ဆာဟဲလ် ပဋိပက္ခဟာ အနောက်အာဖရိက တစ်ခုလုံးကို လွှမ်းမိုးသွားနိုင်ကြောင်း ဂါနာသမ္မတ သတိပေး

 365

ရောင်နီ (NP News) - နိုဝင်ဘာ ၂၃

အနောက်အာဖရိက ဆာဟဲလ်ဒေသမှာ ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ပဋိပက္ခ ပုန်ကန်မှုများဟာ အနောက်အာဖရိက တစ်ခုလုံးကို လွှမ်းမိုးသွားနိုင်တယ်လို့ ဂါနာသမ္မတ နာနာအကူဖိုအက်ဒို က သတိပေးထားပါတယ်။

အကူဖိုအက်ဒို ဟာ ဂါနာနိုင်ငံ မြို့တော်အက်ရာမှာ နိုဝင်ဘာလ ၂၂ ရက်၊ အင်္ဂါနေ့က ပြုလုပ်တဲ့ အနောက်အာဖရိက ခေါင်းဆောင်များနဲ့ ဥရောပဝန်ကြီးများအစည်းအဝေးမှာ မာလီပဋိပက္ခအတွက် ဒေသတွင်း ဖြေရှင်းနည်းများကို ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

အစည်းအဝေးမှာ လက်နက်ကိုင်အဖွဲ့များ နယ်မြေအများအပြားကို သိမ်းပိုက်ထားတဲ့ မာလီမှ ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံခြားတပ်များ ဆုတ်ခွာခြင်း၊ ရုရှားနဲ့ အဆက်အဆံရှိနေခြင်းကြောင့် မာလီနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး အဆုံးသတ်ရခြင်းကို ဖော်ပြခဲ့ပြီး “ဆိုးရွားတဲ့ ပဋိပက္ခအခြေအနေတွေက အနောက် အာဖရိကဒေသတစ်ခုလုံးကို လွှမ်းမိုးဖို့ ခြိမ်းခြောက်နေပါတယ်” လို့ အက်ဒိုက ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း နယ်မြေတိုက်ခိုက်မှုများ တိုးလာခဲ့ပြီး အဆိုပါအကြမ်းဖက်မှုများကြောင့် လူပေါင်း ထောင်နဲ့ချီသေဆုံးခဲ့ကာ ဆာဟဲလ်ဒေသမှာ လူဦးရေ ၂.၇ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ၂ဝ၁၂ ခုနှစ်မှစ ပဋိပက္ခ များမှာ ဆက်လက်အမြစ်တွယ်နေခဲ့တဲ့ မာလီနိုင်ငံဟာ ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လက အာဏာသိမ်းယူခဲ့တဲ့ စစ်တပ် အစိုးရရဲ့ကတိပြုထားတဲ့ရွေးကောက်ပွဲများ ကျင်းပဖို့ ပျက်ကွက်ခဲ့ပြီးနောက်ပိုင်း ဒေသတွင်းအစိုးရများ၊ အနောက် အင်အားကြီးနိုင်ငံများ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်လာပါတယ်။ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ စစ်တပ်ရဲ့အလွဲသုံးစားမှုပြုလုပ်မှုများဟာ ပဋိပက္ခတင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့ ပါတယ်။

မာလီမှ နိုင်ငံခြားစစ်တပ်များ ဆုတ်ခွာမှုကြောင့် အယ်လ်ကေးဒါးနဲ့ ISIL (ISIS) တို့နဲ့ ဆက်နွယ်နေတဲ့အုပ်စုများက မာလီရဲ့အိမ်နီးချင်းများနဲ့ ဆာဟဲလ် ရဲ့ တောင်ဘက် ကမ်းရိုးတန်းပြည်နယ်များသို့ပါ လုံခြုံရေးကင်းမဲ့စေမလား ဆိုတဲ့ စိုးရိမ်မှုများလည်း မြင့်တက်ခဲ့ပါတယ်။ ပဋိပက္ခများနဲ့ ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသတွင်း စားနပ် ရိက္ခာအကျပ်အတည်းများလည်း ရှိလာပါတယ်။ ဆာဟဲလ် မှာ လူဦးရေသန်း ၃ဝ ကျော်ဟာ အသက်ကယ်အကူအညီနဲ့ အကာအကွယ်များ လိုအပ်မှာဖြစ်ပြီး ယခင်နှစ်ထက် ဒုက္ခသည် နှစ်သန်းနီးပါး ပိုမိုများပြားလာနိုင်တယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ဆာဟဲလ္ ပဋိပကၡဟာ အေနာက္အာဖရိက တစ္ခုလုံးကို လႊမ္းမိုးသြားႏိုင္ေၾကာင္း ဂါနာသမၼတ သတိေပး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၃

အေနာက္အာဖရိက ဆာဟဲလ္ေဒသမွာ ျဖစ္ပြားေနတဲ့ ျပင္းထန္တဲ့ပဋိပကၡ ပုန္ကန္မႈမ်ားဟာ အေနာက္အာဖရိက တစ္ခုလုံးကို လႊမ္းမိုးသြားႏိုင္တယ္လို႔ ဂါနာသမၼတ နာနာအကူဖိုအက္ဒို က သတိေပးထားပါတယ္။

