ဘင်္ဂါလီနှင့် ဟိန္ဒူတို့အပေါ် ပါကစ္စတန်၏ အစုအပုံလိုက် ရက်စက်စွာသတ်ဖြတ်၊ မုဒိန်းကျင့်မှုများကို အမေရိကန်တို့ ဖုံးကွယ်ပေးခဲ့

 1218

Htay Oung (NP News) - နိုဝင်ဘာ ၆

အာမေးနီးယားမှ ရဝမ်ဒါအထိ လူမျိုးသုဉ်းပြုခံရမှုများကို ကမ္ဘာက သိကြ၊ ဆွေးနွေးကြ၊ ငြင်းခုံကြပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ဘင်္ဂလားဒေ့ရှ်ရဲ့ ကြောက်မက်ဖွယ် လူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံတကာရှုံ့ချတဲ့ အဆင့်လောက်ပင် အလွန်ခဲယဉ်းနေတယ်လို့ “အေယန်နမ်ရှာ မိုင်ထရာ” ရဲ့ ဆောင်းပါး Dhaka Tribune က နိုဝင်ဘာလ ၅ ရက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့ အမေရိကန်အောက်လွှတ်တော်မှာ စတိဗ်ချာဘော့နဲ့ အိန္ဒိယနွယ်ဖွား ရိုချန်နာတို့ ကွန်ဂရက်အမတ်များက တင်သွင်းတဲ့ “၁၉၇၁ခုနှစ် ပါကစ္စတန်လက်နက်ကိုင်တပ်ဖွဲ့များက ဘင်္ဂါလီ များနှင့် ဟိန္ဒူများအပေါ်ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို လူမျိုးသုဉ်းပြုမှုအဖြစ် အသိအမှတ်ပြုရန် အမေရိကန်သမ္မတကြီးအား တိုက်တွန်းကြောင်း” အဆိုကို အောက်လွှတ်တော်က ပထမဆုံးအကြိမ် အတည်ပြု လိုက်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၅ဝ ကျော်က လူမျိုးသုဉ်းပြုမှုအတွက် ပါကစ္စတန် အနေနဲ့ အနူးအညွှတ်တောင်းပန်ဖို့ အဆိုပြုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပါကစ္စတန်စစ်တပ်ဟာ “မီးမောင်း စစ်ဆင်ရေး” အမည်နဲ့ ကြောက်မက်ဖွယ်ရာ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ၁၉၇၁ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ မရေမတွက်နိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး သိန်းနဲ့ချီတဲ့ ဘင်္ဂလီအမျိုးသမီးများကို ပါကစ္စတန်စစ်တပ်က မုဒိမ်းကျင့်ခဲ့ပါတယ်။

အစုအပုံလိုက်သတ်ဖြတ်စဉ်အတွင်း ပါကစ္စတန်စစ်သားတွေဟာ ခေတ်ပညာတတ်များ၊ တက္ကသိုလ် ကျောင်းသား များ၊ ပါမောက္ခများနဲ့ ဟိန္ဒူအသိုင်းအဝန်းတို့ကို ပစ်မှတ်ထားခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရရှိစဉ် ယခုပါကစ္စတန်နဲ့ မိုင် ၈ဝဝ ကျော်ဝေးကွာတဲ့ ယခုဘင်္ဂလားဒေ့ရှ်ဖြစ်လာမယ့် နိုင်ငံတို့ကို အလယ်မှာ အိန္ဒိယ နိုင်ငံကြီးတစ်ခုလုံးခြားပြီး အရှေ့-အနောက် ပါကစ္စတန်တစ်နိုင်ငံတည်းအဖြစ် ထူထောင်ခဲ့ပါတယ်။

အစ္စလာမ်ဘာသာကိုးကွယ်မှုချင်း တူညီပုံအရ ဂွတီးဂွကျ ထူထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ပါကစ္စတန်မှာ ထူထောင် ထားတဲ့စစ်တပ်ဟာ သူတို့နဲ့ ၂၄ နှစ်ကြာ တစ်ပေါင်းတည်းဖြစ်ခဲ့သူ ဘင်္ဂါလီတို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုကို ရိုင်းစိုင်းတဲ့နည်းနဲ့သာ နှိမ်နင်းနိုင်မယ်လို့ အခိုင်အမာယုံကြည်ထားပါတယ်။ ဒါပေမယ့် အိန္ဒိယရဲ့အကူအညီနဲ့ အရှေ့ ပါကစ္စတန်ဟာ သီးခြားနိုင်ငံအဖြစ် လွတ်မြောက်ခဲ့ရပါတယ်။

