ပုလောမြို့နယ်ရှိ ပလမြို့အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

 942

NP News - နိုဝင်ဘာ ၃

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ပလမြို့အုပ်ချုပ်ရေးမှူးရုံးအား အကြမ်းဖက်များက လက်နက်ငယ်များဖြင့်ပစ်ခတ်၍ မိုင်းထောင်ဖောက်ခွဲဖျက်စီးခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ(၂)ရက်၊ နံနက်(၄)နာရီအချိန်ခန့်တွင် ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပလမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး ရုံးအတွင်းမိုင်းများထောင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။

မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် RC အုတ်ညှပ်တစ်ထပ် ဆောက်လုပ်ထားသည့် ရုံးအဆောက်အဦးတစ်လုံး၊ ရုံးအတွင်းထားရှိသည့် ရုံးသုံးပရိဘောဂများနှင့် စာရွက် စာတမ်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလ(၁)ရက်၊ နံနက် ၅နာရီခွဲအချိန်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ ကျန်စစ်သားလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်အား အကြမ်းဖက်သမားက ဘဏ် ၏အနောက်လမ်းကြားမှ လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါလက်ပစ်ဗုံးသည် ဘဏ်အဆောက်အဦး၏ အနောက်ဘက်ရှိ လေကာမှန်အား ထိမှန်ဖောက်ဝင်၍ ဘဏ်အတွင်းရှိ သန့်စင်ခန်းအရှေ့သို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

zawgyi version
ပုေလာၿမိဳ႕နယ္ရွိ ပလၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး႐ုံး မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရ
NP News - ႏိုဝင္ဘာ ၃

တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္ရွိ ပလၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး႐ုံးအား အၾကမ္းဖက္မ်ားက လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္၍ မိုင္းေထာင္ေဖာက္ခြဲဖ်က္စီးခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာလ(၂)ရက္၊ နံနက္(၄)နာရီအခ်ိန္ခန႔္တြင္ ပုေလာၿမိဳ႕နယ္၊ ပလၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္ရွိ ပလၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါျဖစ္စဥ္မွာ အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္းသို႔ အၾကမ္းဖက္အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ကာ ဝင္ေရာက္လာခဲ့ၿပီး ႐ုံးအတြင္းမိုင္းမ်ားေထာင္ကာ ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။

မိုင္းေထာင္ေဖာက္ခြဲခံရမႈေၾကာင့္ RC အုတ္ညႇပ္တစ္ထပ္ ေဆာက္လုပ္ထားသည့္ ႐ုံးအေဆာက္အဦးတစ္လုံး၊ ႐ုံးအတြင္းထားရွိသည့္ ႐ုံးသုံးပရိေဘာဂမ်ားႏွင့္ စာ႐ြက္ စာတမ္းမ်ား ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁)ရက္၊ နံနက္ ၅နာရီခြဲအခ်ိန္က စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕၊ က်န္စစ္သားလမ္းရွိ ျမန္မာ့စီးပြားေရးဘဏ္အား အၾကမ္းဖက္သမားက ဘဏ္ ၏အေနာက္လမ္းၾကားမွ လက္ပစ္ဗုံးတစ္လုံးျဖင့္ ပစ္ေပါက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

အဆိုပါလက္ပစ္ဗုံးသည္ ဘဏ္အေဆာက္အဦး၏ အေနာက္ဘက္ရွိ ေလကာမွန္အား ထိမွန္ေဖာက္ဝင္၍ ဘဏ္အတြင္းရွိ သန႔္စင္ခန္းအေရွ႕သို႔ က်ေရာက္ခဲ့ၿပီး ေပါက္ကြဲမႈမရွိခဲ့ျခင္းေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သက္မဲ့ျပဳလုပ္ရွင္းလင္းခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

Picture

Kyaw Htay Lwin Lwin

03/11/2022 17:54

အၾကမ္းဖက္အဖ်က္သမား​ေတြကို ဖမ္းဆီးရမိရင္ ျမန္ျမန္ စစ္ေဆးၿပီး ျမန္ျမန္ ႀကိဳးေပးလိုက္သင့္တယ္

Picture

Taw Ka

03/11/2022 20:00

အဲ့ဒီဒေသဟာ PDFတေွကြီးဘဲဗျ ဒေသခံတစ်ယောက်နဲ့စကားပြောဖူးတယ် သူလည်း တကယ်လိုအပ်ရင် PDFထဲဘဲဝင်မယ်ဆိုပါတယ် ပုလောဒေသသည် PDFရွာတွေကြီးဘဲ

Related news

© 2021. All rights reserved.