၂ဝ၂ဝ နိုင်ငံရေးပြဿနာသည် အရင်းခံမဟုတ်ဘဲ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးအတွက် ဝိုင်းဝန်းသင့်ကြောင်း အာဆီယံကို RCSS တိုက်တွန်း

 723

NP News - နိုဝင်ဘာ ၁၇

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် လွန်ခဲ့သောရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည့် အကြိမ် ၄ဝ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ဆုံးဖြတ်ချက်များအား ကြိုဆိုခဲ့ပြီး ၎င်းနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို နိုဝင်ဘာလ ၁၇ ရက် တွင် ထုတ်ပြန်လိုက်သည်။

RCSS ၏ အဆိုပါထုတ်ပြန်ချက်ထဲတွင် ၂ဝ၂ဝ ရွေးကောက်ပွဲပြဿနာကို ဦးတည်၍ ဖြေရှင်းနေခြင်းသည် တိုင်းပြည်၏ အရင်းခံပြဿနာမဟုတ်ဘဲ ၁၉၄၇ ပင်လုံစာချုပ်ပါအချက်အလက်များအား အကောင်အထည်ဖော် ဆောင်နိုင်ရန်မှာ အဓိကကျပြီး သို့မှသာလျှင် လက်ရှိနိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ဆက်လက်ပြီး အာဆီယံအနေဖြင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးကို ဖြစ်မြောက်စေရန် ဝိုင်းဝန်း ကြိုးပမ်း သင့်ကြောင်းလည်း တိုက်တွန်းထားသည်။

“အာဆီယံအနေဖြင့် တွေ့ဆုံဆွေးနွေးမည်ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် Stakeholders များ အားလုံးနှင့် တွေ့ဆုံဆွေးနွေး၍ ဝိုင်းဝန်းကြိုးပမ်း နည်းလမ်းရှာနိုင်မှသာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည်” ဟု ထုတ်ပြန်ချက်တွေ ဖော်ပြထားသည်။

NCA လက်မှတ်ရေးထိုးစဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့သူများ၊ အဖွဲ့အစည်းများ၊ နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် ပါဝင်ကူညီပံ့ပိုးရန် လိုအပ်ကြောင်းလည်း RCSS က တိုက်တွန်းထားသည်။

RCSS သည် လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ၌ ပါဝင် ဆွေးနွေးလျက်ရှိသော တိုင်းရင်းသာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

Zawgyi Version;
၂ဝ၂ဝ ႏိုင္ငံေရးျပႆနာသည္ အရင္းခံမဟုတ္ဘဲ အားလုံးပါဝင္သည့္ ေတြ႕ဆုံေဆြးေႏြးေရးအတြက္ ဝိုင္းဝန္းသင့္ ေၾကာင္း အာဆီယံကို RCSS တိုက္တြန္း
NP News - ႏိုဝင္ဘာ ၁၇
သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) အေနျဖင့္ လြန္ခဲ့ေသာရက္ပိုင္းအတြင္းက ထုတ္ျပန္ခဲ့သည့္ အႀကိမ္ ၄ဝ ႏွင့္ ၄၁ ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝး၏ဆုံးျဖတ္ခ်က္မ်ားအား ႀကိဳဆိုခဲ့ၿပီး ၎ႏွင့္ ပတ္သက္သည့္ သေဘာထားထုတ္ျပန္ခ်က္တစ္ရပ္ကို ႏိုဝင္ဘာလ ၁၇ ရက္ တြင္ ထုတ္ျပန္လိုက္သည္။

RCSS ၏ အဆိုပါထုတ္ျပန္ခ်က္ထဲတြင္ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲျပႆနာကို ဦးတည္၍ ေျဖရွင္းေနျခင္းသည္ တိုင္းျပည္၏ အရင္းခံျပႆနာမဟုတ္ဘဲ ၁၉၄၇ ပင္လုံစာခ်ဳပ္ပါအခ်က္အလက္မ်ားအား အေကာင္အထည္ေဖာ္ ေဆာင္ႏိုင္ရန္မွာ အဓိကက်ၿပီး သို႔မွသာလွ်င္ လက္ရွိႏိုင္ငံေရးျပႆနာမ်ားကို ေျဖရွင္းႏိုင္မည္ျဖစ္ေၾကာင္း ေဖာ္ျပ ထားသည္။

ဆက္လက္ၿပီး အာဆီယံအေနျဖင့္ အားလုံးပါဝင္ေသာ ေတြ႕ဆုံေဆြးေႏြးေရးကို ျဖစ္ေျမာက္ေစရန္ ဝိုင္းဝန္း ႀကိဳးပမ္း သင့္ေၾကာင္းလည္း တိုက္တြန္းထားသည္။

“အာဆီယံအေနျဖင့္ ေတြ႕ဆုံေဆြးေႏြးမည္ဆိုလွ်င္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ ႏိုင္ငံေရးပါတီမ်ား၊ တတ္သိပညာရွင္မ်ား၊ ဘာသာေရးေခါင္းေဆာင္မ်ား အပါအဝင္ Stakeholders မ်ား အားလုံးႏွင့္ ေတြ႕ဆုံေဆြးေႏြး၍ ဝိုင္းဝန္းႀကိဳးပမ္း နည္းလမ္းရွာႏိုင္မွသာ လက္ရွိ ႏိုင္ငံေရးအက်ပ္အတည္းကို ေျဖရွင္းႏိုင္မည္” ဟု ထုတ္ျပန္ခ်က္ေတြ ေဖာ္ျပထားသည္။

NCA လက္မွတ္ေရးထိုးစဥ္က အသိသက္ေသအျဖစ္ ပါဝင္ခဲ့သူမ်ား၊ အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံမ်ားအေနျဖင့္လည္း ျမန္မာႏိုင္ငံ၏ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ရာတြင္ ပါဝင္ကူညီပံ့ပိုးရန္ လိုအပ္ေၾကာင္းလည္း RCSS က တိုက္တြန္းထားသည္။

RCSS သည္ လက္ရွိအခ်ိန္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား၌ ပါဝင္ ေဆြးေႏြးလ်က္ရွိေသာ တိုင္းရင္းသာ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္သည္။

Picture

C Thu Tun

18/11/2022 06:46

အဖြစ်သင့်ဆုံးပါ

Related news

© 2021. All rights reserved.