အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့အတွက် ရာထူးနေရာ (၅ဝဝ)ကျော်ခေါ်ယူ

 1090

ဖူးပြည့် (NP News) - နိုဝင်ဘာ ၁ဝ

လူမှုဖူလုံရေးအဖွဲ့တွင် လစ်လပ်လျက်ရှိသော ရာထူးနေရာ (၅၃ဝ)အတွက် လျှောက် လွှာများစတင်ခေါ်ယူနေပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ် ပြန်ကြေညာထားသည်။

အဆိုပါ ရာထူးနေရာများတွင် ဒုတိယဦးစီးမှူးအတွက် (၁၅) နေရာ၊ အငယ်တန်းစာရေးအတွက် (၃၆၅) နေရာ၊ ယာဉ်မောင်း-၅ (အမျိုးသား)အတွက် (၁ဝ)နေရာ၊ ရုံးအကူအတွက် (၄ဝ) နေရာ၊ အစောင့် (အမျိုးသား)အတွက် (၅၃) နေရာ၊ သန့်ရှင်းရေးအကူအတွက် (၄ဝ) နေရာ၊ လုပ်သား (ထမင်းချက်)အတွက် (၆) နေရာ၊ လုပ် သား (ရင်ခွဲရုံလုပ်သား)အတွက် (၁) နေရာတို့ ပါဝင်ကြောင်းသိရသည်။

ဒုတိယဦးစီးမှူးနှင့် အငယ်တန်းစာရေးအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲတစ်ခုခုရရှိရမည်ဖြစ်ပြီး ယာဉ်မောင်း-၅ နှင့် ရုံးအကူအတွက် ခြေခံပညာအလယ်တန်းအဆင့် ရှိရမည်ဖြစ်ကာ ကျန်ရာထူးများအတွက် အခြေခံပညာမူလတန်းအဆင့် ရှိရမည်ဖြစ် ကြောင်း သိရသည်။

လျှောက်လွှာပုံစံများကို လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်လူမှု ဖူလုံရေးရုံးများ၊ ခရိုင်လူမှုဖူလုံရေးရုံးများ၊ မြို့နယ်လူမှုဖူလုံရေးရုံးများတွင် ထုတ်ယူရမည်ဖြစ်ပြီး လျှောက်လွှာများကို နိုဝင်ဘာလ ၃ဝ ရက်နောက်ဆုံးထား၍ မိမိလျှောက်လွှာထုတ်ယူခဲ့သည့် နေရာများတွင် လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံရသူများသည် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်လူမှုဖူလုံရေးရုံး၊ ခရိုင်လူမှုဖူလုံရေးရုံး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ အလုပ်သမားဆေးရုံကြီးများ (ရန်ကုန်/မန္တလေး/ထန်းတပင်) နှင့် မြို့နယ်လူမှုဖူလုံရေးဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားသည်။

ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရသူသည် အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး နေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။

zawgyi version
အလုပ္သမားဝန္ႀကီးဌာနက လူမႈဖူလုံေရးအဖြဲ႕အတြက္ ရာထူးေနရာ (၅ဝဝ)ေက်ာ္ေခၚယူ
ဖူးျပည့္ (NP News) - ႏိုဝင္ဘာ ၁ဝ

လူမႈဖူလုံေရးအဖြဲ႕တြင္ လစ္လပ္လ်က္ရွိေသာ ရာထူးေနရာ (၅၃ဝ)အတြက္ ေလွ်ာက္ လႊာမ်ားစတင္ေခၚယူေနၿပီျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက အသိေပးထုတ္ ျပန္ေၾကညာထားသည္။

အဆိုပါ ရာထူးေနရာမ်ားတြင္ ဒုတိယဦးစီးမႉးအတြက္ (၁၅) ေနရာ၊ အငယ္တန္းစာေရးအတြက္ (၃၆၅) ေနရာ၊ ယာဥ္ေမာင္း-၅ (အမ်ိဳးသား)အတြက္ (၁ဝ)ေနရာ၊ ႐ုံးအကူအတြက္ (၄ဝ) ေနရာ၊ အေစာင့္ (အမ်ိဳးသား)အတြက္ (၅၃) ေနရာ၊ သန႔္ရွင္းေရးအကူအတြက္ (၄ဝ) ေနရာ၊ လုပ္သား (ထမင္းခ်က္)အတြက္ (၆) ေနရာ၊ လုပ္ သား (ရင္ခြဲ႐ုံလုပ္သား)အတြက္ (၁) ေနရာတို႔ ပါဝင္ေၾကာင္းသိရသည္။

ဒုတိယဦးစီးမႉးႏွင့္ အငယ္တန္းစာေရးအတြက္ တကၠသိုလ္တစ္ခုခုမွ ဘြဲတစ္ခုခုရရွိရမည္ျဖစ္ၿပီး ယာဥ္ေမာင္း-၅ ႏွင့္ ႐ုံးအကူအတြက္ ေျခခံပညာအလယ္တန္းအဆင့္ ရွိရမည္ျဖစ္ကာ က်န္ရာထူးမ်ားအတြက္ အေျခခံပညာမူလတန္းအဆင့္ ရွိရမည္ျဖစ္ ေၾကာင္း သိရသည္။

ေလွ်ာက္လႊာပုံစံမ်ားကို လူမႈဖူလုံေရးအဖြဲ႕(႐ုံးခ်ဳပ္)၊ တိုင္းေဒသႀကီး/ျပည္နယ္လူမႈ ဖူလုံေရး႐ုံးမ်ား၊ ခ႐ိုင္လူမႈဖူလုံေရး႐ုံးမ်ား၊ ၿမိဳ႕နယ္လူမႈဖူလုံေရး႐ုံးမ်ားတြင္ ထုတ္ယူရမည္ျဖစ္ၿပီး ေလွ်ာက္လႊာမ်ားကို ႏိုဝင္ဘာလ ၃ဝ ရက္ေနာက္ဆုံးထား၍ မိမိေလွ်ာက္လႊာထုတ္ယူခဲ့သည့္ ေနရာမ်ားတြင္ ေလွ်ာက္ထားရ မည္ျဖစ္ေၾကာင္း သိရသည္။

ေ႐ြးခ်ယ္ခံရသူမ်ားသည္ လူမႈဖူလုံေရးအဖြဲ႕ (႐ုံးခ်ဳပ္)၊ တိုင္းေဒသႀကီး/ျပည္နယ္လူမႈဖူလုံေရး႐ုံး၊ ခ႐ိုင္လူမႈဖူလုံေရး႐ုံး၊ ၿမိဳ႕နယ္လူမႈဖူလုံေရး႐ုံး၊ အလုပ္သမားေဆး႐ုံႀကီးမ်ား (ရန္ကုန္/မႏၲေလး/ထန္းတပင္) ႏွင့္ ၿမိဳ႕နယ္လူမႈဖူလုံေရးေဆးခန္းမ်ားတြင္ တာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက အသိေပးထားသည္။

ဝန္ထမ္းအျဖစ္ ခန႔္အပ္ျခင္းခံရသူသည္ အနည္းဆုံး (၅)ႏွစ္ တာဝန္ထမ္းေဆာင္ရမည္ျဖစ္ၿပီး ေနရာေဒသမေ႐ြးသြားေရာက္တာဝန္ထမ္းေဆာင္ႏိုင္သူျဖစ္ရမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက အသိေပးထားသည္။

Related news

© 2021. All rights reserved.