ရှမ်းနီပြည်သူအချင်းချင်း စည်းလုံးညီညွတ်ရန်လိုအပ်ပြီး သွေးမကွဲစေရန် ရှမ်းနီတပ်မတော် သတိပေး

 1124

NP News - နိုဝင်ဘာ ၁၇
ရှမ်းနီတစ်မျိုးသားလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းနီလူငယ်များအပါအဝင် ရှမ်းနီပြည်သူလူထုတစ်ရပ်လုံး ညီညွတ်စွာစည်းလုံးရေးသည် အရေးကြီးကြောင်း ရှမ်းနီအမျိုးသားများ တပ်မတော် SNA ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ရှမ်းနီလူငယ်များအနေဖြင့် မသမာသော နိုင်ငံရေးသမားများ၏ အာဏာတည်ဆောက်ရေးအတွက် အသိမ်းသွင်းခံ မဖြစ်စေရန် နှင့် နိုင်ငံရေးရာ ဝါဒမှိုင်းတိုက်ကာ လိုရာအသုံးချခံရမှုများ မဖြစ်စေရန်၊ အထူးသဖြင့် ကေအိုင်အေ၏ သွေးထိုးပေးမှုကြောင့် ရှမ်းနီဒေသများတွင် စစ်တလင်း မဖြစ်စေရန် လိုအပ်ကြောင်း SNA က သတိပေးထုတ်ပြန် ထားသည်။

ရှမ်းနီလူငယ်များအနေဖြင့် လူသားဒိုင်းအဖြစ် အသုံးချခံနေရကြောင်းကိုလည်း ထည့်သွင်းအသိပေးထားသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ထိစပ်နယ်မြေများရှိ ရှမ်းနီပြည်သူများ၊ ရှမ်းနီသံဃာတော်များနှင့် ရှမ်းနီအဖွဲ့အစည်းများမှ လူပုဂ္ဂို္ဂိုလ်ားအနေဖြင့် ကေအိုင်အေ ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အနိုင်ကျင့်စော်ကားမှုများကို မကြာခဏဆိုသလို ခံရလေ့ရှိကြသည်။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ကျေးရွာဘုန်းကြီးကျောင်း၌ ကျောင်းထိုင်သော မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းနီ သံဃာများသမဂ္ဂ၏ ဘဏ္ဍာရှာဖွေရေးအဖွဲ့အတွင်းရေးမှူး ဆရာတော် ဦးဂန္ဓမာအား စက်တင်ဘာလ အတွင်းက KIA နှင့် PDF ပူးပေါင်းအဖွဲ့က သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။

ထို့အတူ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီနာယကဖြစ်သူ ဦးသန်းဖေကိုလည်း ပြီးခဲ့သော ဇွန်လ အတွင်းက ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း၌ သတ်ဖြတ်မှုဖြစ်ပွားခဲ့သေးသည်။

Zawgyi Version;
ရွမ္းနီျပည္သူအခ်င္းခ်င္း စည္းလုံးညီၫြတ္ရန္လိုအပ္ၿပီး ေသြးမကြဲေစရန္ ရွမ္းနီတပ္မေတာ္ သတိေပး
NP News - ႏိုဝင္ဘာ ၁၇
ရွမ္းနီတစ္မ်ိဳးသားလုံး ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ရွမ္းနီလူငယ္မ်ားအပါအဝင္ ရွမ္းနီျပည္သူလူထုတစ္ရပ္လုံး ညီၫြတ္စြာစည္းလုံးေရးသည္ အေရးႀကီးေၾကာင္း ရွမ္းနီအမ်ိဳးသားမ်ား တပ္မေတာ္ SNA ထုတ္ျပန္ေၾကညာထားသည္။

အဆိုပါ ထုတ္ျပန္ခ်က္ကို ႏိုဝင္ဘာလ ၁၇ ရက္ေန႔တြင္ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ရွမ္းနီလူငယ္မ်ားအေနျဖင့္ မသမာေသာ ႏိုင္ငံေရးသမားမ်ား၏ အာဏာတည္ေဆာက္ေရးအတြက္ အသိမ္းသြင္းခံ မျဖစ္ေစရန္ ႏွင့္ ႏိုင္ငံေရးရာ ဝါဒမႈိင္းတိုက္ကာ လိုရာအသုံးခ်ခံရမႈမ်ား မျဖစ္ေစရန္၊ အထူးသျဖင့္ ေကအိုင္ေအ၏ ေသြးထိုးေပးမႈေၾကာင့္ ရွမ္းနီေဒသမ်ားတြင္ စစ္တလင္း မျဖစ္ေစရန္ လိုအပ္ေၾကာင္း SNA က သတိေပးထုတ္ျပန္ ထားသည္။

ရွမ္းနီလူငယ္မ်ားအေနျဖင့္ လူသားဒိုင္းအျဖစ္ အသုံးခ်ခံေနရေၾကာင္းကိုလည္း ထည့္သြင္းအသိေပးထားသည္။

ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္း ထိစပ္နယ္ေျမမ်ားရွိ ရွမ္းနီျပည္သူမ်ား၊ ရွမ္းနီသံဃာေတာ္မ်ားႏွင့္ ရွမ္းနီအဖြဲ႕အစည္းမ်ားမွ လူပုဂၢိဳၢိဳလ္ားအေနျဖင့္ ေကအိုင္ေအ ၏ ဖမ္းဆီးသတ္ျဖတ္ျခင္း၊ အႏိုင္က်င့္ေစာ္ကားမႈမ်ားကို မၾကာခဏဆိုသလို ခံရေလ့ရွိၾကသည္။

စစ္ကိုင္းတိုင္း၊ ဗန္းေမာက္ၿမိဳ႕နယ္၊ ေနာင္ပတ္ေက်း႐ြာဘုန္းႀကီးေက်ာင္း၌ ေက်ာင္းထိုင္ေသာ ျမန္မာႏိုင္ငံလုံးဆိုင္ရာရွမ္းနီ သံဃာမ်ားသမဂၢ၏ ဘ႑ာရွာေဖြေရးအဖြဲ႕အတြင္းေရးမႉး ဆရာေတာ္ ဦးဂႏၶမာအား စက္တင္ဘာလ အတြင္းက KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕က သတ္ျဖတ္မႈျဖစ္ပြားခဲ့သည္။

ထို႔အတူ ရွမ္းနီစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီနာယကျဖစ္သူ ဦးသန္းေဖကိုလည္း ၿပီးခဲ့ေသာ ဇြန္လ အတြင္းက ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္အတြင္း၌ သတ္ျဖတ္မႈျဖစ္ပြားခဲ့ေသးသည္။

Related news

© 2021. All rights reserved.