ရုရှားနဲ့ စစ်ဖြစ်ရမှာကို မလိုလားကြောင်း ပိုလန်သမ္မတ ထုတ်ဖော်ဝန်ခံ

 685

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃

ပိုလန်သမ္မတက ရုရှားနိုင်ငံနဲ့စစ်ဖြစ်ဖို့ မလိုလားဘူးဆိုတဲ့အချက်ကို ပြင်သစ်သမ္မတနဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပိုလန်နိုင်ငံအတွင်းကို ဒုံးကျည်များရောက်ခဲ့မှုနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်မြင့်တက်ခဲ့ကာ အနောက်အုပ်စုမီဒီယာတွေနဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ဟာ ရုရှားနိုင်ငံအပေါ် ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပိုလန်၊ အမေရိကန်၊ ဥရောပသမဂ္ဂတို့ဟာ ပိုလန်နိုင်ငံထဲကိုကျရောက်ခဲ့တဲ့ ဒုံးကျည်တွေက ရုရှား ပစ်လိုက်တဲ့ဒုံးကျည်မျိုးမဟုတ်ဘဲ ယူကရိန်းပစ်လိုက်တဲ့ ဒုံးကျည်များဖြစ် ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ပိုလန်သမ္မတ Andrzej Duda က "ကျွန်တော်ကို ယုံကြည်ပေးပါ။ ရုရှားနဲ့ စစ်ပွဲဖြစ်လာနိုင်မှုတွေကိုရှောင်ရှားဖို့ ဂရုစိုက်လုပ်ဆောင်နေတယ်။ ဒါကြောင့် ကျွန်တော်ဟာ ရုရှားအစိုးရကို စွပ်စွဲတာမျိုးမရှိခဲ့ဘူး။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးဟာ အပြန်အလှန်အပြစ် တင်နေတယ်လို့ထင်မိတယ်" လို့ ပြောပါတယ်။

နေတိုးအုပ်စုနဲ့ ရုရှားနိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်နေခြင်းက ပိုလန် ဒါမှမဟုတ် အမေရိကန်ဦးဆောင်တဲ့ စစ်ရေးမဟာမိတ်အဖွဲ့တွေအတွက် အကျိုးစီးပွားဖြစ်လာမှာ မဟုတ်ကြောင်း ပိုလန်သမ္မတ က ပြောပါတယ်။

ပိုလန်သမ္မတက "ကျွန်တော်ဟာ ရုရှားနဲ့စစ်ပွဲဖြစ်လာမှာကို မလိုလားဘူး။ ရုရှားနဲ့ စစ်မဖြစ်ချင်ဘူး။ ဒါကြောင့် ရုရှားနဲ့ စစ်မဖြစ်အောင် အလွန်ဂရုစိုက်နေတယ်" လို့ပြောပါတယ်။

ပိုလန်နိုင်ငံ Przewodow ရွာကို ဒုံးကျည်များကျရောက်ခဲ့ပြီးနောက် သမ္မတ Andrzej Duda က အဆိုပါဒုံးကျည်များဟာ ရုရှားနိုင်ငံထုတ် ဒုံးကျည်များဖြစ်တယ်လို့ ဆိုခဲ့ပေမယ့် ရုရှားအစိုးရကို ဝေဖန်ပြစ်တင်ခဲ့ခြင်းမရှိတယ်လို့ သိရပါတယ်။ ပိုလန်နိုင်ငံထဲကို ဒုံးကျည်များကျရောက်ခဲ့ခြင်းနဲ့ပတ်သက်ပြီး နေတိုးအုပ်စု နဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာမှာကို စိုးရိမ်မှုမြင့်တက်ခဲ့ရတယ်လို့ သိရပါတယ်။

ပိုလန်ဟာ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်ရာ နေတိုးအုပ်စု စစ်ရေးစာချုပ်ထဲမှာ နိုင်ငံတစ်နိုင်ငံတိုက်ခိုက်ခံရပါ အခြားအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းကူညီရမယ်လို့ သတ်မှတ်ထားရာ
ပိုလန်ကြောင့် နေတိုးနဲ့ ရုရှားတို့ စစ်ဖြစ်လာမှာကို စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်း သတင်းတွေကဖော်ပြပါတယ်။

Zawgyi Version;
႐ုရွားနဲ႔ စစ္ျဖစ္ရမွာကို မလိုလားေၾကာင္း ပိုလန္သမၼတ ထုတ္ေဖာ္ဝန္ခံ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၃

