လွှတ်တော်ကိုယ်စားလှယ်ဟောင်းအပါအဝင်(၄)ဦး ပစ်သတ်ခံရမှုနှင့် ကျန်းမာရေးမှူးတစ်ဦး ဖမ်းဆီးခံရမှု မြို့နယ်အချို့၌ဖြစ်ပွား

1590

NP News - နိုဝင်ဘာ ၉
လွှတ်တော်ကိုယ်စားလှယ်ဟောင်းအပါအဝင် (၄)ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ကျန်းမာရေးမှူးတစ်ဦး ဖမ်းဆီးခံရမှု မြို့နယ်အချို့၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ မြိုပတ်လမ်းရှိ တြိဂံလမ်းဆုံအနီး ၌ ပြည်ခိုင်ဖြိုးပါတီတိုင်း(၂)လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းထွေးသည် နိုဝင်ဘာလ ၇ ရက်နံနက်ပိုင်းတွင် သေနတ်ဖြင့် (၁၃)ချက်ခန့် ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဦးမင်းထွေးသည် ၎င်းပိုင်ဆိုင်သော Ford ကားဖြင့် တစ်ဦးတည်း မြို့ပတ်လမ်းအ တိုင်း မောင်းနှင်ပြန်လာစဉ်အချိန်တွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၇ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကျန်းမာရေးမှူး၊ သားဖွားဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်နှင်းအိထွန်းသည် ၎င်း ၏မိသားစုနှင့်အတူ ဌာနခွဲတွင် ရှိနေခဲ့ကြောင်း သိရသည်။
ထိုသို့ ရှိနေစဉ်အချိန် အကြမ်းဖက်သမား (၇ဝ)ဦးခန့်က သေနတ်၊ တုတ်၊ ဓားများကိုင်ဆောင်ကာ ဆေးခန်းအတွင်းဝင် ရောက်လာသည့်အချိန်တွင် ကျန်းမာရေးမှူး၏ ခင်ပွန်းဖြစ်သူ ဦးဇော်မင်းအောင်မှာ ထွက်ပြေးတိမ်းရှောင်စဉ်အချိန် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အချက်အလက်များက ဆိုသည်။
ထို့နောက် ကျန်းမာရေးမှူးဒေါ်နှင်းအိထွန်းအား ၎င်းပိုင်ဆိုင်သည့် ကားပေါ်သို့ တင် ဆောင်ကာ ကျေးပင်အက်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် ကျန်းမာရေးမှူး၏ သားများဖြစ်သော အသက်(၉)နှစ်အရွယ်နှင့် (၇)နှစ်အရွယ် ကလေးနှစ်ဦးကို ကျေးရွာနေပြည်သူများက ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ထို့ပြင် နိုဝင်ဘာလ ၇ ရက်တွင်လည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာနေ ဒေါ်စန်းကြူသည် တစ်ရွာတည်း နေထိုင်သူများနှင့်အတူ ယာခင်း၌ မြေပဲနှုတ်ပြီး ထမင်းစားနားနေစဉ်အချိန် အမျိုးသား(၆)ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၈ ရက်တွင်လည်း ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းစောက်ကျေးရွာတွင် နေထိုင်သော အသက်(၆၃) နှစ်အရွယ်ရှိ ဦးသန်းထွန်းမှာလည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ရဲတပ်ဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ ၎င်းနေ့တွင်လည်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရမ်ကထောင်ကျေးရွာတွင် နေထိုင်သော ဦးဘရန်နန်မှာလည်း လယ်အတွင်းမှ အလုပ်လုပ်ကိုင်ပြီး နေအိမ်သို့ လမ်းလျှောက်ပြန်လာစဉ် ဆိုင်ကယ်မောင်းနှင်လာသည့်အမျိုးသား (၂) ဦး၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသည့်အတွက် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

