ရန်ကုန်မြို့၌ လမ်းပေါ်နေ လေလွင့်လူငယ်များအကြား ကော်ရှူသည့်အပြုအမူများ ပေါ်ပေါ်ထင်ထင် တွေ့မြင်လာရပြီး အသိပညာပေးမှုလုပ်ငန်းများလည်း ရပ်တန့်နေ

 801

မျိုးကြီး (NP News) - နိုဝင်ဘာ ၆

ရန်ကုန်မြို့၌ လမ်းပေါ်နေ လေလွင့်လူငယ်များအကြား ကော်ရှူသည့်အပြုအမူများမှာ အများပြည်သူများသွားလာရာနေရာများတွင်ပင် ပေါ်ပေါ်ထင်ထင် တွေ့မြင်လာရကြောင်း NP News ၏ သတင်းအရင်းအမြစ်များက ဆိုသည်။

ကော်ရှူသည့်အပြုအမူများကို လမ်းပေါ်နေ လေလွင့်လူငယ်များက အများဆုံးလုပ် ဆောင်သုံးစွဲခြင်းဖြစ်ပြီး အများစုမှာ ဆင်ခြေဖုံးနေရာတွင် နေထိုင်သုံးစွဲကြကြောင်း သိရသည်။

“ကျွန်တော်ဆိုရင် ကော်ရှူတဲ့ ကလေးငယ်လေးတွေကို နှစ်ခါမက တွေ့တယ်။ အများပြည်သူသွားလာနေတဲ့ ဘတ်စ်ကား ဂိတ်တွေ၊ နောက်ဘတ်စ်ကားပေါ်မှာပါ ကော်ရှူနေကြတာကို တွေ့တယ်။ တချို့ကလေးတွေဆိုရင် အင်္ကျီမပါဘူး။ အင်္ကျီ ပါတဲ့ကလေးတွေကြတော့ ဟောင်းနွမ်းဆုတ်ပြဲနေတယ်။ သူတို့ကလည်း ဘယ်သူ့မှ ဂရုမစိုက်သလို တွေ့မြင်နေရတဲ့ လူထုကလည်း ဂရုစိုက်ရကောင်းမယ့်ပုံ မပေါ်ဘူး။ စိတ်မကောင်းဖြစ်ရတယ်။ အားလုံးက မသိသလိုပဲ သွားလာနေထိုင်နေကြတယ်။ သူတို့လေးတွေကို ပစ်ပယ်မထားသင့်ဘူးလို့ ကျွန်တော်ခံစားမိတယ်” ဟု သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါလေလွင့်လူငယ်များအကြား အသုံးပြုနေသည့် ကော်ဗူးများသည် ရော်ဘာ၊ ချည်ထည်၊ သစ်သားနှင့် ပလပ်စတစ်ပိုက်များအတွက် အသုံးပြုသည့် ကော်ဗူးများပင်ဖြစ်ပြီး ဈေးကွက်အတွင်း၌ အလွယ်တကူဝယ်ယူရရှိနေသည်။

ထို့ပြင် လမ်းပေါ်နေ လေလွင့်လူငယ်များနှင့် ကျောင်းသားကျောင်းသူများအတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကော်ရှူခြင်း အလေ့အထတို့နှင့်ပတ်သက်၍ လက်ရှိတွင် ကိုဗစ်ကာလဖြစ်နေသည့်အတွက် အသိပညာပေးမှုများကို ခေတ္တရပ်ဆိုင်းနေရ ကြောင်း သိရသည်။

“အရင်တုန်းကတော့ ကျောင်းတွေမှာရော၊ လူမှုအသိုင်းအဝိုင်းမှာရော ကျွန်တော်တို့ လုပ်ခဲ့တာရှိပါတယ်။ ကလေးတွေကို ခေါ်တယ်။ လေလွင့်လူငယ်တွေပါ ကျွန်တော်တို့ ခေါ်ပြီးတော့ ဒါတွေမလုပ်ဖို့ အသိပညာပေးတာတွေရှိပါတယ်။ အခုက ကိုဗစ်ကာလလေး ဖြစ်နေတဲ့အခါကြတော့ ပြည်နယ်၊တိုင်းတွေကအစ ခဏရပ်ထားတဲ့ သဘောလေးပါ။ ပြန်ပြီးတော့ ဆက်လုပ်ဖို့တော့ လုပ်နေပါတယ်” ဟု မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ အတွင်းရေးမှူးဦးမြင့်ခိုင်က NP News ကို ပြောသည်။