၁၉၄၈ ခုနှစ် ဂျီနိုဆိုက်ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနဲ့ ဂျီနိုဆိုက်ရာဇဝတ်မှုဆိုင်ရာ အပြစ်ပေးခြင်းကွန်ဗင်းရှင်း (CPPCG) များအရ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အဖြစ်အပျက်ကို လူမျိုးတုံးသုဉ်းပြုအဖြစ် ခေါ်ဆိုသင့် ပါတယ်။ နှစ်ပေါင်း ၅ဝ ကျော် ကြာမြင့်ခဲ့ပါပြီ။ ဝါရှင်တန်ရော ကုလသမဂ္ဂပါ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) ရဲ့ ဖြစ်ရပ်ကို လူမျိုးသုဉ်းပြုမှုအဖြစ် ယခုတိုင် အသိအမှတ်မပြုသေးတာဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) လူမျိုးသုဉ်းပြုမှုအပေါ် ဂရုမစိုက်ခြင်းဟာ အနောက် ပါကစ္စတန် အုပ်ချုပ်သူဟောင်းများကြောင့်ဆိုတာ ပေါ်လွင်သိသာပါတယ်။ အိန္ဒိယဆိုင်ရာ အမေရိကန်သံအမတ် ကြီး အာချာဘလတ်က ဝါရှင်တန်အရာရှိများကို အကျဉ်းချုံး ပြောကြားခဲ့ပေမယ့် ပါကစ္စတန်ဟာ သူတို့ရဲ့စစ်အေး တိုက်ပွဲ မဟာမိတ်ဖြစ်တဲ့အပြင် တရုတ်နိုင်ငံကိုထိန်းချုပ်ဖို့ မိတ်ဆွေနိုင်ငံဖြစ်နေတာကြောင့် အမေရိကန်က တုံ့ပြန် ဖို့ ငြင်းဆိုခဲ့ပါတယ်။ (သံအမတ်ကြီး အာချာဘလတ်ဟာ "အမျိုးသားသစ္စာဖောက်" အဖြစ် ကင်ပွန်းတပ်ခံရပြီး တာဝန်မှ ရုတ်သိမ်းခံခဲ့ရပါတယ်။)

သမ္မတနစ်ဆင်ဟာ အစုအပုံလိုက်သတ်ဖြတ်ခြင်းကို ပကတိ လျစ်လျူရှုခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျားကလည်း စောင့်စည်းခြင်းကင်းတဲ့တည်ဆောက်မှုလို့ မှတ်ချက်ပေးခဲ့ပေမယ့် အမေရိကန် အစိုးရအနေနဲ့ အဲဒီလုပ်ရပ်ကို လူမျိုးတုံးသုဉ်းပြုမှုအဖြစ် စာရင်းမသွင်းဘဲ ခေါင်းရှောင်ခဲ့ပါတယ်။

အမေရိကန်မှာ ဆုံးဖြတ်ချက်ချခဲ့တဲ့ ရီပတ်ဘလီကန်အမတ် စတိဗ်ချာဘော့ရဲ့အဆိုပြုချက်မှာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လူမျိုးသုဉ်းပြုမှုကိုမေ့ပျောက်ထားလို့ မဖြစ်ကြောင်း။ အိုဟိုင်းယိုးပြည်နယ် ပထမခရိုင်ရှိ ဟိန္ဒူ မဲဆန္ဒနယ်မှ ရိုချန်နာရဲ့အကူအညီနဲ့ အထူးသဖြင့် ဘင်္ဂါလီများနဲ့ ဟိန္ဒူများအပေါ်ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံ လိုက် ရက်စက်ကြမ်းကြုတ်မှုများတွေဟာ အမှန်တကယ် လူမျိုးသုဉ်းပြုမှုအဖြစ် အသိအမှတ်ပြုကြောင်း ဥပဒေပြုဖို့ ဖြစ်ပါတယ်။

