ပါကစ္စတန် နှင့် မြန်မာနိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာနေ

1763

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁
ပါကစ္စတန် နှင့် မြန်မာနိုင်ငံ၏စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများသည် တရုတ်အစိုးရ၏ လမ်းညွှန်မှုတွေအရ ပိုမို နက်ရှိုင်းလာခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းဌာနက ဖော်ပြထားသည်။
ပါကစ္စတန်စစ်တပ်ကိုယ်စားလှယ်များ နှင့် မြန်မာစစ်တပ်ကိုယ်စားလှယ်များတို့သည် နှစ်နိုင်ငံကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးသွားရောက်ခြင်းများ ရှိခဲ့ကြောင်း၊ ပါကစ္စတန်စစ်တပ်နှင့် မြန်မာစစ်တပ်ကြား စစ်ဘက်သုံး ပစ္စည်းများနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများတိုးမြင့်လာခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းဌာန အီကိုနော့မစ်တိုင်းမ်တွင် ဖော်ပြထားသည်။
ပါကစ္စတန်စစ်တပ်၏အဆင့်မြင့်အရာရှိကြီးများ ပါဝင်သော စစ်ဘက်ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ကာ ကာကွယ်ရေးပစ္စည်းစက်ရုံအပြင် ပါကစ္စတန်နိုင်ငံမှ မြန်မာ စစ်တပ်က ဝယ်ယူထားသည့် JF-17 block II တိုက်လေယာဉ်များနှင့်ပတ်သက်သော ဆွေးနွေးပွဲများကိုလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ပါကစ္စတန်စစ်ဘက်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်တပ်ကို ကာကွယ်ရေးသုံးပစ္စည်းများ ထုတ်လုပ် နိုင်ရေးအတွက် နည်းပညာပိုင်းအကူအညီပေးဖို့အတွက် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်ခြင်းများလည်း ရှိနေခဲ့ ကြောင်း အိန္ဒိယသတင်းဌာနက ဖော်ပြထားသည်။
မြန်မာစစ်ဘက် ကိုယ်စားလှယ်အဖွဲ့သည်ပြီးခဲ့သော စက်တင်ဘာလအစောပိုင်းတွင် ပါကစ္စတန်နိုင်ငံမှ ဝယ်ယူဖို့ မှာယူထားသော ဗုံးများ၊ ကျည်ဆံများ လွှဲပြောင်းရယူနိုင်ရန်အတွက် ပါကစ္စတန်နိုင်ငံသို့သွားရောက်ခြင်းများ ရှိခဲ့ ကြောင်း၊ မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့သည် ယခုလ အစောပိုင်းတွင် စစ်လက်နက်ပစ္စည်းများကို သင်္ဘောဖြင့် ကြိုတင်သယ်ယူဖို့အတွက် ပါကစ္စတန်နိုင်ငံကို သွားရောက်ခြင်းများလည်းရှိခဲ့ကြောင်း အိန္ဒိယသတင်းဌာနက ဖော်ပြထားသည်။
မြန်မာစစ်တပ်သည် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့၏ အကူအညီများဖြင့် ၄င်းတို့စစ်လက်နက်ပစ္စည်း ထုတ်လုပ် ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန် စိတ်ဝင်စားနေကြောင်း အီကိုနော့မစ်တိုင်းမ်တွင် ဖော်ပြ ထားသည်။