ကော်ရှူသည့်အပြုအမူများကို လေလွင့်လူငယ်များမှ အများဆုံး ပြုလုပ်ကြလေ့ရှိပြီး ကုန်ကျစရိတ်နည်းပါးသည့်အတွက် ပြုမူသုံးစွဲနေခြင်းဖြစ်ကြောင်း ဦးမြင့်ခိုင်က မှတ် ချက်ပြုသည်။

“ဒီဟာတွေကြောင့် ကလေးတွေဟာ ပျက်စီးသွားတာတွေ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာအလုပ်မှ မလုပ်ချင်တော့ဘူး။ လမ်းဘေနေပြီးတော့ ပလပ်စတစ်ကောက်၊ ဘာကောက်နေရင်းကနေ ချောင်ထဲထိုင်ပြီးတော့ ဒီကော်ရှူတာတွေကိုပဲ လုပ်နေတဲ့ အခါကြတော့ သူတို့ရဲ့ ဝင်ငွေတွေဟာ ကျွန်တော်တို့ စစ်တမ်းကောက်တဲ့အခါမှာ ဝင်ငွေကျသွားတယ်။ အဲဒါလေးတွေတော့ ရှိခဲ့ပါတယ်” ဟု ၎င်းက ဆက် လက်ပြောသည်။

အလားတူ ရန်ကုန်မြို့ရှိ ကော်ဗူးရောင်းချသည့် ဆိုင်များကိုလည်း ကလေးငယ်များမှ ကော်ဗူးဝယ်ယူမှုများရှိပါက မရောင်းချပေးရန် မေတ္တာရပ်ခံတားမြစ်ထားကြောင်း မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းက ဆိုထားသည်။

“ပြုပြင်သင့်တာကတော့ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများကနေပြီးတော့ သူတို့ကို ဖမ်းဆီးတာမလုပ်ဘဲနဲ့ သူတို့တည်ရှိတဲ့နေရာတွေမှာ အသင်းအဖွဲ့တွေက ပညာပေးမယ်။ နောက်သူတို့သွားရမယ့်လုပ်ငန်းပေါ့၊ အလုပ်အကိုင်လေး တွေ ကောင်းရောင်းကောင်းဝယ်ဖြစ်အောင် ဖန်တီးပေးနိုင်ရင် ဒါတွေက ပပျောက်သွားနိုင်ပါတယ်”ဟု အဆိုပါအသင်းမှ အတွင်းရေးမှူးဦးမြင့်ခိုင်က သုံးသပ်ပြောဆိုထားသည်။

လက်ရှိ နိုင်ငံတော် တာဝန်ယူထားသည့် နစကအစိုးရလက်ထက်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လမ်းပေါ်နေကလေးများ လျော့နည်းပပျောက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် အသိပညာပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းပေးခြင်းများ လုပ်ဆောင်ရန်အတွက် ငွေကျပ် ၂၄ ဒသမ ၂ သန်းအား နိုင်ငံတော်ထံမှ တောင်းခံထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် လမ်းပေါ်နေကလေးများအား ထောက်ပံ့ရန်အတွက် ငွေကျပ် ၁ဝ သန်းကိုလည်း အဆိုပါဝန်ကြီးဌာနက တောင်းခံထားသည်ကို တွေ့ရှိရသည်။

ကော်ရှူခြင်းကြောင့် ဦးနှောက်ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အသိစိတ်ကင်းလွတ်ခြင်း၊ အသည်းနှင့်ကျောက်ကပ်ပျက်စီးခြင်း၊ ပျို့အန်ခြင်းနှင့် ရုတ်တရက်သေဆုံးခြင်းတို့ ဖြစ်စေနိုင်ကြောင်း ဆရာဝန်များက မှတ်ချက်ပြုထားကြသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ လမ္းေပၚေန ေလလြင့္လူငယ္မ်ားအၾကား ေကာ္ရႉသည့္အျပဳအမူမ်ား ေပၚေပၚထင္ထင္ ေတြ႕ျမင္လာရၿပီး အသိပညာေပးမႈလုပ္ငန္းမ်ားလည္း ရပ္တန႔္ေန
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၆

ရန္ကုန္ၿမိဳ႕၌ လမ္းေပၚေန ေလလြင့္လူငယ္မ်ားအၾကား ေကာ္ရႉသည့္အျပဳအမူမ်ားမွာ အမ်ားျပည္သူမ်ားသြားလာရာေနရာမ်ားတြင္ပင္ ေပၚေပၚထင္ထင္ ေတြ႕ျမင္လာရေၾကာင္း NP News ၏ သတင္းအရင္းအျမစ္မ်ားက ဆိုသည္။

