အမေရိကန်ရဲ့မဟာဗျူဟာအမှားများကို တရုတ်စစ်ဘက် ဝေဖန်ပြစ်တင်

 708

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃

အမေရိကန် နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံထားသလောက်ကောင်းမွန်မှုမရှိခြင်းများအတွက် အမေရိကန်အစိုးရမှာ တာဝန်အပြည့်အဝရှိကြောင်း တရုတ်စစ်ဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်နဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တန်ကီဖိုင်က အမေရိကန်အစိုးရ လုပ်ဆောင်တဲ့ မဟာဗျူဟာတွေ မှားယွင်း နေကြောင်း၊ နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်မှုမရှိခြင်းအတွက် တရုတ်နိုင်ငံကို အပြစ်တင်ရမှာ မဟုတ် ကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe ကလည်း "ထိုင်ဝမ်အရေးကိစ္စဟာ တရုတ်ပြည်သူတွေရဲ့ ကိစ္စသာဖြစ်တယ်။ ပြည်ပနိုင်ငံအဖွဲ့အစည်းတွေ ကြားဝင်စွက်ဖက်တာမျိုး လုပ်လို့မရဘူး" လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးကို တုံ့ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးက အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကို လေးစားသင့်ကြောင်း၊ တရုတ်နိုင်ငံ အပေါ် ဆင်ခြင်တုံတရားရှိတဲ့ ချဉ်းကပ်မှုမျိုးတွေသာ လုပ်ဆောင်သင့်ကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်အစိုးရဲ့လုပ်ရပ်တွေက အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး အနုတ်လက္ခာဏာ ဖြစ်လာနိုင်တဲ့အခြေအနေမျိုးရောက်ရှိသွားမှာကိုလည်း သတိပေးထားသင့်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးက သတိပေးထားပါတယ်။

ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ သွားရောက်ခဲ့ပြီးနောက် တရုတ် နဲ့ အမေရိကန်နိုင်ငံ ကြား ဆက်ဆံရေးကောင်းမွန်မှု မရှိတော့ကြောင်း သုံးသပ်မှုတွေလည်းရှိနေပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၄င်းတို့ပိုင်နက်အစိတ်အပိုင်းဖြစ်တယ်လို့ ပြောဆိုထားပြီး၊ ထိုင်ဝမ်က ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းနေ ပါတယ်။ ထိုင်ဝမ်ဟာ အမေရိကန်ထံက ကာကွယ်ရေးပစ္စည်းများ ရယူမှုအပြင် အမေရိကန်ရဲ့အကူအညီများ ရယူ နိုင်အောင် ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ရဲ႕မဟာဗ်ဴဟာအမွားမ်ားကို တ႐ုတ္စစ္ဘက္ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၃

အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံထားသေလာက္ေကာင္းမြန္မႈမရွိျခင္းမ်ားအတြက္ အေမရိကန္အစိုးရမွာ တာဝန္အျပည့္အဝရွိေၾကာင္း တ႐ုတ္စစ္ဘက္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး Wei Fenghe ဟာ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳင္ေအာ္စတင္နဲ႔ ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာန တန္ကီဖိုင္က အေမရိကန္အစိုးရ လုပ္ေဆာင္တဲ့ မဟာဗ်ဴဟာေတြ မွားယြင္း ေနေၾကာင္း၊ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးေကာင္းမြန္မႈမရွိျခင္းအတြက္ တ႐ုတ္ႏိုင္ငံကို အျပစ္တင္ရမွာ မဟုတ္ ေၾကာင္း ေဝဖန္ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး Wei Fenghe ကလည္း "ထိုင္ဝမ္အေရးကိစၥဟာ တ႐ုတ္ျပည္သူေတြရဲ႕ ကိစၥသာျဖစ္တယ္။ ျပည္ပႏိုင္ငံအဖြဲ႕အစည္းေတြ ၾကားဝင္စြက္ဖက္တာမ်ိဳး လုပ္လို႔မရဘူး" လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးကို တုံ႔ျပန္ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက အေမရိကန္ဟာ တ႐ုတ္ႏိုင္ငံရဲ႕အက်ိဳးစီးပြားကို ေလးစားသင့္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံ အေပၚ ဆင္ျခင္တုံတရားရွိတဲ့ ခ်ဥ္းကပ္မႈမ်ိဳးေတြသာ လုပ္ေဆာင္သင့္ေၾကာင္း သတိေပးေျပာဆိုခဲ့ပါတယ္။ အေမရိကန္အစိုးရဲ႕လုပ္ရပ္ေတြက အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား အျပန္အလွန္ဆက္ဆံေရး အႏုတ္လကၡာဏာ ျဖစ္လာႏိုင္တဲ့အေျခအေနမ်ိဳးေရာက္ရွိသြားမွာကိုလည္း သတိေပးထားသင့္ေၾကာင္း တ႐ုတ္ကာကြယ္ေရး ဝန္ႀကီးက သတိေပးထားပါတယ္။

ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီ သြားေရာက္ခဲ့ၿပီးေနာက္ တ႐ုတ္ နဲ႔ အေမရိကန္ႏိုင္ငံ ၾကား ဆက္ဆံေရးေကာင္းမြန္မႈ မရွိေတာ့ေၾကာင္း သုံးသပ္မႈေတြလည္းရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၄င္းတို႔ပိုင္နက္အစိတ္အပိုင္းျဖစ္တယ္လို႔ ေျပာဆိုထားၿပီး၊ ထိုင္ဝမ္က ကိုယ္ပိုင္လြတ္လပ္ေရးရယူဖို႔ ႀကိဳးပမ္းေန ပါတယ္။ ထိုင္ဝမ္ဟာ အေမရိကန္ထံက ကာကြယ္ေရးပစၥည္းမ်ား ရယူမႈအျပင္ အေမရိကန္ရဲ႕အကူအညီမ်ား ရယူ ႏိုင္ေအာင္ ႀကိဳးပမ္းလ်က္ရွိေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.