ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နိုဝင်ဘာ(၂ဝ)ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလ အသိပေး

 498

ယွန်း (NP News) - နိုဝင်ဘာ ၁၇

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နိုဝင်ဘာ(၂ဝ)ရက်နေ့အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(နိုဝင်ဘာ ၁၇ ရက်) နံနက်(၁ဝ)နာရီခွဲအချိန် ထုတ်ပြန်ချက် တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုးဇလမှ နံနက်(၉)နာရီအချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မုန်တိုင်းငယ် အဖြစ် အားကောင်းလာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့(နိုဝင်ဘာ ၁၇ရက်) မှ နိုဝင်ဘာ(၂ဝ)ရက်နေ့အတွင်း ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်နှင့် မွန်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ ဆိုသည်။

ထို့ပြင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)၊ ချင်းနှင့် ရခိုင်တို့တွင် နေရာ ကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသက်လေပြင်းကျရောက်၍ လှိုင်းကြီး နိုင်ပြီး မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိတိုက်ခတ်နိုင်ကြောင်း သိရသည်။

လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ် နိုင်ခြင်းကြောင့် ကြိုတင်သတိပြု၍ နေထိုင်ကြပါရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
ရန္ကုန္အပါအဝင္ တိုင္းႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ ႏိုဝင္ဘာ(၂ဝ)ရက္ေန႔အထိ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလ အသိေပး
ယြန္း (NP News) - ႏိုဝင္ဘာ ၁၇

ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ ႏိုဝင္ဘာ(၂ဝ)ရက္ေန႔အထိ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလမွ အသိေပးထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(ႏိုဝင္ဘာ ၁၇ ရက္) နံနက္(၁ဝ)နာရီခြဲအခ်ိန္ ထုတ္ျပန္ခ်က္ တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

မိုးဇလမွ နံနက္(၉)နာရီအခ်ိန္တိုင္းထြာခ်က္အရ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္ လ်က္ရွိေသာ ကပၸလီပင္လယ္ျပင္ေျမာက္ပိုင္းတို႔တြင္ ေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္ေပၚေနေၾကာင္း သိရသည္။

အဆိုပါေလဖိအားနည္းရပ္ဝန္းသည္ ေနာက္(၄၈)နာရီအတြင္း ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္း၌ မုန္တိုင္းငယ္ အျဖစ္ အားေကာင္းလာႏိုင္ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။

အဆိုပါေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ ယေန႔(ႏိုဝင္ဘာ ၁၇ရက္) မွ ႏိုဝင္ဘာ(၂ဝ)ရက္ေန႔အတြင္း ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ကယား၊ ကရင္ႏွင့္ မြန္တို႔တြင္ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလမွ ဆိုသည္။

ထို႔ျပင္ ေနျပည္ေတာ္၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရွမ္းျပည္(ေတာင္ပိုင္း)ႏွင့္ (အေရွ႕ပိုင္း)၊ ခ်င္းႏွင့္ ရခိုင္တို႔တြင္ ေနရာ က်ဲက်ဲမိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလမွ သိရသည္။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္လည္း မိုးသက္ေလျပင္းက်ေရာက္၍ လႈိင္းႀကီး ႏိုင္ၿပီး မိုးသက္ေလျပင္း က်ေရာက္စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၃၅)မိုင္အထိတိုက္ခတ္ႏိုင္ေၾကာင္း သိရသည္။

ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ မိုး႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္းမ်ား ျဖစ္ေပၚ ႏိုင္ျခင္းေၾကာင့္ ႀကိဳတင္သတိျပဳ၍ ေနထိုင္ၾကပါရန္ မိုးဇလမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.