇြန္လ ၈ရက္)တြင္က်ေရာက္ေသာ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရး (၇၅)ႏွစ္ေျမာက္ေန႔တြင္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္ေအာင္လႈိင္ထံေပးပို႔ေသာ သဝဏ္လႊာတြင္ ထည့္သြင္ေျပာၾကား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရး (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္အခါသမယတြင္ တ႐ုတ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားကိုယ္စား ျမန္မာႏိုင္ငံ အစိုးရႏွင့္ ျပည္သူမ်ားထံသို႔ မိမိအေနျဖင့္ မ်ားစြာဂုဏ္ယူဝမ္းေျမာက္မိပါေၾကာင္း တ႐ုတ္သမၼတက ဆိုသည္။

ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရး စတင္ထူေထာင္ခဲ့ခ်ိန္မွစ၍ (၇၅)ႏွစ္တာကာလအတြင္း ႏွစ္ႏိုင္ငံအၾကားရွိ ေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရးသည္ စိန္ေခၚမႈမ်ားၾကားမွပင္ ပိုမိုရွင္သန္ခိုင္မာလာခဲ့ပါသည္။ ႏွစ္ႏိုင္ငံလုံးမွ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထိုင္ေရးမူႀကီး (၅)ရပ္ႏွင့္ ဘန္ေဒါင္းစိတ္ဓာတ္တို႔ကို လိုက္နာက်င့္သုံးလ်က္ရွိေၾကာင္း တ႐ုတ္သမၼတက ဆိုသည္။

ထို႔ျပင္ အိမ္နီးခ်င္းေကာင္း မိတ္ဖက္ဆက္ဆံေရးကို စိတ္ဓာတ္ျဖင့္ ႏွစ္ဖက္အၾကား အျပန္အလွန္အက်ိဳးျဖစ္ထြန္းေစမည့္ ပူးေပါင္းေဆာင္ ႐ြက္ မႈမ်ားကို ပိုမိုနက္ရႈိင္းေစလ်က္ မိမိတို႔ႏွစ္ႏိုင္ငံအတြက္ အဓိကအေရးပါသည့္ အက်ိဳးစီးပြားႏွင့္ ဘုံအေရးပါသည့္ ကိစၥရပ္မ်ားတြင္ ႏွစ္ဖက္အၾကားအျပန္အလွန္ခိုင္မာစြာ ေထာက္ခံရပ္တည္ေပးလ်က္ရွိျခင္းတို႔သည္ ခ်စ္ၾကည္ရင္းႏွီးသည့္ဆက္ဆံေရး၏ေကာင္းမြန္သည့္ သာဓကအျဖစ္ရွိေနေၾကာင္းလည္း တ႐ုတ္သမၼတက ဆိုသည္။

ၿပီးခဲ့သည့္ေမလက အေဆြေတာ္ႏွင့္ ႐ုရွားႏိုင္ငံ၌ေတြ႕ဆုံစဥ္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံအၾကား ေအးအတူပူအမွ် အသိုက္အဝန္းျမႇင့္တင္ ထူေထာင္ျခင္းႏွင့္ပတ္သက္၍ အေရးႀကီးသည့္ သေဘာတူညီခ်က္မ်ားရရွိခဲ့ေၾကာင္း တ႐ုတ္သမၼတက ဆိုသည္။

ထို႔ေၾကာင့္ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရးဖြံ႕ၿဖိဳး တိုးတက္မႈက တ႐ုတ္ႏိုင္ငံအတြက္ အေရးႀကီးသည့္က႑တြင္ ပါဝင္လ်က္ရွိ ေၾကာင္း တ႐ုတ္သမၼတကထည့္သြင္းေျပာၾကားခဲ့သည္။

ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရးထူေထာင္မႈ (၇၅)ႏွစ္ ေျမာက္အခါသမယတြင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံႏွင့္အတူရပ္ဝန္းႏွင့္ ပိုးလမ္းမပူးေပါင္းေဆာင္႐ြက္မႈစီမံကိန္းမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္သြားရန္၊ ကမာၻလုံးဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈစီမံခ်က္၊ ကမာၻလုံးဆိုင္ရာလုံၿခဳံေရးစီမံခ်က္၊ ကမာၻလုံးဆိုင္ရာ လူသားယဥ္ေက်းမႈစီမံခ်က္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားရန္၊ တ႐ုတ္ - ျမန္မာ ေအးအတူပူအမွ်အသိုက္အဝန္း တည္ေထာင္ ေဆာင္႐ြက္ရန္ႏွင့္ ႏွစ္ႏိုင္ငံျပည္သူမ်ားအတြက္ ပိုမိုေကာင္းမြန္သည့္အက်ိဳးစီးပြားမ်ားကို အတူတကြ ေဆာင္ၾကဥ္းရန္ အသင့္ရွိပါေၾကာင္းကိုလည္း တ႐ုတ္သမၼတက ဆိုသည္။

ျမန္မာႏိုင္ငံႏွင့္ ျပည္သူျပည္သားမ်ားအားလုံး က်န္းမာ႐ႊင္လန္း၍ သာယာဝေျပာပါေစေၾကာင္းလည္း တ႐ုတ္သမၼတက သဝဏ္လႊာတြင္း ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.