ဘရာဇီးအသင်းရဲ့အုပ်စုပွဲစဉ်အားလုံးကို လွဲချော်မယ့် တိုက်စစ်မှူး နေမာ
764
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၆
ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ဆာဘီးယားအသင်းနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဘရာဇီးအသင်းရဲ့အဓိကတိုက်စစ်မှူး နေမာဟာ အနည်းဆုံးတော့အသင်းရဲ့အုပ်စုလက်ကျန်ပွဲစဉ်များကို လွဲချော်မယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အသက် ၃ဝ အရွယ်ရှိ နေမာဟာ ဆားဘီးယားအသင်းကို (၂)ဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်အတွင်း လူစားလဲခံခဲ့ရကြောင်းသိရပါတယ်။ နေမာဟာ လူစားလဲခံရပြီးနောက် အရန်ခုံကို ထိုင်နေချိန်အတွင်း ဝမ်းနည်းငိုကြွေးမှုတွေလည်းရှိနေခဲ့ကြောင်း ဗြိတိန်မီဒီယာတွေကဖော်ပြပါတယ်။နေမာဟာ အဆိုပါပွဲစဉ်မှာ ဆားဘီးယားကစားသမား မီလန်ကိုဗစ်ရဲ့ ကြမ်းတမ်းစွာဖျက်ထုတ်ခံခဲ့ရကြောင်း၊ နေမာဟာအဆိုပါပွဲစဉ်အတွင်း ပြိုင်ဘက် ကစားသမားတွေရဲ့ပစ်မှတ်ထားဖျက်ထုတ်ခံရမှုအများဆုံးတွေ့ကြုံခဲ့ကြောင်းသိရပါတယ်။
ဘရာဇီးအသင်းဆရာဝန်က နေမာဟာ အသင်းရဲ့လက်ကျန်အုပ်စုနှစ်ပွဲကိုလွဲချော်မှာဖြစ်ကြောင်း၊ ဘယ်အချိန် အသင်းအတွက် ပြန်ကစားနိုင်မလဲဆိုတဲ့အချက်ကိုအတိ အကျပြောလို့မရသေးကြောင်း ပြောပါတယ်။ နေမာက "ကျွန်တော့်ရဲ့ဘဝဟာအမြဲ တမ်းလွယ်ကူမှုမရှိခဲ့ဘူး၊ ရည်မှန်းချက်တွေနဲ့ အိမ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ အမြဲတမ်း ကြိုးစားနေခဲ့ရတယ်။ ဒဏ်ရာရမှုက ကျွန်တော့်အတွက်ပျော်ရွှင်စရာမျိုးမဟုတ်ဘူး၊ ထိခိုက်နာကျင်ရတယ်။ ကျွန်တော့်အနေနဲ့အသင်းဖော်တွေနဲ့ နိုင်ငံအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ထပ်မံပါဝင်ကစားခွင့်ရအောင်အရာရာတိုင်းကြိုးစားသွားမှာပါ"လို့ပြောပါတယ်။
ဘရာဇီးအသင်းဟာ အုပ်စုလက်ကျန်ပွဲစဉ်တွေအဖြစ် ဆွစ်ဇာလန်အသင်း၊ ကင်မရွန်းအသင်းတို့နဲ့ ထပ်မံကစားရမှာဖြစ်ပြီး နေမာဟာ အဆိုပါပွဲစဉ် နှစ်ပွဲကိုလွဲချော်ဖို့ သေချာသွားခဲ့ကြောင်းသိရပါတယ်။ တိုက်စစ်မှူးနေမာအပြင် ဘရာဇီးနောက်ခံလူ ဒါနီလိုဟာလည်း ဒဏ်ရာပြဿနာကြောင့် ဘရာဇီးအသင်းရဲ့လာမယ့်ပွဲစဉ်တွေကို ပါဝင်ကစားနိုင်မှာမဟုတ်ကြောင်း၊ ဘရာဇီးအသင်းနဲ့နီးစပ်သူတွေကပြောပါတယ်။ဘရာဇီးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပြီး နေမာ ဒဏ်ရာရသွားခဲ့ခြင်းက အသင်းအတွက်ထိုးနှက်ချက်ဖြစ်လာစေခဲ့ကြောင်း သုံးသပ်မှုတွေရှိနေပါတယ်။
zawgyi version