Zawgyi Version;
ပါကစၥတန္ ႏွင့္ ျမန္မာႏိုင္ငံၾကား စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုနက္ရႈိင္းလာေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၁
ပါကစၥတန္ ႏွင့္ ျမန္မာႏိုင္ငံ၏စစ္ေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ တ႐ုတ္အစိုးရ၏ လမ္းၫႊန္မႈေတြအရ ပိုမို နက္ရႈိင္းလာခဲ့ေၾကာင္း အိႏၵိယအေျခစိုက္သတင္းဌာနက ေဖာ္ျပထားသည္။
ပါကစၥတန္စစ္တပ္ကိုယ္စားလွယ္မ်ား ႏွင့္ ျမန္မာစစ္တပ္ကိုယ္စားလွယ္မ်ားတို႔သည္ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ ခ်စ္ၾကည္ေရး ခရီးသြားေရာက္ျခင္းမ်ား ရွိခဲ့ေၾကာင္း၊ ပါကစၥတန္စစ္တပ္ႏွင့္ ျမန္မာစစ္တပ္ၾကား စစ္ဘက္သုံး ပစၥည္းမ်ားနဲ႔ပတ္သက္ၿပီး ပူးေပါင္းေဆာင္႐ြက္မႈမ်ားတိုးျမင့္လာခဲ့ေၾကာင္း အိႏၵိယအေျခစိုက္သတင္းဌာန အီကိုေနာ့မစ္တိုင္းမ္တြင္ ေဖာ္ျပထားသည္။
ပါကစၥတန္စစ္တပ္၏အဆင့္ျမင့္အရာရွိႀကီးမ်ား ပါဝင္ေသာ စစ္ဘက္ကိုယ္စားလွယ္အဖြဲ႕သည္ ၿပီးခဲ့သည့္လတြင္ ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးသြားေရာက္ခဲ့ကာ ကာကြယ္ေရးပစၥည္းစက္႐ုံအျပင္ ပါကစၥတန္ႏိုင္ငံမွ ျမန္မာ စစ္တပ္က ဝယ္ယူထားသည့္ JF-17 block II တိုက္ေလယာဥ္မ်ားႏွင့္ပတ္သက္ေသာ ေဆြးေႏြးပြဲမ်ားကိုလည္း တက္ေရာက္ခဲ့ေၾကာင္းသိရသည္။
ထို႔အျပင္ ပါကစၥတန္စစ္ဘက္ကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာစစ္တပ္ကို ကာကြယ္ေရးသုံးပစၥည္းမ်ား ထုတ္လုပ္ ႏိုင္ေရးအတြက္ နည္းပညာပိုင္းအကူအညီေပးဖို႔အတြက္ ျမန္မာႏိုင္ငံသို႔ ထပ္မံသြားေရာက္ျခင္းမ်ားလည္း ရွိေနခဲ့ ေၾကာင္း အိႏၵိယသတင္းဌာနက ေဖာ္ျပထားသည္။
ျမန္မာစစ္ဘက္ ကိုယ္စားလွယ္အဖြဲ႕သည္ၿပီးခဲ့ေသာ စက္တင္ဘာလအေစာပိုင္းတြင္ ပါကစၥတန္ႏိုင္ငံမွ ဝယ္ယူဖို႔ မွာယူထားေသာ ဗုံးမ်ား၊ က်ည္ဆံမ်ား လႊဲေျပာင္းရယူႏိုင္ရန္အတြက္ ပါကစၥတန္ႏိုင္ငံသို႔သြားေရာက္ျခင္းမ်ား ရွိခဲ့ ေၾကာင္း၊ ျမန္မာစစ္တပ္ကိုယ္စားလွယ္အဖြဲ႕သည္ ယခုလ အေစာပိုင္းတြင္ စစ္လက္နက္ပစၥည္းမ်ားကို သေဘၤာျဖင့္ ႀကိဳတင္သယ္ယူဖို႔အတြက္ ပါကစၥတန္ႏိုင္ငံကို သြားေရာက္ျခင္းမ်ားလည္းရွိခဲ့ေၾကာင္း အိႏၵိယသတင္းဌာနက ေဖာ္ျပထားသည္။
ျမန္မာစစ္တပ္သည္ တ႐ုတ္ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔၏ အကူအညီမ်ားျဖင့္ ၄င္းတို႔စစ္လက္နက္ပစၥည္း ထုတ္လုပ္ ေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ေဆာင္ရန္ စိတ္ဝင္စားေနေၾကာင္း အီကိုေနာ့မစ္တိုင္းမ္တြင္ ေဖာ္ျပ ထားသည္။