ေကာ္ရႉသည့္အျပဳအမူမ်ားကို လမ္းေပၚေန ေလလြင့္လူငယ္မ်ားက အမ်ားဆုံးလုပ္ ေဆာင္သုံးစြဲျခင္းျဖစ္ၿပီး အမ်ားစုမွာ ဆင္ေျခဖုံးေနရာတြင္ ေနထိုင္သုံးစြဲၾကေၾကာင္း သိရသည္။

“ကြၽန္ေတာ္ဆိုရင္ ေကာ္ရႉတဲ့ ကေလးငယ္ေလးေတြကို ႏွစ္ခါမက ေတြ႕တယ္။ အမ်ားျပည္သူသြားလာေနတဲ့ ဘတ္စ္ကား ဂိတ္ေတြ၊ ေနာက္ဘတ္စ္ကားေပၚမွာပါ ေကာ္ရႉေနၾကတာကို ေတြ႕တယ္။ တခ်ိဳ႕ကေလးေတြဆိုရင္ အက်ႌမပါဘူး။ အက်ႌ ပါတဲ့ကေလးေတြၾကေတာ့ ေဟာင္းႏြမ္းဆုတ္ၿပဲေနတယ္။ သူတို႔ကလည္း ဘယ္သူ႔မွ ဂ႐ုမစိုက္သလို ေတြ႕ျမင္ေနရတဲ့ လူထုကလည္း ဂ႐ုစိုက္ရေကာင္းမယ့္ပုံ မေပၚဘူး။ စိတ္မေကာင္းျဖစ္ရတယ္။ အားလုံးက မသိသလိုပဲ သြားလာေနထိုင္ေနၾကတယ္။ သူတို႔ေလးေတြကို ပစ္ပယ္မထားသင့္ဘူးလို႔ ကြၽန္ေတာ္ခံစားမိတယ္” ဟု သတင္းအရင္းအျမစ္တစ္ဦးက ေျပာသည္။

အဆိုပါေလလြင့္လူငယ္မ်ားအၾကား အသုံးျပဳေနသည့္ ေကာ္ဗူးမ်ားသည္ ေရာ္ဘာ၊ ခ်ည္ထည္၊ သစ္သားႏွင့္ ပလပ္စတစ္ပိုက္မ်ားအတြက္ အသုံးျပဳသည့္ ေကာ္ဗူးမ်ားပင္ျဖစ္ၿပီး ေဈးကြက္အတြင္း၌ အလြယ္တကူဝယ္ယူရရွိေနသည္။

ထို႔ျပင္ လမ္းေပၚေန ေလလြင့္လူငယ္မ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ မူးယစ္ေဆးဝါးသုံးစြဲျခင္း၊ ေကာ္ရႉျခင္း အေလ့အထတို႔ႏွင့္ပတ္သက္၍ လက္ရွိတြင္ ကိုဗစ္ကာလျဖစ္ေနသည့္အတြက္ အသိပညာေပးမႈမ်ားကို ေခတၱရပ္ဆိုင္းေနရ ေၾကာင္း သိရသည္။

“အရင္တုန္းကေတာ့ ေက်ာင္းေတြမွာေရာ၊ လူမႈအသိုင္းအဝိုင္းမွာေရာ ကြၽန္ေတာ္တို႔ လုပ္ခဲ့တာရွိပါတယ္။ ကေလးေတြကို ေခၚတယ္။ ေလလြင့္လူငယ္ေတြပါ ကြၽန္ေတာ္တို႔ ေခၚၿပီးေတာ့ ဒါေတြမလုပ္ဖို႔ အသိပညာေပးတာေတြရွိပါတယ္။ အခုက ကိုဗစ္ကာလေလး ျဖစ္ေနတဲ့အခါၾကေတာ့ ျပည္နယ္၊တိုင္းေတြကအစ ခဏရပ္ထားတဲ့ သေဘာေလးပါ။ ျပန္ၿပီးေတာ့ ဆက္လုပ္ဖို႔ေတာ့ လုပ္ေနပါတယ္” ဟု ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးဆန႔္က်င္ေရးအသင္းမွ အတြင္းေရးမႉးဦးျမင့္ခိုင္က NP News ကို ေျပာသည္။

ေကာ္ရႉသည့္အျပဳအမူမ်ားကို ေလလြင့္လူငယ္မ်ားမွ အမ်ားဆုံး ျပဳလုပ္ၾကေလ့ရွိၿပီး ကုန္က်စရိတ္နည္းပါးသည့္အတြက္ ျပဳမူသုံးစြဲေနျခင္းျဖစ္ေၾကာင္း ဦးျမင့္ခိုင္က မွတ္ ခ်က္ျပဳသည္။

