အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့သတင်းတွေကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ငြင်းဆန်ပယ်ချ

 914

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲဖို့ နဲ့ အတိုက်ခံပါတီခေါင်းဆောင် Seng Theary ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းတွေကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ငြင်းဆန်ပယ်ချခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်ဟာ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ရာ အတိုက်ခံပါတီခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ ဒီမိုကရေစီ စနစ်ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဟွန်ဆန်ဟာ ကမ္ဘာဒီးယားနိုင်ငံမှာ ကျင်းပတဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေး အထိမ်းအမှတ်အဖြစ် နှစ် ၃ဝ ပြည့်အခမ်းအနားမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အမေရိကန်သမ္မတ တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ငြင်းဆန်ပယ်ချခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်က "ကျွန်တော်ဟာ အမေရိကန်သမ္မတရဲ့ပြောဆိုချက်တွေကို မကြားသလို နေထိုင်ခဲ့တယ်။ ကျွန်တော်ဟာ ဂျိုးဘိုင်ဒန်ရဲ့ပြောဆိုချက်တွေကို မကြားတဲ့အတွက် ဘာမှ ပြန်ဖြေရှင်းစရာမလိုခဲ့ဘူး။ ကမ္ဘောဒီးယား ဒီမိုကရေစီစနစ်ပြောင်းလဲဖို့ နဲ့ အတိုက်ခံပါတီခေါင်းဆောင်ကိစ္စတွေကို ဆွေးနွေးတာမျိုးမရှိခဲ့ဘူး။ ဂျိုးဘိုင်ဒန်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ပဲ ဆွေးနွေးခဲ့တယ်" လို့ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ဒီမိုကရေစီစနစ် ပြောင်းလဲဖို့ ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင်တွေကို အကြံပေးပြောဆိုခဲ့တယ်ဆိုတဲ့သတင်းတွေကိုလည်း ဝန်ကြီးချုပ်ဟွန်ဆန်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်က အမေရိကန်သမ္မတ နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်တာမျိုး လုပ်လို့မရကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒီမိုကရေစီစနစ်တွေကို စိုးရိမ်စရာမလိုကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ရာ အတိုက်ခံပါတီခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ ဒီမိုကရေစီ စနစ်ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။





Related news

© 2021. All rights reserved.