ကွန်ဂရက်အမတ်နှစ်ဦးတင်သွင်းတဲ့အဆိုပြုချက်မှာ ပါကစ္စတန်စစ်သားများရဲ့ရက်စက်ကြမ်းကြုတ်မှုများကို လူမျိုးသုဉ်းပြုမှုအဖြစ် နိုင်ငံတကာကအသိအမှတ်ပြုဖို့ အမေရိကန်အခြေစိုက် NGO တို့ရဲ့ “ဂျီနိုဆိုက် တားဆီးရေး နှင့် စောင့်ကြည့်ရေး” လာကင်အင်စတီကျု့က တောင်းဆိုထားကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

ကမ္ဘာ့အခြားနေရာများမှာဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်းပြုမှုများနဲ့ လူမျိုးတစ်မျိုးကို အစုအပုံလိုက်သတ်ဖြတ်ခြင်းတွေကို ယနေ့တိုင် နိုင်ငံတကာမှာ ပြင်းပြင်းထန်ထန်ရှုတ်ချဝေဖန်ခံနေကြပြီး အများစုမှာ အမေရိကန်နဲ့ အင်အားကြီးနိုင်ငံ များက အဲဒါတွေကို ချက်ချင်းအသိအမှတ်ပြုပြီး ရင်းနှီးသိရှိနေကြတဲ့အတွက်ဖြစ်ပါတယ်။

ဆယ်စုနှစ်ငါးစုကျော်ကြာပြီးနောက် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အရေးပါဆုံး ပါဝင်ကူညီ နေတဲ့ ဘင်္ဂလားဒေရှ်နိုင်ငံဟာ တရားမျှတမှုကို ဆက်လက်စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ်တွေဟာ ချီးကျူးဖွယ် ခြေလှမ်းကြီးတစ်ရပ်ကိုလှမ်းခဲ့ကြပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနနဲ့ အဲဒါတွေကို ဆက်လက်အသက်ဝင်စေဖို့ ပိုမိုအားထုတ်သင့်ပါတယ်။

အဲဒီလူမျိုးသုဉ်းပြုမှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ကမ္ဘာ့ကုလသမဂ္ဂတို့ရဲ့ အသိအမှတ်ပြုမှုဟာ မရှိမဖြစ်လိုအပ်ပါ တယ်။ သူတို့အသိအမှတ်ပြုပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်းပန်ခိုင်းမှုနဲ့ ခေါင်းမာသူ စစ်တပ်ဦးဆောင် ပါကစ္စတန်ကိုလျော်ကြေးပေးဖို့ တောင်းဆိုသင့်ပါတယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်အနေနဲ့ တရားမျှတမှုကို ရှာဖွေခြင်းဖြင့် နိုင်ငံတကာ အာရုံစိုက်မှုကို အရယူသင့်ပါတယ်။

၁၉၇၁ ခုနှစ်မှာ အရှေ့ပါကစ္စတန်ကို လက်လွှတ်လိုက်ရတဲ့ ပါကစ္စတန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်ထွန်းလာ ခြင်းကို ချက်ချင်း အသိအမှတ်မပြုခဲ့ပါဘူး။ နိုင်ငံတကာနဲ့ “အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” (OIC) တို့ ရဲ့ ဝိုင်းဝန်းဖိအားပေးမှုကြောင့် ၁၉၇၄ ခုနှစ်ရောက်မှ အသိအမှတ်ပြုခဲ့ပါတယ်။

မကြာသေးမီနှစ်များအတွင်း ပါကစ္စတန်ဟာ ဒါကာနဲ့ ဆက်ဆံရေးနွေးထွေးစေရန် ကြိုးပမ်းခဲ့ပေမယ့် လွတ်မြောက် ရေး စစ်ပွဲကာလကိစ္စတွေအတွက် တောင်းပန်တဲ့အမူအရာမျိုး မပြသခဲ့ပါဘူး။ အစိုးရအဖွဲ့တည်ရာ အစ္စလာမ် မာဘတ်မှ ၉ မိုင်အကွာ ရာဝယ်ပင်ဒီမြို့မှာ ဋ္ဌာနချုပ်ပြုလုပ်ထားတဲ့စစ်တပ်ဟာ ပါကစ္စတန်အနေနဲ့ အဲ့ဒီလိုမလုပ်ဖို့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဟာ တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေခဲ့ပါတယ်။ အမေရိကန်အောက်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ကြိုးစားအားထုတ်မှုကို အရှိန်မြှင့်တင်ပေးလိုက်ထာ သေချာပါတယ်။

