ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့သူများကို စစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင်

1091

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၂
ထိုင်းအစိုးရဟာ ၂ဝ၁၅ ခုနှစ်က ဘန်ကောက်မြို့မှာ ဗုံးခွဲတိုက်ခိုက်ခံရခြင်းနဲ့ပတ်သက်ပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူအဖြစ် သံသယရှိခံရတဲ့ Uyghurs ဝီလ်ဂါ လူမျိုးနှစ်ဦးကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ စုံစမ်းစစ်ဆေးမှုတွေ ပြန်လည် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် ဘာသာပြန်အခက်အခဲများကြောင့် ထိုင်းအစိုးရဟာ အဆိုပါ Uyghurs လူမျိုးနှစ် ဦးကို စုံစမ်းစစ်ဆေးဖို့ နှစ်အတန်ကြာ နှောင့်နေးခဲ့ရကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ ၂ဝ၁၅ ခုနှစ် သြဂုတ်လက ဘန်ကောက်မြို့ရှိ ဟိန္ဒူဘုရားကျောင်းမှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၂ဝ ဦး သေဆုံးခဲ့ပြီး Uyghurs လူမျိုးနှစ်ဦးဖြစ်တဲ့ Yusufu Mieraili နဲ့ Bilal Mohammed တို့က ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် လအတန်ကြာမှာ ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံရှိ Uyghurs လူမျိုး ၁ဝ၉ ဦးကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းစစ်အစိုးရဟာ တရုတ်အစိုးရနဲ့ နီးစပ်မှုများရှိနေပြီး Uyghurs လူမျိုးများကို ဖိနှိပ်မှုများအတွက် လက်စားချေမှုအဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ဖွယ်ရှိနေကြောင်း သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံရသူ Uyghurs လူမျိုးနှစ်ဦးကို ဘန်ကောက်မြို့ရှိ တရားရုံးမှာ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြန်လည်စစ်ဆေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို ဗုံးခြဲတိုက္ခိုက္ခဲ့သူမ်ားကို စစ္ေဆးမႈေတြ ျပန္လည္လုပ္ေဆာင္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၂
ထိုင္းအစိုးရဟာ ၂ဝ၁၅ ခုႏွစ္က ဘန္ေကာက္ၿမိဳ႕မွာ ဗုံးခြဲတိုက္ခိုက္ခံရျခင္းနဲ႔ပတ္သက္ၿပီး ဗုံးခြဲတိုက္ခိုက္ခဲ့သူအျဖစ္ သံသယရွိခံရတဲ့ Uyghurs ဝီလ္ဂါ လူမ်ိဳးႏွစ္ဦးကို ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ စုံစမ္းစစ္ေဆးမႈေတြ ျပန္လည္ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါအျပင္ ဘာသာျပန္အခက္အခဲမ်ားေၾကာင့္ ထိုင္းအစိုးရဟာ အဆိုပါ Uyghurs လူမ်ိဳးႏွစ္ ဦးကို စုံစမ္းစစ္ေဆးဖို႔ ႏွစ္အတန္ၾကာ ေႏွာင့္ေနးခဲ့ရေၾကာင္း သိရပါတယ္။
ထိုင္းႏိုင္ငံမွာ ၂ဝ၁၅ ခုႏွစ္ ၾသဂုတ္လက ဘန္ေကာက္ၿမိဳ႕ရွိ ဟိႏၵဴဘုရားေက်ာင္းမွာ ဗုံးခြဲတိုက္ခိုက္မႈျဖစ္ပြားခဲ့ရာ အနည္းဆုံး ၂ဝ ဦး ေသဆုံးခဲ့ၿပီး Uyghurs လူမ်ိဳးႏွစ္ဦးျဖစ္တဲ့ Yusufu Mieraili နဲ႔ Bilal Mohammed တို႔က ဗုံးခြဲ တိုက္ခိုက္ခဲ့တယ္လို႔ စြပ္စြဲေျပာဆိုထားပါတယ္။
အဆိုပါ ဗုံးခြဲတိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ လအတန္ၾကာမွာ ထိုင္းအစိုးရဟာ ထိုင္းႏိုင္ငံရွိ Uyghurs လူမ်ိဳး ၁ဝ၉ ဦးကို ျပန္ပို႔ခဲ့တယ္လို႔ သိရပါတယ္။ ထိုင္းစစ္အစိုးရဟာ တ႐ုတ္အစိုးရနဲ႔ နီးစပ္မႈမ်ားရွိေနၿပီး Uyghurs လူမ်ိဳးမ်ားကို ဖိႏွိပ္မႈမ်ားအတြက္ လက္စားေခ်မႈအျဖစ္ ဗုံးခြဲတိုက္ခိုက္ခဲ့ျခင္း ျဖစ္ဖြယ္ရွိေနေၾကာင္း သတင္းေတြလည္း ထြက္ေပၚ ေနပါတယ္။
အဆိုပါ ဗုံးခြဲတိုက္ခိုက္ခဲ့တယ္လို႔ စြပ္စြဲခံရသူ Uyghurs လူမ်ိဳးႏွစ္ဦးကို ဘန္ေကာက္ၿမိဳ႕ရွိ တရား႐ုံးမွာ ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ ျပန္လည္စစ္ေဆးေနၿပီျဖစ္တယ္လို႔ သိရပါတယ္။