zawgyi version
လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းအပါအဝင္(၄)ဦး ပစ္သတ္ခံရမႈႏွင့္ က်န္းမာေရးမႉးတစ္ဦး ဖမ္းဆီးခံရမႈ ၿမိဳ႕နယ္အခ်ိဳ႕၌ျဖစ္ပြား
NP News - ႏိုဝင္ဘာ ၉
လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းအပါအဝင္ (၄)ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈႏွင့္ က်န္းမာေရးမႉးတစ္ဦး ဖမ္းဆီးခံရမႈ ၿမိဳ႕နယ္အခ်ိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕၊ ပိႏၷဲေတာရပ္ကြက္၊ ၿမိဳပတ္လမ္းရွိ ႀတိဂံလမ္းဆုံအနီး ၌ ျပည္ခိုင္ၿဖိဳးပါတီတိုင္း(၂)လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးမင္းေထြးသည္ ႏိုဝင္ဘာလ ၇ ရက္နံနက္ပိုင္းတြင္ ေသနတ္ျဖင့္ (၁၃)ခ်က္ခန႔္ ပစ္သတ္ခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။
ဦးမင္းေထြးသည္ ၎ပိုင္ဆိုင္ေသာ Ford ကားျဖင့္ တစ္ဦးတည္း ၿမိဳ႕ပတ္လမ္းအ တိုင္း ေမာင္းႏွင္ျပန္လာစဥ္အခ်ိန္တြင္ အမ်ိဳးသားတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ကာ ေသဆုံးခဲ့ေၾကာင္း သိရသည္။
အလားတူ ႏိုဝင္ဘာလ ၇ ရက္ ညေန ၅ နာရီအခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္၊ ငွက္ေပ်ာတိုင္းေက်း႐ြာ ေက်းလက္က်န္းမာေရးဌာနခြဲ၌ က်န္းမာေရးမႉး၊ သားဖြားဆရာမအျဖစ္ တာဝန္ထမ္းေဆာင္ေနသည့္ ေဒၚႏွင္းအိထြန္းသည္ ၎ ၏မိသားစုႏွင့္အတူ ဌာနခြဲတြင္ ရွိေနခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ရွိေနစဥ္အခ်ိန္ အၾကမ္းဖက္သမား (၇ဝ)ဦးခန႔္က ေသနတ္၊ တုတ္၊ ဓားမ်ားကိုင္ေဆာင္ကာ ေဆးခန္းအတြင္းဝင္ ေရာက္လာသည့္အခ်ိန္တြင္ က်န္းမာေရးမႉး၏ ခင္ပြန္းျဖစ္သူ ဦးေဇာ္မင္းေအာင္မွာ ထြက္ေျပးတိမ္းေရွာင္စဥ္အခ်ိန္ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင္း ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏ အခ်က္အလက္မ်ားက ဆိုသည္။
ထို႔ေနာက္ က်န္းမာေရးမႉးေဒၚႏွင္းအိထြန္းအား ၎ပိုင္ဆိုင္သည့္ ကားေပၚသို႔ တင္ ေဆာင္ကာ ေက်းပင္အက္ေက်း႐ြာဘက္သို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
လက္ရွိတြင္ က်န္းမာေရးမႉး၏ သားမ်ားျဖစ္ေသာ အသက္(၉)ႏွစ္အ႐ြယ္ႏွင့္ (၇)ႏွစ္အ႐ြယ္ ကေလးႏွစ္ဦးကို ေက်း႐ြာေနျပည္သူမ်ားက ထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။
ထို႔ျပင္ ႏိုဝင္ဘာလ ၇ ရက္တြင္လည္း မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္၊ ေရလာေလးေက်း႐ြာေန ေဒၚစန္းၾကဴသည္ တစ္႐ြာတည္း ေနထိုင္သူမ်ားႏွင့္အတူ ယာခင္း၌ ေျမပဲႏႈတ္ၿပီး ထမင္းစားနားေနစဥ္အခ်ိန္ အမ်ိဳးသား(၆)ဦးက ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ထို႔ျပင္ ႏိုဝင္ဘာလ ၈ ရက္တြင္လည္း ပဲခူးတိုင္း၊ အုတ္ဖိုၿမိဳ႕နယ္၊ ေခ်ာင္းေစာက္ေက်း႐ြာတြင္ ေနထိုင္ေသာ အသက္(၆၃) ႏွစ္အ႐ြယ္ရွိ ဦးသန္းထြန္းမွာလည္း ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရၿပီး ရဲတပ္ဖြဲ႕အေနျဖင့္ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
ထို႔အတူ ၎ေန႔တြင္လည္း ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ မရမ္ကေထာင္ေက်း႐ြာတြင္ ေနထိုင္ေသာ ဦးဘရန္နန္မွာလည္း လယ္အတြင္းမွ အလုပ္လုပ္ကိုင္ၿပီး ေနအိမ္သို႔ လမ္းေလွ်ာက္ျပန္လာစဥ္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္အမ်ိဳးသား (၂) ဦး၏ ေသနတ္ျဖင့္ ပစ္ခတ္ျခင္းခံခဲ့ရသည့္အတြက္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။