နစကလက်ထက်တွင် ပြည်ပချေးငွေများနှင့် ထောက်ပံ့ငွေများ ရယူထားခြင်းမရှိသည့်အတွက် လုပ်ငန်းအချို့ ရပ်ဆိုင်းထားရ

 2174

ယွန်း (NP News) - နိုဝင်ဘာ ၁၈

နစကလက်ထက်တွင် ပြည်ပချေးငွေများနှင့် ထောက်ပံ့ငွေများ ရယူထားခြင်းမရှိသည့်အတွက် လုပ်ငန်းအချို့ ရပ်ဆိုင်းထားရကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောဆိုခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(နိုဝင်ဘာလ ၁၈ ရက်)တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်လက်ထက်(၂ဝ၁၁-၂ဝ၁၂) ခုနှစ်တွင် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ (၇ ဒသမ ၉၁ ဘီလျံ)၊ (၂ဝ၁၅-၂ဝ၁၆) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၉ ဒသမ ၅၃) ဘီလျံရှိခဲ့ပြီး NLD လက်ထက်(၂ဝ၁၆-၂ဝ၁၇) ခုနှစ်တွင် ကြွေးမြီ အမေရိကန်ဒေါ်လာ (၉ ဒသမ ၁၄ ဘီလျံ) နှင့် (၂ဝ၂ဝ-၂ဝ၂၁) ခုနှစ်တွင် ပြည်ပကြွေးမြီ (၁၂ ဒသမ ဝ၈ ဘီလျံ) ရှိခဲ့ကြောင်း နစကပြောခွင့်ရမှ ဆိုသည်။

ထို့ပြင် လက်ရှိအစိုးရလက်ထက်၌ ၂ဝ၂၁-၂ဝ၂၂ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း(၁၁ ဒသမ ၄၂) ဘီလျံနှင့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လကုန်အထိ ပြည်ပကြွေးမြီ ၁ဝ ဒသမ ၆၈ ဘီလျံရှိပြီး ၎င်းတို့အနေဖြင့် ယခင်အစိုးရလက်ထက်က ကြွေးမြီများကို နှစ်စဉ် အတိုးအရင်းပေးဆပ်နေရကြောင်း သိရသည်။

“ကျွန်တော်တို့အစိုးရအနေနဲ့ ဒီမိုကရေစီ ပထမ အစိုးရကာလလက်ထက်ကတည်းက နှစ်စဉ် ယခုအထိ ပြည်ပ ကြွေးမြီများကို တာဝန်သိစွာနဲ့ အရင်းနဲ့အတိုးကို ပြန်လည်ပေးဆပ်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြော သည်။

နစကလက်ထက်တွင် နိုင်ငံတော်ဝင်ငွေမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၉၅) ဘီလျံကို ပြန်လည်ပေးဆပ်ခဲ့ပြီး ဖြစ် ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာဖွံ့ဖြိုးမှုအထောက်အပံ့များသည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် အရေးကြီးအခန်းကဏ္ဍတွင် ပါဝင်နေပြီး နိုင်ငံတကာစီးပွားရေးဆိုင်ရာချေးငွေများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာချေးငွေများကို ယခင်အစိုးရအဆက် ဆက်တွင် ရယူခြင်းများရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ဆိုသည်။

သို့သော် နစကလက်ထက်၌ ချေးငွေကိစ္စနှင့် ပတ်သက်၍ “ကျွန်တော်တို့အစိုးရလက်ထက်မှာတော့ အစိုးရ အဆက်ဆက် ချေးငွေတွေ နောက်ထပ်ချေးငွေရယူထားခြင်း မရှိပါဘူး။ ယနေ့အထိ ရရှိခြင်းမရှိတဲ့အတွက် တချို့လုပ်ငန်းတွေလည်း ရပ်ဆိုင်းထား ရတာတွေရှိပါတယ်။ လက်ရှိအခြေအနေမှာ အစိုးရအနေနဲ့ ပြည်ပချေးငွေနဲ့ ထောက်ပံ့ငွေများ ရယူခဲ့ခြင်း မရှိဘဲနဲ့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်” ဟု အသိပေးပြောကြားခဲ့သည်။

Zawgyi Version;
နစကလက္ထက္တြင္ ျပည္ပေခ်းေငြမ်ားႏွင့္ ေထာက္ပံ့ေငြမ်ား ရယူထားျခင္းမရွိသည့္အတြက္ လုပ္ငန္းအခ်ိဳ႕ ရပ္ဆိုင္းထားရ