“ဒီဟာေတြေၾကာင့္ ကေလးေတြဟာ ပ်က္စီးသြားတာေတြ ျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဘာအလုပ္မွ မလုပ္ခ်င္ေတာ့ဘူး။ လမ္းေဘေနၿပီးေတာ့ ပလပ္စတစ္ေကာက္၊ ဘာေကာက္ေနရင္းကေန ေခ်ာင္ထဲထိုင္ၿပီးေတာ့ ဒီေကာ္ရႉတာေတြကိုပဲ လုပ္ေနတဲ့ အခါၾကေတာ့ သူတို႔ရဲ႕ ဝင္ေငြေတြဟာ ကြၽန္ေတာ္တို႔ စစ္တမ္းေကာက္တဲ့အခါမွာ ဝင္ေငြက်သြားတယ္။ အဲဒါေလးေတြေတာ့ ရွိခဲ့ပါတယ္” ဟု ၎က ဆက္ လက္ေျပာသည္။

အလားတူ ရန္ကုန္ၿမိဳ႕ရွိ ေကာ္ဗူးေရာင္းခ်သည့္ ဆိုင္မ်ားကိုလည္း ကေလးငယ္မ်ားမွ ေကာ္ဗူးဝယ္ယူမႈမ်ားရွိပါက မေရာင္းခ်ေပးရန္ ေမတၱာရပ္ခံတားျမစ္ထားေၾကာင္း မူးယစ္ေဆးဝါးဆန႔္က်င္ေရးအသင္းက ဆိုထားသည္။

“ျပဳျပင္သင့္တာကေတာ့ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ တာဝန္ရွိသူမ်ားကေနၿပီးေတာ့ သူတို႔ကို ဖမ္းဆီးတာမလုပ္ဘဲနဲ႔ သူတို႔တည္ရွိတဲ့ေနရာေတြမွာ အသင္းအဖြဲ႕ေတြက ပညာေပးမယ္။ ေနာက္သူတို႔သြားရမယ့္လုပ္ငန္းေပါ့၊ အလုပ္အကိုင္ေလး ေတြ ေကာင္းေရာင္းေကာင္းဝယ္ျဖစ္ေအာင္ ဖန္တီးေပးႏိုင္ရင္ ဒါေတြက ပေပ်ာက္သြားႏိုင္ပါတယ္”ဟု အဆိုပါအသင္းမွ အတြင္းေရးမႉးဦးျမင့္ခိုင္က သုံးသပ္ေျပာဆိုထားသည္။

လက္ရွိ ႏိုင္ငံေတာ္ တာဝန္ယူထားသည့္ နစကအစိုးရလက္ထက္တြင္ လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက လမ္းေပၚေနကေလးမ်ား ေလ်ာ့နည္းပေပ်ာက္ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအတြက္ အသိပညာေပးျခင္း၊ အသက္ေမြးဝမ္းေက်ာင္းသင္တန္းေပးျခင္းမ်ား လုပ္ေဆာင္ရန္အတြက္ ေငြက်ပ္ ၂၄ ဒသမ ၂ သန္းအား ႏိုင္ငံေတာ္ထံမွ ေတာင္းခံထားသည္ကို ေတြ႕ရွိရသည္။

ထို႔ျပင္ လမ္းေပၚေနကေလးမ်ားအား ေထာက္ပံ့ရန္အတြက္ ေငြက်ပ္ ၁ဝ သန္းကိုလည္း အဆိုပါဝန္ႀကီးဌာနက ေတာင္းခံထားသည္ကို ေတြ႕ရွိရသည္။

ေကာ္ရႉျခင္းေၾကာင့္ ဦးေႏွာက္ထိခိုက္ျခင္း၊ ေခါင္းကိုက္ျခင္း၊ အသိစိတ္ကင္းလြတ္ျခင္း၊ အသည္းႏွင့္ေက်ာက္ကပ္ပ်က္စီးျခင္း၊ ပ်ိဳ႕အန္ျခင္းႏွင့္ ႐ုတ္တရက္ေသဆုံးျခင္းတို႔ ျဖစ္ေစႏိုင္ေၾကာင္း ဆရာဝန္မ်ားက မွတ္ခ်က္ျပဳထားၾကသည္။

Picture

Ko Moe

06/11/2022 21:32

ဒီကိစ္စမျိူးကို သတင်းသမား အများဆုံး တာဝန်ရှိပါတယ်။အားပေးပါတယ် အန်ပီရေ

Related news

© 2021. All rights reserved.