မတ္တရာမြို့တွင် မြေသယ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူ သေဆုံး

 717

NP News - နိုဝင်ဘာ ၁၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် မြေသယ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် နိုဝင်ဘာ(၁၆)ရက်နေ့ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ(၁၆)ရက် နံနက်(၆)နာရီခွဲအချိန်ခန့်တွင် မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအနီးတွင် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာတွင် နေထိုင်သူ ဦးတင်မောင်သည် စီနိုထရပ်အမျိုးအစား အဖြူရောင်မြေသယ်ယာဉ်ဖြင့် ကင်းရွာမှ ပြင်ဦးလွင်မြို့သို့ သွားရောက်ရန်ထွက်လာစဉ် တောင်ကန်ရွာအနီး အရောက်၌ အကြမ်းဖက်သမားများက လမ်း၏ တောင်ဘက်ပေ(၂ဝ)ခန့်အကွာမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ဦးတင်သောင်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်၍ လုံခြုံရေးများဆောင်ရွက်ခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာများ ရရှိထားသည့် ယာဉ်မောင်း ဦးတင်သောင်းအား မတ္တရာမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ဆေးကုသပေးခဲ့သော်လည်း ရရှိထားသည့်ဒဏ်ရာများကြောင့် နံနက်(၇)နာရီအချိန်တွင် သေဆုံးခဲ့ ကြောင်း နစကမှ ဆိုထားသည်။

Zawgyi Version;
မတၱရာၿမိဳ႕တြင္ ေျမသယ္ယာဥ္တစ္စီး မိုင္းဆြဲတိုက္ခိုက္ခံရမႈေၾကာင့္ ယာဥ္ေမာင္းျဖစ္သူ ေသဆုံး
NP News - ႏိုဝင္ဘာ ၁၇

မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ ေျမသယ္ယာဥ္တစ္စီး မိုင္းဆြဲတိုက္ခိုက္ခံရမႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၁၆)ရက္ေန႔ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ(၁၆)ရက္ နံနက္(၆)နာရီခြဲအခ်ိန္ခန႔္တြင္ မတၱရာၿမိဳ႕နယ္၊ ေတာင္ကန္ေက်း႐ြာအနီးတြင္ ျဖစ္ပြား ခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္မွာ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ၾကာနီကန္ေက်း႐ြာတြင္ ေနထိုင္သူ ဦးတင္ေမာင္သည္ စီႏိုထရပ္အမ်ိဳးအစား အျဖဴေရာင္ေျမသယ္ယာဥ္ျဖင့္ ကင္း႐ြာမွ ျပင္ဦးလြင္ၿမိဳ႕သို႔ သြားေရာက္ရန္ထြက္လာစဥ္ ေတာင္ကန္႐ြာအနီး အေရာက္၌ အၾကမ္းဖက္သမားမ်ားက လမ္း၏ ေတာင္ဘက္ေပ(၂ဝ)ခန႔္အကြာမွ မိုင္းဆြဲတိုက္ခိုက္ခဲ့သျဖင့္ ဦးတင္ေသာင္းတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျဖစ္စဥ္ျဖစ္ပြားသည့္ ေနရာသို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား သြားေရာက္၍ လုံၿခဳံေရးမ်ားေဆာင္႐ြက္ခဲ့ၿပီး မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိထားသည့္ ယာဥ္ေမာင္း ဦးတင္ေသာင္းအား မတၱရာၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္၍ေဆးကုသေပးခဲ့ေသာ္လည္း ရရွိထားသည့္ဒဏ္ရာမ်ားေၾကာင့္ နံနက္(၇)နာရီအခ်ိန္တြင္ ေသဆုံးခဲ့ ေၾကာင္း နစကမွ ဆိုထားသည္။

Related news

© 2021. All rights reserved.