ယူကရိန်းအတွက် တောင်ကိုရီးယားမှ အမြောက်ကျည်များ ဝယ်ယူရန် အမေရိကန်က ဒေါ်လာသန်း ၄ဝဝ ထပ်မံ အကူအညီပေး

606

ရောင်နီ (NP News) - နိုဝင်ဘာ ၁၂
ယူကရိန်းစစ်ပွဲမှာ အသုံးပြုရန်အတွက် တောင်ကိုးရီးယားလုပ် အမြောက်ကျည် အလုံးရေ ၁ဝဝဝဝဝ ကို ဝါရှင်တန် က ဝယ်ယူရန် စီစဉ်နေကြောင်း၊ တောင်ကိုရီးယားကလည်း ယူကရိန်းကို သေစေလောက်သော လက်နက်အကူ အညီများ ပေးအပ်ခြင်းအပေါ် ၎င်းရဲ့မူဝါဒကို မပြောင်းလဲဘဲ ဆက်လက်ထားရှိမယ်လို့ အခိုင်အမာ ပြောကြားထား ကြောင်း သိရပါတယ်။
အဆိုပါသဘောတူညီချက်နဲ့ရင်းနှီးသော အမေရိကန်တာဝန်ရှိသူများရဲ့ပြောကြားချက်အရ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ယူကရိန်းသို့ ပို့ဆောင်မယ့် 155 mm အမြောက်ကျည် ၁ဝဝဝဝဝ ဝယ်ယူရန် သဘောတူညီ မှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက ဝါရှင်တန်ဟာ ယူကရိန်းသို့ တောင်ကိုရီးယားအမြောက်ကျည်များ ပေးပို့လိုကြောင်း နိုဝင်ဘာလ ၁၁ ရက်၊ သောကြာနေ့က အတည်ပြုခဲ့တယ် လို့ ဆိုပါတယ်။
ခဲယမ်းများ သဘောတူညီချက်ဆိုင်ရာအစီရင်ခံစာများကိုတုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားက ယူကရိန်းကို အကူအညီများ ပေးအပ်ခြင်းဆိုင်ရာ ၎င်းရဲ့ရပ်တည်ချက်မှာ မပြောင်းလဲဘဲ အမြောက်ကျည်များ ရောင်းချမှုနဲ့ပတ်သက်ပြီး လျှို့ဝှက်စေ့စပ်ညှိနှိုင်းမှုများပြုလုပ်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက်၊ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ယင်းနောက် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး လီဂျုံဆက်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ဟာ နိုဝင်ဘာလ အစောပိုင်းအတွင်း အမြောက်လက်နက်ဆိုင်ရာသဘောတူညီချက်ကို ဆက်လက်ဆောင်ရွက်ဖို့ “မူအရ” သဘောတူခဲ့ကြောင်း တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။
ရုရှားသမ္မတပူတင်ကတော့ ယင်းသတင်းနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက ယူကရိန်းစစ်ပွဲကို လှုံ့ဆော်နေတယ်လို့စွပ်စွဲကာ ယူကရိန်းကို လက်နက်မထောက်ပံ့ဖို့ တောင်ကိုရီးယားကို သတိပေးလိုက်တယ်လို့ သိရပါတယ်။

Zawgyi Version;
ယူကရိန္းအတြက္ ေတာင္ကိုရီးယားမွ အေျမာက္က်ည္မ်ား ဝယ္ယူရန္ အေမရိကန္က ေဒၚလာသန္း ၄ဝဝ ထပ္မံ အကူအညီေပး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၂
ယူကရိန္းစစ္ပြဲမွာ အသုံးျပဳရန္အတြက္ ေတာင္ကိုးရီးယားလုပ္ အေျမာက္က်ည္ အလုံးေရ ၁ဝဝဝဝဝ ကို ဝါရွင္တန္ က ဝယ္ယူရန္ စီစဥ္ေနေၾကာင္း၊ ေတာင္ကိုရီးယားကလည္း ယူကရိန္းကို ေသေစေလာက္ေသာ လက္နက္အကူ အညီမ်ား ေပးအပ္ျခင္းအေပၚ ၎ရဲ႕မူဝါဒကို မေျပာင္းလဲဘဲ ဆက္လက္ထားရွိမယ္လို႔ အခိုင္အမာ ေျပာၾကားထား ေၾကာင္း သိရပါတယ္။
အဆိုပါသေဘာတူညီခ်က္နဲ႔ရင္းႏွီးေသာ အေမရိကန္တာဝန္ရွိသူမ်ားရဲ႕ေျပာၾကားခ်က္အရ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ဟာ ယူကရိန္းသို႔ ပို႔ေဆာင္မယ့္ 155 mm အေျမာက္က်ည္ ၁ဝဝဝဝဝ ဝယ္ယူရန္ သေဘာတူညီ မႈရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။ အမည္မေဖာ္လိုသူ အေမရိကန္အရာရွိတစ္ဦးက ဝါရွင္တန္ဟာ ယူကရိန္းသို႔ ေတာင္ကိုရီးယားအေျမာက္က်ည္မ်ား ေပးပို႔လိုေၾကာင္း ႏိုဝင္ဘာလ ၁၁ ရက္၊ ေသာၾကာေန႔က အတည္ျပဳခဲ့တယ္ လို႔ ဆိုပါတယ္။
ခဲယမ္းမ်ား သေဘာတူညီခ်က္ဆိုင္ရာအစီရင္ခံစာမ်ားကိုတုံ႔ျပန္တဲ့အေနနဲ႔ ေတာင္ကိုရီးယားက ယူကရိန္းကို အကူအညီမ်ား ေပးအပ္ျခင္းဆိုင္ရာ ၎ရဲ႕ရပ္တည္ခ်က္မွာ မေျပာင္းလဲဘဲ အေျမာက္က်ည္မ်ား ေရာင္းခ်မႈနဲ႔ပတ္သက္ၿပီး လွ်ိဳ႕ဝွက္ေစ့စပ္ညႇိႏႈိင္းမႈမ်ားျပဳလုပ္ေနေၾကာင္း ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ႏိုဝင္ဘာလ ၁၁ ရက္၊ ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။
ယင္းေနာက္ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီး လီဂ်ဳံဆက္နဲ႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္တို႔ဟာ ႏိုဝင္ဘာလ အေစာပိုင္းအတြင္း အေျမာက္လက္နက္ဆိုင္ရာသေဘာတူညီခ်က္ကို ဆက္လက္ေဆာင္႐ြက္ဖို႔ “မူအရ” သေဘာတူခဲ့ေၾကာင္း ေတာင္ကိုရီးယား Yonhap သတင္းေအဂ်င္စီက ေဖာ္ျပခဲ့ပါတယ္။
႐ုရွားသမၼတပူတင္ကေတာ့ ယင္းသတင္းနဲ႔ပတ္သက္ၿပီး အေနာက္ႏိုင္ငံေတြက ယူကရိန္းစစ္ပြဲကို လႈံ႕ေဆာ္ေနတယ္လို႔စြပ္စြဲကာ ယူကရိန္းကို လက္နက္မေထာက္ပံ့ဖို႔ ေတာင္ကိုရီးယားကို သတိေပးလိုက္တယ္လို႔ သိရပါတယ္။