#၁၉၇၁-ဘင်္ဂလားဒေ့ရှ်ဂျီနိုဆိုက် #သမ္မတနစ်ဆင် #ဟင်နရီကစ်ဆင်ဂျား
(Dhaka Tribune., 05 November 2022,” If not genocide, then what?” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဘဂၤါလီႏွင့္ ဟိႏၵဴတို႔အေပၚ ပါကစၥတန္၏ အစုအပုံလိုက္ ရက္စက္စြာသတ္ျဖတ္၊ မုဒိန္းက်င့္မႈမ်ားကို အေမရိကန္တို႔ ဖုံးကြယ္ေပးခဲ့

Htay Oung (NP News) - ႏိုဝင္ဘာ ၆

အာေမးနီးယားမွ ရဝမ္ဒါအထိ လူမ်ိဳးသုဥ္းျပဳခံရမႈမ်ားကို ကမာၻက သိၾက၊ ေဆြးေႏြးၾက၊ ျငင္းခုံၾကပါတယ္။ ဒါေပမဲ့ ဝမ္းနည္းစရာေကာင္းတာက ဘဂၤလားေဒ့ရွ္ရဲ႕ ေၾကာက္မက္ဖြယ္ လူမ်ိဳးတုံးသတ္ျဖတ္မႈကို ႏိုင္ငံတကာရႈံ႕ခ်တဲ့ အဆင့္ေလာက္ပင္ အလြန္ခဲယဥ္းေနတယ္လို႔ “ေအယန္နမ္ရွာ မိုင္ထရာ” ရဲ႕ ေဆာင္းပါး Dhaka Tribune က ႏိုဝင္ဘာလ ၅ ရက္မွာ ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာလ ၁၅ ရက္ေန႔ အေမရိကန္ေအာက္လႊတ္ေတာ္မွာ စတိဗ္ခ်ာေဘာ့နဲ႔ အိႏၵိယႏြယ္ဖြား ႐ိုခ်န္နာတို႔ ကြန္ဂရက္အမတ္မ်ားက တင္သြင္းတဲ့ “၁၉၇၁ခုႏွစ္ ပါကစၥတန္လက္နက္ကိုင္တပ္ဖြဲ႕မ်ားက ဘဂၤါလီ မ်ားႏွင့္ ဟိႏၵဴမ်ားအေပၚက်ဴးလြန္ခဲ့သည့္ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားကို လူမ်ိဳးသုဥ္းျပဳမႈအျဖစ္ အသိအမွတ္ျပဳရန္ အေမရိကန္သမၼတႀကီးအား တိုက္တြန္းေၾကာင္း” အဆိုကို ေအာက္လႊတ္ေတာ္က ပထမဆုံးအႀကိမ္ အတည္ျပဳ လိုက္ပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ရဲ႕ဆုံးျဖတ္ခ်က္ဟာ ႏွစ္ေပါင္း ၅ဝ ေက်ာ္က လူမ်ိဳးသုဥ္းျပဳမႈအတြက္ ပါကစၥတန္ အေနနဲ႔ အႏူးအၫႊတ္ေတာင္းပန္ဖို႔ အဆိုျပဳထားပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ပါကစၥတန္စစ္တပ္ဟာ “မီးေမာင္း စစ္ဆင္ေရး” အမည္နဲ႔ ေၾကာက္မက္ဖြယ္ရာ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈကို ၁၉၇၁ ခုႏွစ္မွာ စတင္ခဲ့ပါတယ္။ မေရမတြက္ႏိုင္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားမ်ားကို ရက္ရက္စက္စက္သတ္ျဖတ္ခဲ့ၿပီး သိန္းနဲ႔ခ်ီတဲ့ ဘဂၤလီအမ်ိဳးသမီးမ်ားကို ပါကစၥတန္စစ္တပ္က မုဒိမ္းက်င့္ခဲ့ပါတယ္။

အစုအပုံလိုက္သတ္ျဖတ္စဥ္အတြင္း ပါကစၥတန္စစ္သားေတြဟာ ေခတ္ပညာတတ္မ်ား၊ တကၠသိုလ္ ေက်ာင္းသား မ်ား၊ ပါေမာကၡမ်ားနဲ႔ ဟိႏၵဴအသိုင္းအဝန္းတို႔ကို ပစ္မွတ္ထားခဲ့ပါတယ္။ ၁၉၄၇ ခုႏွစ္ ၿဗိတိသွ်တို႔ထံမွ လြတ္လပ္ေရး ရရွိစဥ္ ယခုပါကစၥတန္နဲ႔ မိုင္ ၈ဝဝ ေက်ာ္ေဝးကြာတဲ့ ယခုဘဂၤလားေဒ့ရွ္ျဖစ္လာမယ့္ ႏိုင္ငံတို႔ကို အလယ္မွာ အိႏၵိယ ႏိုင္ငံႀကီးတစ္ခုလုံးျခားၿပီး အေရွ႕-အေနာက္ ပါကစၥတန္တစ္ႏိုင္ငံတည္းအျဖစ္ ထူေထာင္ခဲ့ပါတယ္။

