မြန်မာနိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင်ဒေသကို အလေးထားပြီး တရုတ်နှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းမည်ဟု နစက ဆို

 758

ထွန်း အမ်တီ (NP News) - နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင်ဒေသအဖွဲ့အစည်းနှင့်ပတ်သက်၍ အထူးအလေးထားကြောင်း၊ တရုတ် - မြန်မာဆက်ဆံရေးသည် မဟာဗျူဟာမြောက်ဆက်ဆံရေးဖြစ်ပြီး ထိုဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းပြီး တိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၈ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော နစက၏ ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံအနေနဲ့ကတော့ လန်ချန်း-မဲခေါင်ဒေသ/ အစည်းအဝေးနဲ့ပတ်သက်ပြီး အလွန် အလေးအနက်ထားကြောင်း ပြောလိုပါတယ်။ စီမံကိန်းတွေနဲ့ပတ်သက်ပြီးလည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးကတော့ မဟာဗျူဟာမြောက်ဆက်ဆံရေးဖြစ်ပါတယ်။ ပြီးရင် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အမြဲတမ်းထိန်းသိမ်းပြီးတော့ တိုးတက်အောင်လုပ်ဆောင်ဖို့ မူဝါဒမျိုးပဲ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

လန်ချန်း-မဲခေါင်အဖွဲ့အစည်းအနေဖြင့် မဲခေါင်-လန်ချန်း ဟု မဲခေါင်ဒေသနိုင်ငံများဘက်က ခေါ်ဝေါ်သုံးနှုန်းကြပြီး လန်ချန်း-မဲခေါင်ဟု တရုတ်နိုင်ငံဘက်က သုံးနှုန်းသော်လည်း ယင်းအခေါ်အဝေါ်နှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုကလေးပင် မရှိဘဲ ဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့လုပ်ဆောင်မှုများကိုသာ ဆောင်ရွက်ကြသည်ဟု သိရသည်။

“ဒီ မဲခေါင်-လန်ချန်းဒေသ၊ တရုတ်နိုင်ငံဘက်က လန်ချန်း-မဲခေါင်လို့ ခေါ်တယ်။ ဒီဘက်ဒေသဘက်ကတော့ မဲခေါင်-လန်ချန်းလို့ ခေါ်တယ်။ ဘယ်လိုပဲ အခေါ်အဝေါ်ကွဲလွဲသည်ဖြစ်စေ ပထမဆုံး ထူးခြားချက်ကတော့ ဒီအခေါ်အဝေါ်နဲ့ပတ်သက်ပြီး ဘယ်နိုင်ငံကမှ အငြင်းမပွားဘူး။ မဲခေါင်-လန်ချန်းအဖွဲ့ရဲ့အားသာချက်ပေါ့နော်။ အခေါ်အဝေါ်နဲ့ပတ်သက်ပြီး ဘယ်နိုင်ငံကမှ အငြင်းမပွားဘူး။ လက်တွေ့လုပ်ဆောင်နေတဲ့အဖွဲ့လည်း ဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ one belt one road စီမံကိန်းတွေကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဆက်ဆံရေးဟာ အရေးကြုံလာတိုင်းမှာ ပိုပြီး သိသာကောင်းမွန်ပြီး မြန်မာနိုင်ငံက ကိုဗစ်တတိယလှိုင်းကို အပြင်းအထန်ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံဘက်က အောက်ဆီဂျင်အရည် ကူညီမှုများရှိခဲ့ကာ ထိုစဉ်က တရုတ်နိုင်ငံအနေဖြင့် အောက်ဆီဂျင် အရည်နှင့်ပတ်သက်၍ တင်းကြပ်သော စည်းကမ်းချက်များရှိခဲ့သော်လည်း ဖြေလျော့ပေးခဲ့ကာ ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံအေနျဖင့္ လန္ခ်န္း-မဲေခါင္ေဒသကို အေလးထားၿပီး တ႐ုတ္ႏွင့္ မဟာဗ်ဴဟာေျမာက္ဆက္ဆံေရးကို ဆက္လက္ ထိန္းသိမ္းမည္ဟု နစက ဆို

