ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် “ဝ” အထူးဒေသ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းဆောင်ရွက်မည်

 634

မျိုးကြီး (NP News) - နိုဝင်ဘာ ၁၈

ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် “ဝ” အထူးဒေသ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်သည် နိုဝင်ဘာ ၁၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လဝကဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါဝန်ကြီးဌာနသည် ပန်းခင်းစီမံချက်အနေဖြင့် လုပ်ငန်းကာလ(၁၈)လသတ်မှတ်ကာ တစ်နိုင်ငံလုံး၌ ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ “ဝ” အထူးဒေသမှလွဲ၍ မဆောင်ရွက်နိုင်ခဲ့ကြောင်း ဝန်ကြီးဦးမြင့်ကြိုင်က ဆိုသည်။

လက်ရှိတွင် ဒေသအာဏာပိုင်များနှင့် “ဝ” အထူးဒေသမှ တိုင်းရင်းသားအဖွဲ့များ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးမှုကြောင့် “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ကွင်းဆင်းဆောင်ရွက်မည့်ဝန်ထမ်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ထုတ်ပြန်ပြဋ္ဌာန်းထား သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန်လိုအပ်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူများအတွက် ရသင့်သည့်ကတ်ပြားကို ထုတ်ပေးရန်လိုသလို မရသင့်သူများကိုလည်း ထုတ်ပေးမှုမပြုမိစေရေးအတွက် ဂရုတစိုက်ဆောင်ရွက်ရန် ဝန်ကြီးဦးမြင့်ကြိုင်က ထည့်သွင်းပြောဆိုထားသည်။

ထို့ပြင် “ဝ” အထူးဒေသတွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအပြင် ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေးအတွက်လည်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်လည်း ဆက်လက် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိ မိုင်းလားမြို့နယ်၊ ပန်ဆန်း(ပန်ခမ်း)မြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်နှင့် မိုင်း ကိုင်မြို့နယ်တို့တွင် ၂ဝ၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကို မကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အချို့သော တိုင်းရင်းသားဒေသများ၌ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။

ထိုသို့ဆောင်ရွက်ခြင်းကြောင့် မဲစာရင်းပြုစုခြင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေပြီး လာမည့်အထွေထွေရွေးကောက် ပွဲတွင် ယခင်ရွေးကောက်ပွဲများ၌ ကျန်ရှိခဲ့သည့် တိုင်းရင်း သားဒေသများပါ ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်ကြောင်း နစကအကြီးအကဲက ဆိုထားသည်။

တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “ဝ” အဖွဲ့ UWSP/UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၁ဝ)ဖွဲ့နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိနေသည်။

Zawgyi Version;
ညႇိႏႈိင္းမႈမ်ားျပဳလုပ္ၿပီးေနာက္ “ဝ” အထူးေဒသ၌ အိမ္ေထာင္စုလူဦးေရစာရင္းႏွင့္ ႏိုင္ငံသားကတ္ျပားထုတ္ေပးျခင္းလုပ္ငန္းတို႔ကို ကြင္းဆင္းေဆာင္႐ြက္မည္
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၁၈

ညႇိႏႈိင္းမႈမ်ားျပဳလုပ္ၿပီးေနာက္ “ဝ” အထူးေဒသ၌ အိမ္ေထာင္စုလူဦးေရစာရင္းႏွင့္ ႏိုင္ငံသားကတ္ျပားထုတ္ေပးျခင္းလုပ္ငန္းတို႔ကို ကြင္းဆင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဦးျမင့္ႀကိဳင္သည္ ႏိုဝင္ဘာ ၁၇ ရက္တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕ရွိ လဝကဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါဝန္ႀကီးဌာနသည္ ပန္းခင္းစီမံခ်က္အေနျဖင့္ လုပ္ငန္းကာလ(၁၈)လသတ္မွတ္ကာ တစ္ႏိုင္ငံလုံး၌ ေဆာင္႐ြက္ခဲ့ၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္းရွိ “ဝ” အထူးေဒသမွလြဲ၍ မေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း ဝန္ႀကီးဦးျမင့္ႀကိဳင္က ဆိုသည္။

