ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ပထမနှစ်တက်ရောက်ခွင့်ရရှိသူ (၁၃ဝဝ) ကျော်စာရင်းကို ဝန်ကြီးဌာန ထုတ်ပြန်

1087

ယွန်း (NP News) - နိုဝင်ဘာ ၄
ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ပထမနှစ်တက်ရောက်ခွင့်ရရှိသူ (၁၃ဝဝ)ကျော် စာရင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် နိုဝင်ဘာ(၃)ရက်နေ့တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂ဝ၂၂ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်ခဲ့သူများထဲမှ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ဝင်ခွင့်ရရှိသူ(၁၃၄၇)ဦးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဝင်ခွင့်ရရှိသူများကို ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် (၃၄၅)ဦး၊ ဆေးတက္ကသိုလ်(မန္တလေး)တွင် (၂၇၂)ဦး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် (၃၃၇)ဦး၊ ဆေးတက္ကသိုလ်(မကွေး)တွင် (၁၂၁)ဦး၊ ဆေးတက္ကသိုလ် (တောင်ကြီး) တွင် (၄၈)ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ရန်ကုန်တွင် (၁၄၅)ဦးနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေးတွင် (၇၉)ဦးတို့အား အသီးသီး တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများကို လာမည့် နိုဝင်ဘာ(၂၁)ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဝင်ခွင့်ရသည့်တက္ကသိုလ်၏ မော်ကွန်းထိန်းများထံသို့ နိုဝင်ဘာ(၈) ရက်နေ့မှစ၍ သတင်းပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်၊ အမှတ်စာရင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားတို့၏ မူရင်းအား သက်ဆိုင်ရာတက္ကသိုလ်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ(၂ဝ)ရက်နေ့အထိ သတင်းပေးပို့ကျောင်းအပ်နှံခြင်းမရှိသူများကိုလည်း ဝင်ခွင့်စာရင်းမှ ပယ်ဖျက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
ေဆးတကၠသိုလ္ႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္မ်ားတြင္ ပထမႏွစ္တက္ေရာက္ခြင့္ရရွိသူ (၁၃ဝဝ) ေက်ာ္ စာရင္းကို ဝန္ႀကီးဌာန ထုတ္ျပန္
ယြန္း (NP News) - ႏိုဝင္ဘာ ၄
ေဆးတကၠသိုလ္ႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္မ်ားတြင္ ပထမႏွစ္တက္ေရာက္ခြင့္ရရွိသူ (၁၃ဝဝ)ေက်ာ္ စာရင္းကို က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
က်န္းမာေရးဝန္ႀကီးဌာနမွ ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၃)ရက္ေန႔တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
၂ဝ၂၂ ခုႏွစ္တြင္ တကၠသိုလ္ဝင္စာေမးပြဲကို ဓာတုေဗဒ၊ ႐ူပေဗဒ၊ ဇီဝေဗဒ ဘာသာတြဲျဖင့္ ေအာင္ျမင္ခဲ့သူမ်ားထဲမွ က်န္းမာေရး လူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန၊ ေဆးတကၠသိုလ္ႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္မ်ားတြင္ ဝင္ခြင့္ရရွိသူ(၁၃၄၇)ဦးကို က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ဝင္ခြင့္ရရွိသူမ်ားကို ေဆးတကၠသိုလ္(၁) ရန္ကုန္တြင္ (၃၄၅)ဦး၊ ေဆးတကၠသိုလ္(မႏၲေလး)တြင္ (၂၇၂)ဦး၊ ေဆးတကၠသိုလ္ (၂) ရန္ကုန္တြင္ (၃၃၇)ဦး၊ ေဆးတကၠသိုလ္(မေကြး)တြင္ (၁၂၁)ဦး၊ ေဆးတကၠသိုလ္ (ေတာင္ႀကီး) တြင္ (၄၈)ဦး၊ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္ ရန္ကုန္တြင္ (၁၄၅)ဦးႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္ မႏၲေလးတြင္ (၇၉)ဦးတို႔အား အသီးသီး တက္ေရာက္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္းသိရသည္။
အဆိုပါတကၠသိုလ္မ်ား၏ ပထမႏွစ္သင္တန္းမ်ားကို လာမည့္ ႏိုဝင္ဘာ(၂၁)ရက္တြင္ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ဝင္ခြင့္ရ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ မိမိတို႔ဝင္ခြင့္ရသည့္တကၠသိုလ္၏ ေမာ္ကြန္းထိန္းမ်ားထံသို႔ ႏိုဝင္ဘာ(၈) ရက္ေန႔မွစ၍ သတင္းပို႔ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အလားတူ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္လက္မွတ္၊ အမွတ္စာရင္းႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားတို႔၏ မူရင္းအား သက္ဆိုင္ရာတကၠသိုလ္သို႔ တင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဒီဇင္ဘာ(၂ဝ)ရက္ေန႔အထိ သတင္းေပးပို႔ေက်ာင္းအပ္ႏွံျခင္းမရွိသူမ်ားကိုလည္း ဝင္ခြင့္စာရင္းမွ ပယ္ဖ်က္ သြားမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။