အစၥလာမ္ဘာသာကိုးကြယ္မႈခ်င္း တူညီပုံအရ ဂြတီးဂြက် ထူေထာင္ခဲ့ျခင္းျဖစ္ပါတယ္။ ပါကစၥတန္မွာ ထူေထာင္ ထားတဲ့စစ္တပ္ဟာ သူတို႔နဲ႔ ၂၄ ႏွစ္ၾကာ တစ္ေပါင္းတည္းျဖစ္ခဲ့သူ ဘဂၤါလီတို႔ရဲ႕ အမ်ိဳးသားေရးလႈပ္ရွားမႈကို ႐ိုင္းစိုင္းတဲ့နည္းနဲ႔သာ ႏွိမ္နင္းႏိုင္မယ္လို႔ အခိုင္အမာယုံၾကည္ထားပါတယ္။ ဒါေပမယ့္ အိႏၵိယရဲ႕အကူအညီနဲ႔ အေရွ႕ ပါကစၥတန္ဟာ သီးျခားႏိုင္ငံအျဖစ္ လြတ္ေျမာက္ခဲ့ရပါတယ္။

၁၉၄၈ ခုႏွစ္ ဂ်ီႏိုဆိုက္ဆိုင္ရာ ကုလသမဂၢကြန္ဗင္းရွင္းနဲ႔ ဂ်ီႏိုဆိုက္ရာဇဝတ္မႈဆိုင္ရာ အျပစ္ေပးျခင္းကြန္ဗင္းရွင္း (CPPCG) မ်ားအရ ၁၉၇၁ ခုႏွစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း အျဖစ္အပ်က္ကို လူမ်ိဳးတုံးသုဥ္းျပဳအျဖစ္ ေခၚဆိုသင့္ ပါတယ္။ ႏွစ္ေပါင္း ၅ဝ ေက်ာ္ ၾကာျမင့္ခဲ့ပါၿပီ။ ဝါရွင္တန္ေရာ ကုလသမဂၢပါ အေရွ႕ပါကစၥတန္ (ဘဂၤလားေဒ့ရွ္) ရဲ႕ ျဖစ္ရပ္ကို လူမ်ိဳးသုဥ္းျပဳမႈအျဖစ္ ယခုတိုင္ အသိအမွတ္မျပဳေသးတာျဖစ္ပါတယ္။

အေမရိကန္အေနနဲ႔ အေရွ႕ပါကစၥတန္ (ဘဂၤလားေဒ့ရွ္) လူမ်ိဳးသုဥ္းျပဳမႈအေပၚ ဂ႐ုမစိုက္ျခင္းဟာ အေနာက္ ပါကစၥတန္ အုပ္ခ်ဳပ္သူေဟာင္းမ်ားေၾကာင့္ဆိုတာ ေပၚလြင္သိသာပါတယ္။ အိႏၵိယဆိုင္ရာ အေမရိကန္သံအမတ္ ႀကီး အာခ်ာဘလတ္က ဝါရွင္တန္အရာရွိမ်ားကို အက်ဥ္းခ်ဳံး ေျပာၾကားခဲ့ေပမယ့္ ပါကစၥတန္ဟာ သူတို႔ရဲ႕စစ္ေအး တိုက္ပြဲ မဟာမိတ္ျဖစ္တဲ့အျပင္ တ႐ုတ္ႏိုင္ငံကိုထိန္းခ်ဳပ္ဖို႔ မိတ္ေဆြႏိုင္ငံျဖစ္ေနတာေၾကာင့္ အေမရိကန္က တုံ႔ျပန္ ဖို႔ ျငင္းဆိုခဲ့ပါတယ္။ (သံအမတ္ႀကီး အာခ်ာဘလတ္ဟာ "အမ်ိဳးသားသစၥာေဖာက္" အျဖစ္ ကင္ပြန္းတပ္ခံရၿပီး တာဝန္မွ ႐ုတ္သိမ္းခံခဲ့ရပါတယ္။)