ထြန္း အမ္တီ (NP News) - ႏိုဝင္ဘာ ၁၈

ျမန္မာႏိုင္ငံအေနျဖင့္ လန္ခ်န္း-မဲေခါင္ေဒသအဖြဲ႕အစည္းႏွင့္ပတ္သက္၍ အထူးအေလးထားေၾကာင္း၊ တ႐ုတ္ - ျမန္မာဆက္ဆံေရးသည္ မဟာဗ်ဴဟာေျမာက္ဆက္ဆံေရးျဖစ္ၿပီး ထိုဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းၿပီး တိုးတက္ေအာင္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ယေန႔ ႏိုဝင္ဘာ ၁၈ ရက္တြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန၌ ျပဳလုပ္ေသာ နစက၏ ၂၁ ႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ ႏိုင္ငံအေနနဲ႔ကေတာ့ လန္ခ်န္း-မဲေခါင္ေဒသ/ အစည္းအေဝးနဲ႔ပတ္သက္ၿပီး အလြန္ အေလးအနက္ထားေၾကာင္း ေျပာလိုပါတယ္။ စီမံကိန္းေတြနဲ႔ပတ္သက္ၿပီးလည္း အေလးအနက္ထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာလိုပါတယ္။ တ႐ုတ္-ျမန္မာဆက္ဆံေရးကေတာ့ မဟာဗ်ဴဟာေျမာက္ဆက္ဆံေရးျဖစ္ပါတယ္။ ၿပီးရင္ ေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရးကို အၿမဲတမ္းထိန္းသိမ္းၿပီးေတာ့ တိုးတက္ေအာင္လုပ္ေဆာင္ဖို႔ မူဝါဒမ်ိဳးပဲ ရွိပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

လန္ခ်န္း-မဲေခါင္အဖြဲ႕အစည္းအေနျဖင့္ မဲေခါင္-လန္ခ်န္း ဟု မဲေခါင္ေဒသႏိုင္ငံမ်ားဘက္က ေခၚေဝၚသုံးႏႈန္းၾကၿပီး လန္ခ်န္း-မဲေခါင္ဟု တ႐ုတ္ႏိုင္ငံဘက္က သုံးႏႈန္းေသာ္လည္း ယင္းအေခၚအေဝၚႏွင့္ပတ္သက္၍ အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား အျငင္းပြားမႈကေလးပင္ မရွိဘဲ ဖြံ႕ၿဖိဳးတိုးတက္ေရး လက္ေတြ႕လုပ္ေဆာင္မႈမ်ားကိုသာ ေဆာင္႐ြက္ၾကသည္ဟု သိရသည္။

“ဒီ မဲေခါင္-လန္ခ်န္းေဒသ၊ တ႐ုတ္ႏိုင္ငံဘက္က လန္ခ်န္း-မဲေခါင္လို႔ ေခၚတယ္။ ဒီဘက္ေဒသဘက္ကေတာ့ မဲေခါင္-လန္ခ်န္းလို႔ ေခၚတယ္။ ဘယ္လိုပဲ အေခၚအေဝၚကြဲလြဲသည္ျဖစ္ေစ ပထမဆုံး ထူးျခားခ်က္ကေတာ့ ဒီအေခၚအေဝၚနဲ႔ပတ္သက္ၿပီး ဘယ္ႏိုင္ငံကမွ အျငင္းမပြားဘူး။ မဲေခါင္-လန္ခ်န္းအဖြဲ႕ရဲ႕အားသာခ်က္ေပါ့ေနာ္။ အေခၚအေဝၚနဲ႔ပတ္သက္ၿပီး ဘယ္ႏိုင္ငံကမွ အျငင္းမပြားဘူး။ လက္ေတြ႕လုပ္ေဆာင္ေနတဲ့အဖြဲ႕လည္း ျဖစ္တယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ဆက္လက္ၿပီး ျမန္မာႏိုင္ငံအေနနဲ႔လည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံမွာ တ႐ုတ္ရဲ႕ one belt one road စီမံကိန္းေတြကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားသည္။

တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံဆက္ဆံေရးဟာ အေရးႀကဳံလာတိုင္းမွာ ပိုၿပီး သိသာေကာင္းမြန္ၿပီး ျမန္မာႏိုင္ငံက ကိုဗစ္တတိယလႈိင္းကို အျပင္းအထန္ရင္ဆိုင္ေနရခ်ိန္တြင္ တ႐ုတ္ႏိုင္ငံဘက္က ေအာက္ဆီဂ်င္အရည္ ကူညီမႈမ်ားရွိခဲ့ကာ ထိုစဥ္က တ႐ုတ္ႏိုင္ငံအေနျဖင့္ ေအာက္ဆီဂ်င္ အရည္ႏွင့္ပတ္သက္၍ တင္းၾကပ္ေသာ စည္းကမ္းခ်က္မ်ားရွိခဲ့ေသာ္လည္း ေျဖေလ်ာ့ေပးခဲ့ကာ ကူညီခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Picture

soe myint

19/11/2022 21:21

Big LIKE!

Related news

© 2021. All rights reserved.