အကူဖိုအက္ဒို ဟာ ဂါနာႏိုင္ငံ ၿမိဳ႕ေတာ္အက္ရာမွာ ႏိုဝင္ဘာလ ၂၂ ရက္၊ အဂၤါေန႔က ျပဳလုပ္တဲ့ အေနာက္အာဖရိက ေခါင္းေဆာင္မ်ားနဲ႔ ဥေရာပဝန္ႀကီးမ်ားအစည္းအေဝးမွာ မာလီပဋိပကၡအတြက္ ေဒသတြင္း ေျဖရွင္းနည္းမ်ားကို ေဆြးေႏြး ေျပာဆိုခဲ့ပါတယ္။

အစည္းအေဝးမွာ လက္နက္ကိုင္အဖြဲ႕မ်ား နယ္ေျမအမ်ားအျပားကို သိမ္းပိုက္ထားတဲ့ မာလီမွ ျပင္သစ္နဲ႔ ဒိန္းမတ္ ႏိုင္ငံျခားတပ္မ်ား ဆုတ္ခြာျခင္း၊ ႐ုရွားနဲ႔ အဆက္အဆံရွိေနျခင္းေၾကာင့္ မာလီနဲ႔ စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ပတ္သက္ၿပီး အဆုံးသတ္ရျခင္းကို ေဖာ္ျပခဲ့ၿပီး “ဆိုး႐ြားတဲ့ ပဋိပကၡအေျခအေနေတြက အေနာက္ အာဖရိကေဒသတစ္ခုလုံးကို လႊမ္းမိုးဖို႔ ၿခိမ္းေျခာက္ေနပါတယ္” လို႔ အက္ဒိုက ေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားအတြင္း နယ္ေျမတိုက္ခိုက္မႈမ်ား တိုးလာခဲ့ၿပီး အဆိုပါအၾကမ္းဖက္မႈမ်ားေၾကာင့္ လူေပါင္း ေထာင္နဲ႔ခ်ီေသဆုံးခဲ့ကာ ဆာဟဲလ္ေဒသမွာ လူဦးေရ ၂.၇ သန္း အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရပါတယ္။ ၂ဝ၁၂ ခုႏွစ္မွစ ပဋိပကၡ မ်ားမွာ ဆက္လက္အျမစ္တြယ္ေနခဲ့တဲ့ မာလီႏိုင္ငံဟာ ၂ဝ၂ဝ ျပည့္ႏွစ္၊ ၾသဂုတ္လက အာဏာသိမ္းယူခဲ့တဲ့ စစ္တပ္ အစိုးရရဲ႕ကတိျပဳထားတဲ့ေ႐ြးေကာက္ပြဲမ်ား က်င္းပဖို႔ ပ်က္ကြက္ခဲ့ၿပီးေနာက္ပိုင္း ေဒသတြင္းအစိုးရမ်ား၊ အေနာက္ အင္အားႀကီးႏိုင္ငံမ်ား၊ ကုလသမဂၢ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈအဖြဲ႕တို႔နဲ႔ ဆန႔္က်င္ဘက္ျဖစ္လာပါတယ္။ ႐ုရွားနဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းနဲ႔ စစ္တပ္ရဲ႕အလြဲသုံးစားမႈျပဳလုပ္မႈမ်ားဟာ ပဋိပကၡတင္းမာမႈမ်ားကို ပိုမိုဆိုး႐ြားေစခဲ့ ပါတယ္။

မာလီမွ ႏိုင္ငံျခားစစ္တပ္မ်ား ဆုတ္ခြာမႈေၾကာင့္ အယ္လ္ေကးဒါးနဲ႔ ISIL (ISIS) တို႔နဲ႔ ဆက္ႏြယ္ေနတဲ့အုပ္စုမ်ားက မာလီရဲ႕အိမ္နီးခ်င္းမ်ားနဲ႔ ဆာဟဲလ္ ရဲ႕ ေတာင္ဘက္ ကမ္း႐ိုးတန္းျပည္နယ္မ်ားသို႔ပါ လုံၿခဳံေရးကင္းမဲ့ေစမလား ဆိုတဲ့ စိုးရိမ္မႈမ်ားလည္း ျမင့္တက္ခဲ့ပါတယ္။ ပဋိပကၡမ်ားနဲ႔ ရာသီဥတုေဖာက္ျပန္မႈမ်ားေၾကာင့္ ေဒသတြင္း စားနပ္ ရိကၡာအက်ပ္အတည္းမ်ားလည္း ရွိလာပါတယ္။ ဆာဟဲလ္ မွာ လူဦးေရသန္း ၃ဝ ေက်ာ္ဟာ အသက္ကယ္အကူအညီနဲ႔ အကာအကြယ္မ်ား လိုအပ္မွာျဖစ္ၿပီး ယခင္ႏွစ္ထက္ ဒုကၡသည္ ႏွစ္သန္းနီးပါး ပိုမိုမ်ားျပားလာႏိုင္တယ္လို႔ ကုလသမဂၢက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.