လက္ရွိတြင္ ေဒသအာဏာပိုင္မ်ားႏွင့္ “ဝ” အထူးေဒသမွ တိုင္းရင္းသားအဖြဲ႕မ်ား ညႇိႏႈိင္းေပါင္းစပ္ေဆြးေႏြးမႈေၾကာင့္ “ဝ” အထူးေဒသအတြင္း ပန္းခင္းစီမံခ်က္အဆင့္(၂)ျဖင့္ အိမ္ေထာင္စုလူဦးေရစာရင္းႏွင့္ ႏိုင္ငံသားကတ္ျပားထုတ္ေပးျခင္းလုပ္ငန္းကို ကြင္းဆင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဝန္ႀကီးက ေျပာသည္။

ကြင္းဆင္းေဆာင္႐ြက္မည့္ဝန္ထမ္းမ်ားအေနျဖင့္ ႏိုင္ငံသားစိစစ္ေရးလုပ္ငန္းေဆာင္႐ြက္ရာတြင္ ထုတ္ျပန္ျပ႒ာန္းထား သည့္ ဥပေဒ၊ လုပ္ထုံးလုပ္နည္း၊ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီေဆာင္႐ြက္ရန္လိုအပ္ၿပီး ႏိုင္ငံသားအရည္အခ်င္းျပည့္မီသူမ်ားအတြက္ ရသင့္သည့္ကတ္ျပားကို ထုတ္ေပးရန္လိုသလို မရသင့္သူမ်ားကိုလည္း ထုတ္ေပးမႈမျပဳမိေစေရးအတြက္ ဂ႐ုတစိုက္ေဆာင္႐ြက္ရန္ ဝန္ႀကီးဦးျမင့္ႀကိဳင္က ထည့္သြင္းေျပာဆိုထားသည္။

ထို႔ျပင္ “ဝ” အထူးေဒသတြင္ ပန္းခင္းစီမံခ်က္အဆင့္(၂)ျဖင့္ ဆက္လက္ေဆာင္႐ြက္မည့္အစီအစဥ္မ်ားအျပင္ ေ႐ြးေကာက္ပြဲ မဲစာရင္းမွန္ကန္ေရးအတြက္လည္း သက္ဆိုင္ရာေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားႏွင့္လည္း ဆက္လက္ ပူးေပါင္းေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ရွမ္းျပည္နယ္အတြင္းရွိ မိုင္းလားၿမိဳ႕နယ္၊ ပန္ဆန္း(ပန္ခမ္း)ၿမိဳ႕နယ္၊ နားဖန္းၿမိဳ႕နယ္၊ မိုင္းေမာၿမိဳ႕နယ္၊ ပန္ဝိုင္ၿမိဳ႕နယ္ႏွင့္ မိုင္း ကိုင္ၿမိဳ႕နယ္တို႔တြင္ ၂ဝ၂ဝ ျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲကို မက်င္းပႏိုင္ခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အခ်ိဳ႕ေသာ တိုင္းရင္းသားေဒသမ်ား၌ သန္းေခါင္စာရင္းေကာက္ယူျခင္းႏွင့္ ႏိုင္ငံသားမွတ္ပုံတင္ျပဳလုပ္ျခင္းမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုထားသည္။

ထိုသို႔ေဆာင္႐ြက္ျခင္းေၾကာင့္ မဲစာရင္းျပဳစုျခင္းလုပ္ငန္းမ်ားကို အေထာက္အကူျဖစ္ေစၿပီး လာမည့္အေထြေထြေ႐ြးေကာက္ ပြဲတြင္ ယခင္ေ႐ြးေကာက္ပြဲမ်ား၌ က်န္ရွိခဲ့သည့္ တိုင္းရင္း သားေဒသမ်ားပါ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မည္ျဖစ္ေၾကာင္း နစကအႀကီးအကဲက ဆိုထားသည္။

တစ္ႏိုင္ငံလုံး ၿငိမ္းခ်မ္းေရးရရွိရန္ ရည္႐ြယ္ကာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ “ဝ” အဖြဲ႕ UWSP/UWSA အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္ (၁ဝ)ဖြဲ႕ႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးလ်က္ရွိေနသည္။

Related news

© 2021. All rights reserved.