နစက ၊ NUG နဲ့ မြန်မာနိုင်ငံရေးမှာပါဝင်နေတဲ့ အဖွဲ့စည်းအားလုံးကို ကြိုတင်သတ်မှတ်ချက်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်အောင် အာဆီယံ တွန်းအားပေးဖို့ လိုအပ်နေကြောင်း ပရက်ဆိုခွန်း ပြော

 768

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၉

အာဆီယံအနေနဲ့ နစက အပြင် NUG သာမက မြန်မာနိုင်ငံရှိအဖွဲ့စည်းအားလုံးကို ကြိုတင်သတ်မှတ်ချက်နဲ့ တွေ့ဆုံ ဆွေးနွေးမှုများဖြစ်လာအောင် တွန်းအားပေးလုပ်ဆောင်ရမယ်လို့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်း က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အာဆီယံသဘောတူညီချက် ငါးချက်ကို ဖြေရှင်းအကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံရှိ ပြိုင်ဘက်အုပ်စုများကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာရေးက အခက်အခဲဆုံးအပိုင်း ဖြစ်လာဖွယ်ရှိနေကြောင်း ပရက်ဆိုခွန်းက ပြောပါတယ်။

ပရက်ဆိုခွန်းက "မြန်မာနိုင်ငံရေးမှာ ပါဝင်တဲ့ အဖွဲ့အစည်းအားလုံးကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းထိ ခေါ်ဆောင် နိုင်တာမျိုး မရှိသေးဘူး။ အာဆီယံဟာ နစက၊ NUG နဲ့ အခြားအဖွဲ့အစည်းအားလုံးကို ကြိုတင်သတ်မှတ်ချက်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်အောင် တွန်းအားပေးဖို့ လိုအပ်တယ်။ တွေ့ဆုံဆွေးနွေးပွဲမယ့် အဖွဲ့အစည်းတွေကို သတ်မှတ်ထားဖို့ လိုပါတယ်။ မြန်မာနိုင်ငံနဲ့ ပုံမှန်အတိုင်း စေ့စပ်ဆွေးနွေးမှုတွေကို အာဆီယံသဘောတူညီငါးချက် အကောင်အထည်ဖော်ရေး တိုးတက်မှုကိုအခြေခံပြီး လုပ်ဆောင်သင့်တယ်" လို့ပြောပါတယ်။

NUG ဟာ နစက စီစဉ်တဲ့ ကြိုတင်သတ်မှတ်ချက်နဲ့ တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်တွေကို ငြင်းဆန်ပယ်ချတာမျိုး တွေ ရှိနေတယ်လို့ သိရပါတယ်။ အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရေးအတွက် နစက အပါအဝင် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး တာဝန်ယူခြင်း၊ တာဝန်ခံခြင်း ရှိဖို့ လိုအပ်ကြောင်း ပရက်ဆိုခွန်း က ပြောပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာနိုင်ငံရေး ပြဿနာကိုဖြေရှင်းနိုင်ဖို့ ပျော့ပျောင်းတဲ့နည်းလမ်းနဲ့ ချဉ်းကပ် လုပ်ဆောင်သွားမှာဖြစ်ပြီး ပြင်းထန်တင်းကြပ်တဲ့ချဉ်းကပ်မှုမျိုး လုပ်ဆောင်မှာမဟုတ်ကြောင်း နိုဝင်ဘာ ၁၃ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ အာဆီယံဟာ မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးစေဖို့ မျှော်လင့်လျက်ရှိနေကြောင်း သိရပါတယ်။

အာဆီယံဟာ အာဆီယံအဖွဲ့ရဲ့အစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့မပတ်သက်တဲ့သူကို ဖိတ်ကြားမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် မြန်မာနိုင်ငံရဲ့ကိုယ်စားပြုအခွင့်အရေးကို ပြန်လည်သုံးသပ်သွားမှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် က ပြောပါတယ်။

Zawgyi Version;
နစက ၊ NUG နဲ႔ ျမန္မာႏိုင္ငံေရးမွာပါဝင္ေနတဲ့ အဖြဲ႕စည္းအားလုံးကို ႀကိဳတင္သတ္မွတ္ခ်က္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြျဖစ္ေအာင္ အာဆီယံ တြန္းအားေပးဖို႔ လိုအပ္ေနေၾကာင္း ပရက္ဆိုခြန္း ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၉