ဘရာဇီးအသင္းရဲ႕အုပ္စုပြဲစဥ္အားလုံးကို လြဲေခ်ာ္မယ့္ တိုက္စစ္မႉး ေနမာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၆
ၿပီးခဲ့တဲ့ရက္ပိုင္းက ကစားခဲ့တဲ့ ဆာဘီးယားအသင္းနဲ႔ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ ရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္ ဘရာဇီးအသင္းရဲ႕အဓိကတိုက္စစ္မႉး ေနမာဟာ အနည္းဆုံးေတာ့အသင္းရဲ႕အုပ္စုလက္က်န္ပြဲစဥ္မ်ားကို လြဲေခ်ာ္မယ္လို႔ ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။
အသက္ ၃ဝ အ႐ြယ္ရွိ ေနမာဟာ ဆားဘီးယားအသင္းကို (၂)ဂိုးျပတ္နဲ႔အႏိုင္ရတဲ့ပြဲမွာ ေျခက်င္းဝတ္ဒဏ္ရာရသြားခဲ့ျခင္းျဖစ္ၿပီး ပြဲစဥ္အတြင္း လူစားလဲခံခဲ့ရေၾကာင္းသိရပါတယ္။ ေနမာဟာ လူစားလဲခံရၿပီးေနာက္ အရန္ခုံကို ထိုင္ေနခ်ိန္အတြင္း ဝမ္းနည္းငိုေႂကြးမႈေတြလည္းရွိေနခဲ့ေၾကာင္း ၿဗိတိန္မီဒီယာေတြကေဖာ္ျပပါတယ္။ေနမာဟာ အဆိုပါပြဲစဥ္မွာ ဆားဘီးယားကစားသမား မီလန္ကိုဗစ္ရဲ႕ ၾကမ္းတမ္းစြာဖ်က္ထုတ္ခံခဲ့ရေၾကာင္း၊ ေနမာဟာအဆိုပါပြဲစဥ္အတြင္း ၿပိဳင္ဘက္ ကစားသမားေတြရဲ႕ပစ္မွတ္ထားဖ်က္ထုတ္ခံရမႈအမ်ားဆုံးေတြ႕ႀကဳံခဲ့ေၾကာင္းသိရပါတယ္။
ဘရာဇီးအသင္းဆရာဝန္က ေနမာဟာ အသင္းရဲ႕လက္က်န္အုပ္စုႏွစ္ပြဲကိုလြဲေခ်ာ္မွာျဖစ္ေၾကာင္း၊ ဘယ္အခ်ိန္ အသင္းအတြက္ ျပန္ကစားႏိုင္မလဲဆိုတဲ့အခ်က္ကိုအတိ အက်ေျပာလို႔မရေသးေၾကာင္း ေျပာပါတယ္။ ေနမာက "ကြၽန္ေတာ့္ရဲ႕ဘဝဟာအၿမဲ တမ္းလြယ္ကူမႈမရွိခဲ့ဘူး၊ ရည္မွန္းခ်က္ေတြနဲ႔ အိမ္မက္ေတြကိုအေကာင္အထည္ေဖာ္ႏိုင္ဖို႔ အၿမဲတမ္း ႀကိဳးစားေနခဲ့ရတယ္။ ဒဏ္ရာရမႈက ကြၽန္ေတာ့္အတြက္ေပ်ာ္႐ႊင္စရာမ်ိဳးမဟုတ္ဘူး၊ ထိခိုက္နာက်င္ရတယ္။ ကြၽန္ေတာ့္အေနနဲ႔အသင္းေဖာ္ေတြနဲ႔ ႏိုင္ငံအတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲကို ထပ္မံပါဝင္ကစားခြင့္ရေအာင္အရာရာတိုင္းႀကိဳးစားသြားမွာပါ"လို႔ေျပာပါတယ္။
ဘရာဇီးအသင္းဟာ အုပ္စုလက္က်န္ပြဲစဥ္ေတြအျဖစ္ ဆြစ္ဇာလန္အသင္း၊ ကင္မ႐ြန္းအသင္းတို႔နဲ႔ ထပ္မံကစားရမွာျဖစ္ၿပီး ေနမာဟာ အဆိုပါပြဲစဥ္ ႏွစ္ပြဲကိုလြဲေခ်ာ္ဖို႔ ေသခ်ာသြားခဲ့ေၾကာင္းသိရပါတယ္။ တိုက္စစ္မႉးေနမာအျပင္ ဘရာဇီးေနာက္ခံလူ ဒါနီလိုဟာလည္း ဒဏ္ရာျပႆနာေၾကာင့္ ဘရာဇီးအသင္းရဲ႕လာမယ့္ပြဲစဥ္ေတြကို ပါဝင္ကစားႏိုင္မွာမဟုတ္ေၾကာင္း၊ ဘရာဇီးအသင္းနဲ႔နီးစပ္သူေတြကေျပာပါတယ္။ဘရာဇီးဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ေနၿပီး ေနမာ ဒဏ္ရာရသြားခဲ့ျခင္းက အသင္းအတြက္ထိုးႏွက္ခ်က္ျဖစ္လာေစခဲ့ေၾကာင္း သုံးသပ္မႈေတြရွိေနပါတယ္။