ယြန္း (NP News) - ႏိုဝင္ဘာ ၁၈

နစကလက္ထက္တြင္ ျပည္ပေခ်းေငြမ်ားႏွင့္ ေထာက္ပံ့ေငြမ်ား ရယူထားျခင္းမရွိသည့္အတြက္ လုပ္ငန္းအခ်ိဳ႕ ရပ္ဆိုင္းထားရေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အသိေပးေျပာဆိုခဲ့သည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ႏိုဝင္ဘာ ၁၈ ရက္ေန႔တြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန၌ ျပဳလုပ္ ေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

သမၼတဦးသိန္းစိန္လက္ထက္(၂ဝ၁၁-၂ဝ၁၂) ခုႏွစ္တြင္ ျပည္ပေႂကြးၿမီ အေမရိကန္ေဒၚလာ (၇ ဒသမ ၉၁ ဘီလ်ံ)၊ (၂ဝ၁၅-၂ဝ၁၆) ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၉ ဒသမ ၅၃) ဘီလ်ံရွိခဲ့ၿပီး NLD လက္ထက္(၂ဝ၁၆-၂ဝ၁၇) ခုႏွစ္တြင္ ေႂကြးၿမီ အေမရိကန္ေဒၚလာ (၉ ဒသမ ၁၄ ဘီလ်ံ) ႏွင့္ (၂ဝ၂ဝ-၂ဝ၂၁) ခုႏွစ္တြင္ ျပည္ပေႂကြးၿမီ (၁၂ ဒသမ ဝ၈ ဘီလ်ံ) ရွိခဲ့ေၾကာင္း နစကေျပာခြင့္ရမွ ဆိုသည္။

ထို႔ျပင္ လက္ရွိအစိုးရလက္ထက္၌ ၂ဝ၂၁-၂ဝ၂၂ ခုႏွစ္အထိ အေမရိကန္ေဒၚလာ သန္း(၁၁ ဒသမ ၄၂) ဘီလ်ံႏွင့္ ၂ဝ၂၂ ခုႏွစ္၊ ဇြန္လကုန္အထိ ျပည္ပေႂကြးၿမီ ၁ဝ ဒသမ ၆၈ ဘီလ်ံရွိၿပီး ၎တို႔အေနျဖင့္ ယခင္အစိုးရလက္ထက္က ေႂကြးၿမီမ်ားကို ႏွစ္စဥ္ အတိုးအရင္းေပးဆပ္ေနရေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔အစိုးရအေနနဲ႔ ဒီမိုကေရစီ ပထမ အစိုးရကာလလက္ထက္ကတည္းက ႏွစ္စဥ္ ယခုအထိ ျပည္ပ ေႂကြးၿမီမ်ားကို တာဝန္သိစြာနဲ႔ အရင္းနဲ႔အတိုးကို ျပန္လည္ေပးဆပ္လ်က္ရွိပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွ ေျပာ သည္။

နစကလက္ထက္တြင္ ႏိုင္ငံေတာ္ဝင္ေငြမွ အေမရိကန္ေဒၚလာ (၁ ဒသမ ၄၉၅) ဘီလ်ံကို ျပန္လည္ေပးဆပ္ခဲ့ၿပီး ျဖစ္ ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံတကာဖြံ႕ၿဖိဳးမႈအေထာက္အပံ့မ်ားသည္လည္း ဖြံ႕ၿဖိဳးဆဲႏိုင္ငံတစ္ခုအတြက္ အေရးႀကီးအခန္းက႑တြင္ ပါဝင္ေနၿပီး ႏိုင္ငံတကာစီးပြားေရးဆိုင္ရာေခ်းေငြမ်ားႏွင့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာေခ်းေငြမ်ားကို ယခင္အစိုးရအဆက္ ဆက္တြင္ ရယူျခင္းမ်ားရွိခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွ ဆိုသည္။

သို႔ေသာ္ နစကလက္ထက္၌ ေခ်းေငြကိစၥႏွင့္ ပတ္သက္၍ “ကြၽန္ေတာ္တို႔အစိုးရလက္ထက္မွာေတာ့ အစိုးရ အဆက္ဆက္ ေခ်းေငြေတြ ေနာက္ထပ္ေခ်းေငြရယူထားျခင္း မရွိပါဘူး။ ယေန႔အထိ ရရွိျခင္းမရွိတဲ့အတြက္ တခ်ိဳ႕ လုပ္ငန္းေတြလည္း ရပ္ဆိုင္းထား ရတာေတြရွိပါတယ္။ လက္ရွိအေျခအေနမွာ အစိုးရအေနနဲ႔ ျပည္ပေခ်းေငြနဲ႔ ေထာက္ပံံ့ေငြမ်ား ရယူခဲ့ျခင္း မရွိဘဲနဲ႔ ႏိုင္ငံရဲ႕ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာလိုပါတယ္” ဟု အသိေပးေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.