အာဆီယံအေနနဲ႔ နစက အျပင္ NUG သာမက ျမန္မာႏိုင္ငံရွိအဖြဲ႕စည္းအားလုံးကို ႀကိဳတင္သတ္မွတ္ခ်က္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးမႈမ်ားျဖစ္လာေအာင္ တြန္းအားေပးလုပ္ေဆာင္ရမယ္လို႔ အာဆီယံအထူးကိုယ္စားလွယ္ ပရက္ဆိုခြန္း က တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

အာဆီယံသေဘာတူညီခ်က္ ငါးခ်က္ကို ေျဖရွင္းအေကာင္အထည္ေဖာ္ဖို႔ ျမန္မာႏိုင္ငံရွိ ၿပိဳင္ဘက္အုပ္စုမ်ားၾကား ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးမႈေတြျဖစ္လာေရးက အခက္အခဲဆုံးအပိုင္း ျဖစ္လာဖြယ္ရွိေနေၾကာင္း ပရက္ဆိုခြန္းက ေျပာပါတယ္။

ပရက္ဆိုခြန္းက "ျမန္မာႏိုင္ငံေရးမွာ ပါဝင္တဲ့ အဖြဲ႕အစည္းအားလုံးကို ေတြ႕ဆုံေဆြးေႏြးေရး စားပြဲဝိုင္းထိ ေခၚေဆာင္ ႏိုင္တာမ်ိဳး မရွိေသးဘူး။ အာဆီယံဟာ နစက၊ NUG နဲ႔ အျခားအဖြဲ႕အစည္းအားလုံးကို ႀကိဳတင္သတ္မွတ္ခ်က္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေအာင္ တြန္းအားေပးဖို႔ လိုအပ္တယ္။ ေတြ႕ဆုံေဆြးေႏြးပြဲမယ့္ အဖြဲ႕အစည္းေတြကို သတ္မွတ္ထားဖို႔ လိုပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ပုံမွန္အတိုင္း ေစ့စပ္ေဆြးေႏြးမႈေတြကို အာဆီယံသေဘာတူညီငါးခ်က္ အေကာင္အထည္ေဖာ္ေရး တိုးတက္မႈကိုအေျခခံၿပီး လုပ္ေဆာင္သင့္တယ္" လို႔ေျပာပါတယ္။

NUG ဟာ နစက စီစဥ္တဲ့ ႀကိဳတင္သတ္မွတ္ခ်က္နဲ႔ ေတြ႕ဆုံေဆြးေႏြးမယ့္အစီအစဥ္ေတြကို ျငင္းဆန္ပယ္ခ်တာမ်ိဳး ေတြ ရွိေနတယ္လို႔ သိရပါတယ္။ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အေကာင္အထည္ေဖာ္ေရးအတြက္ နစက အပါအဝင္ ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္းအားလုံး တာဝန္ယူျခင္း၊ တာဝန္ခံျခင္း ရွိဖို႔ လိုအပ္ေၾကာင္း ပရက္ဆိုခြန္း က ေျပာပါတယ္။

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ျမန္မာႏိုင္ငံေရး ျပႆနာကိုေျဖရွင္းႏိုင္ဖို႔ ေပ်ာ့ေပ်ာင္းတဲ့နည္းလမ္းနဲ႔ ခ်ဥ္းကပ္ လုပ္ေဆာင္သြားမွာျဖစ္ၿပီး ျပင္းထန္တင္းၾကပ္တဲ့ခ်ဥ္းကပ္မႈမ်ိဳး လုပ္ေဆာင္မွာမဟုတ္ေၾကာင္း ႏိုဝင္ဘာ ၁၃ ရက္ေန႔က ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ အာဆီယံဟာ ျမန္မာႏိုင္ငံေရးအခက္အခဲကို ေျဖရွင္းႏိုင္ေအာင္ ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္းအားလုံးနဲ႔ ေတြ႕ဆုံေဆြးေႏြးေစဖို႔ ေမွ်ာ္လင့္လ်က္ရွိေနေၾကာင္း သိရပါတယ္။

အာဆီယံဟာ အာဆီယံအဖြဲ႕ရဲ႕အစည္းအေဝးေတြမွာ ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးနဲ႔မပတ္သက္တဲ့သူကို ဖိတ္ၾကားမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံက ပူးေပါင္းေဆာင္႐ြက္မႈမရွိဘူးဆိုရင္ ျမန္မာႏိုင္ငံရဲ႕ကိုယ္စားျပဳအခြင့္အေရးကို ျပန္လည္သုံးသပ္သြားမွာျဖစ္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ က ေျပာပါတယ္။

Picture

C Thu Tun

19/11/2022 16:53

NUG ​တော့နိုးပါ

Related news

© 2021. All rights reserved.