သမၼတနစ္ဆင္ဟာ အစုအပုံလိုက္သတ္ျဖတ္ျခင္းကို ပကတိ လ်စ္လ်ဴရႈခဲ့ပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဟင္နရီကစ္ဆင္ဂ်ားကလည္း ေစာင့္စည္းျခင္းကင္းတဲ့တည္ေဆာက္မႈလို႔ မွတ္ခ်က္ေပးခဲ့ေပမယ့္ အေမရိကန္ အစိုးရအေနနဲ႔ အဲဒီလုပ္ရပ္ကို လူမ်ိဳးတုံးသုဥ္းျပဳမႈအျဖစ္ စာရင္းမသြင္းဘဲ ေခါင္းေရွာင္ခဲ့ပါတယ္။

အေမရိကန္မွာ ဆုံးျဖတ္ခ်က္ခ်ခဲ့တဲ့ ရီပတ္ဘလီကန္အမတ္ စတိဗ္ခ်ာေဘာ့ရဲ႕အဆိုျပဳခ်က္မွာ ၁၉၇၁ ခုႏွစ္ ဘဂၤလားေဒ့ရွ္ လူမ်ိဳးသုဥ္းျပဳမႈကိုေမ့ေပ်ာက္ထားလို႔ မျဖစ္ေၾကာင္း။ အိုဟိုင္းယိုးျပည္နယ္ ပထမခ႐ိုင္ရွိ ဟိႏၵဴ မဲဆႏၵနယ္မွ ႐ိုခ်န္နာရဲ႕အကူအညီနဲ႔ အထူးသျဖင့္ ဘဂၤါလီမ်ားနဲ႔ ဟိႏၵဴမ်ားအေပၚက်ဴးလြန္ခဲ့တဲ့ အစုလိုက္အၿပဳံ လိုက္ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားေတြဟာ အမွန္တကယ္ လူမ်ိဳးသုဥ္းျပဳမႈအျဖစ္ အသိအမွတ္ျပဳေၾကာင္း ဥပေဒျပဳဖို႔ ျဖစ္ပါတယ္။

ကြန္ဂရက္အမတ္ႏွစ္ဦးတင္သြင္းတဲ့အဆိုျပဳခ်က္မွာ ပါကစၥတန္စစ္သားမ်ားရဲ႕ရက္စက္ၾကမ္းၾကဳတ္မႈမ်ားကို လူမ်ိဳးသုဥ္းျပဳမႈအျဖစ္ ႏိုင္ငံတကာကအသိအမွတ္ျပဳဖို႔ အေမရိကန္အေျခစိုက္ NGO တို႔ရဲ႕ “ဂ်ီႏိုဆိုက္ တားဆီးေရး ႏွင့္ ေစာင့္ၾကည့္ေရး” လာကင္အင္စတီက်ဳ႕က ေတာင္းဆိုထားေၾကာင္း ထည့္သြင္းေဖာ္ျပထားပါတယ္။

ကမာၻ႔အျခားေနရာမ်ားမွာျဖစ္ပြားခဲ့တဲ့ လူမ်ိဳးသုဥ္းျပဳမႈမ်ားနဲ႔ လူမ်ိဳးတစ္မ်ိဳးကို အစုအပုံလိုက္သတ္ျဖတ္ျခင္းေတြကို ယေန႔တိုင္ ႏိုင္ငံတကာမွာ ျပင္းျပင္းထန္ထန္ရႈတ္ခ်ေဝဖန္ခံေနၾကၿပီး အမ်ားစုမွာ အေမရိကန္နဲ႔ အင္အားႀကီးႏိုင္ငံ မ်ားက အဲဒါေတြကို ခ်က္ခ်င္းအသိအမွတ္ျပဳၿပီး ရင္းႏွီးသိရွိေနၾကတဲ့အတြက္ျဖစ္ပါတယ္။

