ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် အချက်အလက် ပြင်ဆင်ခြင်းများကို ဇန်နဝါရီလကုန်နောက်ဆုံးထား၍ ဆောင်ရွက်ရမည်

 955

ဖူးပြည့် (NP News) - နိုဝင်ဘာ ၃

ဆင်းကတ်မှတ်ပုံတင်သည့် အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်ပါက ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ ပြည်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။

အများပြည်သူလူထု၏ လုံခြုံရေးအခြေအနေများကြောင့် ဆင်းကတ်များကို မှတ်ပုံ တင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစကဘက်ကလည်း ပြောဆိုထား သည်။

ဆင်းကတ်များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိ အသုံးပြုလျက်ရှိသော ဆင်းကတ်များကိုလည်း အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန် လည်စစ်ဆေးကြရန် လိုအပ်ကြောင်းလည်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

ထို့ကြောင့် ဆင်းကတ်များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ပြီး လက်ကျန်ငွေကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားပြီးဖြစ်သည်။

မိမိတို့၏ အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ မှန်/မမှန် စစ်ဆေးသိရှိနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အတွက် *601# ၊ Atom အတွက် *979*3*3# ၊ Ooredoo အတွက် *666# ၊ Mytel အတွက် *966# သို့ခေါ်၍ ကြည့်ရှုစစ်ဆေးနိုင်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

အလားတူ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ ၊ Application များနှင့် Website တို့တွင် ဆောင်ရွက်နိုင်ကြောင်းသိရသည်။

zawgyi version
ဆင္းကတ္မွတ္ပုံတင္ျခင္းအတြက္ အခ်က္အလက္ ျပင္ဆင္ျခင္းမ်ားကို ဇန္နဝါရီလကုန္ေနာက္ဆုံးထား၍ ေဆာင္႐ြက္ရမည္
ဖူးျပည့္ (NP News) - ႏိုဝင္ဘာ ၃

ဆင္းကတ္မွတ္ပုံတင္သည့္ အမည္/ႏိုင္ငံသားစိစစ္ေရးကတ္အမွတ္တို႔ကို မွန္/မမွန္ စစ္ေဆးၿပီး ျပင္ဆင္ရန္လိုအပ္ပါက ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္ေနာက္ဆုံးထား၍ ျပည္လည္ျပင္ဆင္ရမည္ျဖစ္ေၾကာင္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ အသိေပးထားသည္။

အမ်ားျပည္သူလူထု၏ လုံၿခဳံေရးအေျခအေနမ်ားေၾကာင့္ ဆင္းကတ္မ်ားကို မွတ္ပုံ တင္ရန္အတြက္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း နစကဘက္ကလည္း ေျပာဆိုထား သည္။

ဆင္းကတ္မ်ား ဝယ္ယူအသုံးျပဳရာတြင္ မိမိတို႔၏ အခ်က္အလက္မ်ားကို မွန္ကန္စြာျဖည့္စြက္၍ မွတ္ပုံတင္ဝယ္ယူသုံးစြဲၾကပါရန္ႏွင့္ လက္ရွိ အသုံးျပဳလ်က္ရွိေသာ ဆင္းကတ္မ်ားကိုလည္း အခ်က္အလက္ မွန္ကန္စြာ မွတ္ပုံတင္ထားျခင္း ရွိ/မရွိ ျပန္ လည္စစ္ေဆးၾကရန္ လိုအပ္ေၾကာင္းလည္း ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာနက အသိေပးထားသည္။

ထို႔ေၾကာင့္ ဆင္းကတ္မ်ားမွတ္ပုံတင္ရာတြင္ ျဖည့္စြက္ရသည့္ အမည္/ႏိုင္ငံသားစိစစ္ေရးကတ္အမွတ္ စသည့္အခ်က္အလက္မ်ားကို လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ National Database အခ်က္အလက္မ်ားႏွင့္ တိုက္ဆိုင္စစ္ေဆး၍ အခ်က္အလက္မွန္ကန္စြာျဖည့္စြက္ထားျခင္းမရွိသည့္ ဆင္းကတ္မ်ားကို ပိတ္သိမ္းမည္ျဖစ္ၿပီး လက္က်န္ေငြကို ျပည့္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းသြားမည္ျဖစ္ေၾကာင္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ အသိေပးထားၿပီးျဖစ္သည္။

မိမိတို႔၏ အမည္/ႏိုင္ငံသားစိစစ္ေရးကတ္အမွတ္တို႔ မွန္/မမွန္ စစ္ေဆးသိရွိႏိုင္ရန္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT) အတြက္ *601# ၊ Atom အတြက္ *979*3*3# ၊ Ooredoo အတြက္ *666# ၊ Mytel အတြက္ *966# သို႔ေခၚ၍ ၾကည့္ရႈစစ္ေဆးႏိုင္ေၾကာင္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထားသည္။

အလားတူ ျပန္လည္ျပင္ဆင္မွတ္ပုံတင္ျခင္းကို သက္ဆိုင္ရာ ေအာ္ပေရတာမ်ား၏ အေရာင္းဆိုင္မ်ား ၊ Application မ်ားႏွင့္ Website တို႔တြင္ ေဆာင္႐ြက္ႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.