အမေရိကန်နိုင်ငံရှိ LGBT များစုဝေးရာ နိုက်ကလပ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၅)ဦး သေဆုံး

 550

Pika (NP News) - နိုဝင်ဘာ ၂၁

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ကော်လိုရာဒိုစပရင်းမြို့ရှိ LGBT များ တက်သည့် နိုက်ကလပ်တွင် သေနတ် သမားတစ်ဦး၏ ပစ်ခတ်မှုများကြောင့် အနည်းဆုံးလူ(၅)ဦးသေဆုံးပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကလပ်သွားသူများသည် သေနတ်သမားအား ပြန်လည်တိုက်ခိုက်ခဲ့ပြီး အချိန်တိုအတွင်း ဖမ်းမိနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ(၂ဝ)ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါသေနတ်သမားသည် အသက်(၂၂)နှစ်အရွယ်ရှိ အန်ဒါ ဆန်လီအယ်ရစ်ချ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ခဲ့ပြီး ၎င်းသည် နိုက်ကလပ်အတွင်းရှိလာနေကြသူများကို ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါသေနတ်သမားကို ရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပြီး၊ မကြာမီ ဖမ်းဆီးနိုင်ခဲ့ပြီး ဒဏ်ရာများအတွက် ဆေးကုသမှု များပြုလုပ်ပေးနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ထိခိုက် ဒဏ်ရာရရှိသူများသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး ဒေသဆိုင်ရာဆေးရုံများတွင် ဆေးကုသမှုများ ခံယူနေ ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် LGBT များကို မုန်းခြင်းကြောင့် တိုက်ခိုက်ခြင်းဟုတ်/မဟုတ် ဆိုသည့်အချက်ကို စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါပစ်ခတ်မှုပြီးနောက် နိုက်ကလပ်ထဲတွင် သေနတ်(၂)လက်ကိုတွေ့ရှိခဲ့ကြောင်း ကော်လိုရာဒိုစပရင်းရဲဌာန အကြီးအကဲ အန်ဒရီယန်ဗက်စ်ကွီးဇ်က နိုဝင်ဘာ(၂ဝ)ရက်တွင် ပြောကြားခဲ့သည်။ ကော်လိုရာဒိုစပရင်းရဲဌာန အကြီးအကဲ အန်ဒရီယန်ဗက်စ်ကွီးဇ်က "ကျွန်တော်တို့ရဲ့ LGBT တွေအတွက် နိုက်ကလပ်ဟာ အလုံခြုံဆုံး နိုက်ကလပ်တစ်ခုပါပဲ၊၊ ဒီလိုမျိုးတွေဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တကယ်ကို ဝမ်းနည်းမိပါတယ်" ဟု ပြောဆိုခဲ့ သည်၊၊

Zawgyi Version;
အေမရိကန္ႏိုင္ငံရွိ LGBT မ်ားစုေဝးရာ ႏိုက္ကလပ္တစ္ခုတြင္ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၅)ဦး ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၂၁

အေမရိကန္ႏိုင္ငံ ေကာ္လိုရာဒိုျပည္နယ္ ေကာ္လိုရာဒိုစပရင္းၿမိဳ႕ရွိ LGBT မ်ား တက္သည့္ ႏိုက္ကလပ္တြင္ ေသနတ္ သမားတစ္ဦး၏ ပစ္ခတ္မႈမ်ားေၾကာင့္ အနည္းဆုံးလူ(၅)ဦးေသဆုံးၿပီး (၁၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ကလပ္သြားသူမ်ားသည္ ေသနတ္သမားအား ျပန္လည္တိုက္ခိုက္ခဲ့ၿပီး အခ်ိန္တိုအတြင္း ဖမ္းမိႏိုင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ႏိုဝင္ဘာ(၂ဝ)ရက္တြင္ ေျပာၾကားခဲ့သည္။ အဆိုပါေသနတ္သမားသည္ အသက္(၂၂)ႏွစ္အ႐ြယ္ရွိ အန္ဒါ ဆန္လီအယ္ရစ္ခ်္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ေဖာ္ခဲ့ၿပီး ၎သည္ ႏိုက္ကလပ္အတြင္းရွိလာေနၾကသူမ်ားကို ႐ိုင္ဖယ္ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။

အဆိုပါေသနတ္သမားကို ရဲတပ္ဖြဲ႕က ပစ္ခတ္မႈျဖစ္ၿပီး၊ မၾကာမီ ဖမ္းဆီးႏိုင္ခဲ့ၿပီး ဒဏ္ရာမ်ားအတြက္ ေဆးကုသမႈ မ်ားျပဳလုပ္ေပးေနေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ အဆိုပါပစ္ခတ္မႈမ်ားျဖစ္ပြားၿပီးေနာက္ ထိခိုက္ ဒဏ္ရာရရွိသူမ်ားသည္ စိုးရိမ္ရသည့္အေျခအေနတြင္ရွိၿပီး ေဒသဆိုင္ရာေဆး႐ုံမ်ားတြင္ ေဆးကုသမႈမ်ား ခံယူေန ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ အဆိုပါတိုက္ခိုက္မႈသည္ LGBT မ်ားကို မုန္းျခင္းေၾကာင့္ တိုက္ခိုက္ျခင္းဟုတ္/မဟုတ္ ဆိုသည့္အခ်က္ကို စုံစမ္းစစ္ေဆးေနေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

အဆိုပါပစ္ခတ္မႈၿပီးေနာက္ ႏိုက္ကလပ္ထဲတြင္ ေသနတ္(၂)လက္ကိုေတြ႕ရွိခဲ့ေၾကာင္း ေကာ္လိုရာဒိုစပရင္းရဲဌာန အႀကီးအကဲ အန္ဒရီယန္ဗက္စ္ကြီးဇ္က ႏိုဝင္ဘာ(၂ဝ)ရက္တြင္ ေျပာၾကားခဲ့သည္။ ေကာ္လိုရာဒိုစပရင္းရဲဌာန အႀကီးအကဲ အန္ဒရီယန္ဗက္စ္ကြီးဇ္က "ကြၽန္ေတာ္တို႔ရဲ႕ LGBT ေတြအတြက္ ႏိုက္ကလပ္ဟာ အလုံၿခဳံဆုံး ႏိုက္ကလပ္တစ္ခုပါပဲ၊၊ ဒီလိုမ်ိဳးေတြျဖစ္ခဲ့တဲ့အတြက္ ကြၽန္ေတာ္တကယ္ကို ဝမ္းနည္းမိပါတယ္" ဟု ေျပာဆိုခဲ့ သည္၊၊

Related news

© 2021. All rights reserved.