ပိုလန္သမၼတက ႐ုရွားႏိုင္ငံနဲ႔စစ္ျဖစ္ဖို႔ မလိုလားဘူးဆိုတဲ့အခ်က္ကို ျပင္သစ္သမၼတနဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ပိုလန္ႏိုင္ငံအတြင္းကို ဒုံးက်ည္မ်ားေရာက္ခဲ့မႈနဲ႔ပတ္သက္ၿပီး တင္းမာမႈအရွိန္ျမင့္တက္ခဲ့ကာ အေနာက္အုပ္စုမီဒီယာေတြနဲ႔ ယူကရိန္းသမၼတ ဇီလန္စကီးတို႔ဟာ ႐ုရွားႏိုင္ငံအေပၚ ျပစ္တင္ေဝဖန္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ပိုလန္၊ အေမရိကန္၊ ဥေရာပသမဂၢတို႔ဟာ ပိုလန္ႏိုင္ငံထဲကိုက်ေရာက္ခဲ့တဲ့ ဒုံးက်ည္ေတြက ႐ုရွား ပစ္လိုက္တဲ့ဒုံးက်ည္မ်ိဳးမဟုတ္ဘဲ ယူကရိန္းပစ္လိုက္တဲ့ ဒုံးက်ည္မ်ားျဖစ္ ေၾကာင္း ျပန္လည္ေျဖရွင္းခဲ့ပါတယ္။

ပိုလန္သမၼတ Andrzej Duda က "ကြၽန္ေတာ္ကို ယုံၾကည္ေပးပါ။ ႐ုရွားနဲ႔ စစ္ပြဲျဖစ္လာႏိုင္မႈေတြကိုေရွာင္ရွားဖို႔ ဂ႐ုစိုက္လုပ္ေဆာင္ေနတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ဟာ ႐ုရွားအစိုးရကို စြပ္စြဲတာမ်ိဳးမရွိခဲ့ဘူး။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႏွစ္ဖက္စလုံးဟာ အျပန္အလွန္အျပစ္ တင္ေနတယ္လို႔ထင္မိတယ္" လို႔ ေျပာပါတယ္။

ေနတိုးအုပ္စုနဲ႔ ႐ုရွားႏိုင္ငံၾကား တင္းမာမႈအရွိန္ျမင့္တက္ေနျခင္းက ပိုလန္ ဒါမွမဟုတ္ အေမရိကန္ဦးေဆာင္တဲ့ စစ္ေရးမဟာမိတ္အဖြဲ႕ေတြအတြက္ အက်ိဳးစီးပြားျဖစ္လာမွာ မဟုတ္ေၾကာင္း ပိုလန္သမၼတ က ေျပာပါတယ္။

ပိုလန္သမၼတက "ကြၽန္ေတာ္ဟာ ႐ုရွားနဲ႔စစ္ပြဲျဖစ္လာမွာကို မလိုလားဘူး။ ႐ုရွားနဲ႔ စစ္မျဖစ္ခ်င္ဘူး။ ဒါေၾကာင့္ ႐ုရွားနဲ႔ စစ္မျဖစ္ေအာင္ အလြန္ဂ႐ုစိုက္ေနတယ္" လို႔ေျပာပါတယ္။

ပိုလန္ႏိုင္ငံ Przewodow ႐ြာကို ဒုံးက်ည္မ်ားက်ေရာက္ခဲ့ၿပီးေနာက္ သမၼတ Andrzej Duda က အဆိုပါဒုံးက်ည္မ်ားဟာ ႐ုရွားႏိုင္ငံထုတ္ ဒုံးက်ည္မ်ားျဖစ္တယ္လို႔ ဆိုခဲ့ေပမယ့္ ႐ုရွားအစိုးရကို ေဝဖန္ျပစ္တင္ခဲ့ျခင္းမရွိတယ္လို႔ သိရပါတယ္။ ပိုလန္ႏိုင္ငံထဲကို ဒုံးက်ည္မ်ားက်ေရာက္ခဲ့ျခင္းနဲ႔ပတ္သက္ၿပီး ေနတိုးအုပ္စု နဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္လာမွာကို စိုးရိမ္မႈျမင့္တက္ခဲ့ရတယ္လို႔ သိရပါတယ္။

ပိုလန္ဟာ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံျဖစ္ရာ ေနတိုးအုပ္စု စစ္ေရးစာခ်ဳပ္ထဲမွာ ႏိုင္ငံတစ္ႏိုင္ငံတိုက္ခိုက္ခံရပါ အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ား ပူးေပါင္းကူညီရမယ္လို႔ သတ္မွတ္ထားရာ
ပိုလန္ေၾကာင့္ ေနတိုးနဲ႔ ႐ုရွားတို႔ စစ္ျဖစ္လာမွာကို စိုးရိမ္မႈျမင့္တက္ခဲ့ေၾကာင္း သတင္းေတြကေဖာ္ျပပါတယ္။

Related news

© 2021. All rights reserved.