ဆယ္စုႏွစ္ငါးစုေက်ာ္ၾကာၿပီးေနာက္ ကုလသမဂၢၿငိမ္းခ်မ္းမႈထိန္းသိမ္းေရးလုပ္ငန္းေတြမွာ အေရးပါဆုံး ပါဝင္ကူညီ ေနတဲ့ ဘဂၤလားေဒရွ္ႏိုင္ငံဟာ တရားမွ်တမႈကို ဆက္လက္ေစာင့္ဆိုင္းေနရဆဲျဖစ္ပါတယ္။ အေမရိကန္ ကြန္ဂရက္ လႊတ္ေတာ္အမတ္ေတြဟာ ခ်ီးက်ဴးဖြယ္ ေျခလွမ္းႀကီးတစ္ရပ္ကိုလွမ္းခဲ့ၾကေပမယ့္ ဘဂၤလားေဒ့ရွ္အစိုးရအေနနနဲ႔ အဲဒါေတြကို ဆက္လက္အသက္ဝင္ေစဖို႔ ပိုမိုအားထုတ္သင့္ပါတယ္။

အဲဒီလူမ်ိဳးသုဥ္းျပဳမႈနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ ကမာၻ႔ကုလသမဂၢတို႔ရဲ႕ အသိအမွတ္ျပဳမႈဟာ မရွိမျဖစ္လိုအပ္ပါ တယ္။ သူတို႔အသိအမွတ္ျပဳၿပီးတာနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရက ေတာင္းပန္ခိုင္းမႈနဲ႔ ေခါင္းမာသူ စစ္တပ္ဦးေဆာင္ ပါကစၥတန္ကိုေလ်ာ္ေၾကးေပးဖို႔ ေတာင္းဆိုသင့္ပါတယ္။ ဒီအတြက္ ဘဂၤလားေဒ့ရွ္အေနနဲ႔ တရားမွ်တမႈကို ရွာေဖြျခင္းျဖင့္ ႏိုင္ငံတကာ အာ႐ုံစိုက္မႈကို အရယူသင့္ပါတယ္။

၁၉၇၁ ခုႏွစ္မွာ အေရွ႕ပါကစၥတန္ကို လက္လႊတ္လိုက္ရတဲ့ ပါကစၥတန္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံေပၚထြန္းလာ ျခင္းကို ခ်က္ခ်င္း အသိအမွတ္မျပဳခဲ့ပါဘူး။ ႏိုင္ငံတကာနဲ႔ “အစၥလာမ္မစ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕” (OIC) တို႔ ရဲ႕ ဝိုင္းဝန္းဖိအားေပးမႈေၾကာင့္ ၁၉၇၄ ခုႏွစ္ေရာက္မွ အသိအမွတ္ျပဳခဲ့ပါတယ္။

မၾကာေသးမီႏွစ္မ်ားအတြင္း ပါကစၥတန္ဟာ ဒါကာနဲ႔ ဆက္ဆံေရးေႏြးေထြးေစရန္ ႀကိဳးပမ္းခဲ့ေပမယ့္ လြတ္ေျမာက္ ေရး စစ္ပြဲကာလကိစၥေတြအတြက္ ေတာင္းပန္တဲ့အမူအရာမ်ိဳး မျပသခဲ့ပါဘူး။ အစိုးရအဖြဲ႕တည္ရာ အစၥလာမ္ မာဘတ္မွ ၉ မိုင္အကြာ ရာဝယ္ပင္ဒီၿမိဳ႕မွာ ႒ာနခ်ဳပ္ျပဳလုပ္ထားတဲ့စစ္တပ္ဟာ ပါကစၥတန္အေနနဲ႔ အဲ့ဒီလိုမလုပ္ဖို႔ ရပ္တည္ခ်က္ကို ဆက္လက္ထိန္းသိမ္းထားပါတယ္။ လြတ္ေျမာက္ေရးအတြက္ တိုက္ပြဲဝင္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္ဟာ တရားမွ်တမႈအတြက္ ဆက္လက္တိုက္ပြဲဝင္ေနခဲ့ပါတယ္။ အေမရိကန္ေအာက္လႊတ္ေတာ္ရဲ႕ဆုံးျဖတ္ခ်က္ဟာ ဘဂၤလားေဒ့ရွ္ရဲ႕ႀကိဳးစားအားထုတ္မႈကို အရွိန္ျမႇင့္တင္ေပးလိုက္ထာ ေသခ်ာပါတယ္။

#၁၉၇၁-ဘဂၤလားေဒ့ရွ္ဂ်ီႏိုဆိုက္ #သမၼတနစ္ဆင္ #ဟင္နရီကစ္ဆင္ဂ်ား
(Dhaka Tribune., 05 November 2022,” If not genocide, then what?” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.