အီရန်ကို စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ အမေရိကန်ကို အစ္စရေးအစိုးရ တိုက်တွန်းတောင်းဆို

 484

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃

အစ္စရေးစစ်ဘက်အကြီးအကဲဟာ အီရန်ကို စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ အမေရိကန်ကို တွန်းအားပေးလျက်ရှိနေတယ်လို့ သိရပါတယ်။

အစ္စရေးစစ်ဘက်အကြီးအကဲ Aviv Kochavi က အီရန်ဟာ နျူကလီးယားလက်နက်တွေကို မကြာမီ လက်ဝယ်ပိုင်ဆိုင်တော့ဖွယ်ရှိနေကြောင်း၊ အမေရိကန်နိုင်ငံအနေနဲ့ အီရန်စစ်တပ်ကို စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ နည်းလမ်းအစီအစဉ်အသစ်များ လုပ်ဆောင်သင့်ကြောင်း၊ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးတာဝန်ရှိသူများဟာ အီရန်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အစ္စရေးစစ်ဘက်အကြီးအကဲက ပြောပါတယ်။

အစ္စရေးစစ်ဘက်အကြီးအကဲဟာ အမေရိကန်စစ်ဌာနချုပ်က ထိပ်တန်းဗိုလ်ချုပ်ကြီးဖြစ်တဲ့မက်မီလေး၊ အမျိုးသားလုံခြုံရေးကောင်စီအကြံပေး ဂျိတ်ဆူလီဗန်၊ စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံဘမ်းစ့်တို့နဲ့တွေ့ဆုံဆွေးနွေးချိန်မှာ အခုလိုမျိုးပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အီရန်စစ်ဘက်အကြီးအကဲဟာ အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးချင်းစီနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း အီရန်ရဲ့ခြိမ်းခြောက်မှုတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးစစ်ဘက်အကြီးအကဲ က "ဒေသအတွင်းမှာ အီရန်နိုင်ငံ နဲ့ ၎င်းရဲ့ကြားခံအဖြစ် အသုံးချနေတဲ့နိုင်ငံ၊ အဖွဲ့အစည်းတွေကိုဖြိုခွင်းဖို့ ပူးပေါင်းဆောင်ရွက်ရမယ့် စစ်ရေးအစီအမံတွေချမှတ်ရမယ့်အချိန်ဖြစ်တယ်။ အီရန်ဟာ စီးပွားရေး၊ စစ်ရေးအပြင် ပြည်တွင်းဖိအားတွေကြောင့် နျူကလီးယားစီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်" လို့ပြောပါတယ်။

အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးမက်မီလေးအပြင် အခြားထိပ်တန်းအရာရှိကြီးနှစ်ဦးဟာအစ္စရေးစစ်ဘက်အကြီးအကဲနဲ့ တွေ့ဆုံချိန်မှာ ဒေသအတွင်းခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီး အထူးသဖြင့် အီရန်နိုင်ငံရဲ့ခြိမ်းခြောက်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

အစ္စရေးအစိုးရတာဝန်ရှိသူတွေက အီရန်နိုင်ငံဟာ နျူကလီးယားဗုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတယ်လို့ နှစ်အတန်ကြာ စွပ်စွဲပြောဆိုခဲ့ပြီး အီရန်ကတော့ နျူကလီးယားလက်နက်များပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတဲ့စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

Zawgyi Version;
အီရန္ကို စစ္ေရးအရ အေရးယူေဆာင္႐ြက္ဖို႔ အေမရိကန္ကို အစၥေရးအစိုးရ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၃

အစၥေရးစစ္ဘက္အႀကီးအကဲဟာ အီရန္ကို စစ္ေရးအရ အေရးယူေဆာင္႐ြက္ဖို႔ အေမရိကန္ကို တြန္းအားေပးလ်က္ရွိေနတယ္လို႔ သိရပါတယ္။

အစၥေရးစစ္ဘက္အႀကီးအကဲ Aviv Kochavi က အီရန္ဟာ န်ဴကလီးယားလက္နက္ေတြကို မၾကာမီ လက္ဝယ္ပိုင္ဆိုင္ေတာ့ဖြယ္ရွိေနေၾကာင္း၊ အေမရိကန္ႏိုင္ငံအေနနဲ႔ အီရန္စစ္တပ္ကို စစ္ေရးအရ အေရးယူေဆာင္႐ြက္ဖို႔ နည္းလမ္းအစီအစဥ္အသစ္မ်ား လုပ္ေဆာင္သင့္ေၾကာင္း၊ ဆိုပါတယ္။

ဒါ့အျပင္ အေမရိကန္ကာကြယ္ေရးနဲ႔ ေထာက္လွမ္းေရးတာဝန္ရွိသူမ်ားဟာ အီရန္ကို ထိပ္တိုက္ရင္ဆိုင္ဖို႔ ပူးေပါင္းေဆာင္႐ြက္သင့္ေၾကာင္း အစၥေရးစစ္ဘက္အႀကီးအကဲက ေျပာပါတယ္။

အစၥေရးစစ္ဘက္အႀကီးအကဲဟာ အေမရိကန္စစ္ဌာနခ်ဳပ္က ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးျဖစ္တဲ့မက္မီေလး၊ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အႀကံေပး ဂ်ိတ္ဆူလီဗန္၊ စီအိုင္ေအ ၫႊန္ၾကားေရးမႉး ဝီလီယံဘမ္းစ့္တို႔နဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္မွာ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အီရန္စစ္ဘက္အႀကီးအကဲဟာ အေမရိကန္ထိပ္တန္းအရာရွိတစ္ဦးခ်င္းစီနဲ႔ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း အီရန္ရဲ႕ၿခိမ္းေျခာက္မႈေတြကို အဓိကထားေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

အစၥေရးစစ္ဘက္အႀကီးအကဲ က "ေဒသအတြင္းမွာ အီရန္ႏိုင္ငံ နဲ႔ ၎ရဲ႕ၾကားခံအျဖစ္ အသုံးခ်ေနတဲ့ႏိုင္ငံ၊ အဖြဲ႕အစည္းေတြကိုၿဖိဳခြင္းဖို႔ ပူးေပါင္းေဆာင္႐ြက္ရမယ့္ စစ္ေရးအစီအမံေတြခ်မွတ္ရမယ့္အခ်ိန္ျဖစ္တယ္။ အီရန္ဟာ စီးပြားေရး၊ စစ္ေရးအျပင္ ျပည္တြင္းဖိအားေတြေၾကာင့္ န်ဴကလီးယားစီမံကိန္းေတြကို ဆက္လက္လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းေနတယ္" လို႔ေျပာပါတယ္။

အေမရိကန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးမက္မီေလးအျပင္ အျခားထိပ္တန္းအရာရွိႀကီးႏွစ္ဦးဟာအစၥေရးစစ္ဘက္အႀကီးအကဲနဲ႔ ေတြ႕ဆုံခ်ိန္မွာ ေဒသအတြင္းၿခိမ္းေျခာက္မႈေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့ၿပီး အထူးသျဖင့္ အီရန္ႏိုင္ငံရဲ႕ၿခိမ္းေျခာက္မႈေတြကိုလည္း ေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။

အစၥေရးအစိုးရတာဝန္ရွိသူေတြက အီရန္ႏိုင္ငံဟာ န်ဴကလီးယားဗုံး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ ႏွစ္အတန္ၾကာ စြပ္စြဲေျပာဆိုခဲ့ၿပီး အီရန္ကေတာ့ န်ဴကလီးယားလက္နက္မ်ားပိုင္ဆိုင္ဖို႔ ႀကိဳးပမ္းေနတဲ့စြပ္စြဲခ်က္ေတြကို ျငင္းဆန္ထားပါတယ္။

Related news

© 2021. All rights reserved.