EXO ၏အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ Kris Wu ထောင်ဒဏ်(၁၃)နှစ်ချမှတ်ခံရ

 1277

Pika (NP News) - နိုဝင်ဘာ ၂၆

၂ဝ၂ဝ ခုနှစ်က ၎င်း၏နေအိမ်တွင် အမျိုးသမီးဦးသုံးဦးအား အဓမ္မပြုကျင့်ခဲ့သော ကနေဒါ-တရုတ်အဆိုတော် Kris Wu ကို တရုတ်နိုင်ငံ ဘေဂျင်းတရားရုံးသည်ထောင်ဒဏ်(၁၃)နှစ် ချမှတ်ခဲ့ကြောင်းသိရသည်။

အဆိုပါအဆိုတော် Kris Wu သည် အခွန်တိမ်းရှောင်မှု၊ တရားမဝင်ဂိုဏ်းဖွဲ့မှုတို့ဖြင့်လည်း အပြစ်ရှိကြောင်းထပ်မံတွေ့ရှိခဲ့ပြီး စွဲချက်တင်ခံခဲ့ရကြောင်းလည်းသိရသည်။တရုတ်နိုင်ငံတွင် Wu Yifan ဟုလူသိများသော Kris Wu သည် ကိုရီးယား-တရုတ် ပေါ့ပ်အဖွဲ့ EXO ၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂ဝ၁၄ ခုနှစ်တွင် အဖွဲ့မှထွက်ခွာခဲ့ပြီးနောက် တစ်ကိုယ်တော်အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်းလည်းသိရသည်။ အသက်(၃၂)နှစ်အရွယ် Kris Wu သည် ၎င်းအပါအဝင်အသက် (၁၈)နှစ်အောက်မိန်းကလေးငယ်များကို လိင်ဆက်ဆံရန်အတွက် အတင်းအကျပ်စေခိုင်းခဲ့ကြောင်း အသက်(၁၈)နှစ်အရွယ်မိန်းကလေးက လူသိရှင်ကြားစွပ်စွဲခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဘေဂျင်းရှိ Chaoyang ခရိုင်ပြည်သူ့တရားရုံးက အဆိုပါမိန်းကလေးငယ်များသည် အရက်မူးနေခြင်းကြောင့် အဓမ္မပြုကျင့်မှုကို မသိလိုက်ခြင်း သို့မဟုတ် ခုခံနိုင်စွမ်းမရှိခဲ့ခြင်းဖြစ်ကြောင်း ကပြောကြားခဲ့သည်။ Kris Wu သည် အဆိုပါအဓမ္မပြုကျင့်မှုများအတွက် ထောင်ဒဏ်(၁၁)နှစ်ခွဲချမှတ်ခံခဲ့ရပြီး (၂ဝ၁၈)ခုနှစ်တွင် လူစုလူဝေးဖြင့်လိင်ပိုင်းဆိုင်ရာ စော်ကားမှုများတွင် ပါဝင်ခဲ့ခြင်းအတွက် နောက်ထပ်(၁၁)လထပ်မံချမှတ်ခံခဲ့ရကြောင်းလည်းသိရသည်။ Kris Wu သည် အခွန်တိမ်းရှောင်မှုများအတွက် ယွမ်သန်း(၆ဝဝ)ဒဏ်ရိုက်ခံခဲ့ရပြီး အပြစ်ဒဏ်များကျခံပြီးပါက ကနေဒါနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခံရမည်ဖြစ်ကြောင်းလည်းသိရသည်။

တရုတ်နိုင်ငံတွင် မွေးဖွားပြီး ကနေဒါတွင် ကြီးပြင်းလာသော Kris Wu သည် အဖမ်းခံရပြီး ပြစ်ဒဏ်မခံရခင်က တရုတ်နိုင်ငံ၏ လူသိများသောအနုပညာရှင်များထဲတွင်ပါဝင်သူဖြစ်ကြောင်းလည်းသိရသည်။ ပေါ့ပ်အဖွဲ့ EXO နှင့် လမ်းခွဲပြီးနောက် Kris Wu သည် တရုတ်ရုပ်ရှင်တစ်ဒါဇင်နီးပါးတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရှိုးပွဲများကို အကဲဖြတ်ခြင်းများနှင့် ပရဟိတလုပ်ငန်းအတွက် ငွေရှာခြင်းများကို လုပ်ကိုင်ခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် Kris Wu သည် Bulgari၊ Louis Vuitton နှင့် Porsche တို့ကဲ့သို့သော ဇိမ်ခံပစ္စည်းများအပါအဝင် ကုမ္ပဏီ(၁၅)ခု၏သံတမန်အဖြစ်လုပ်ကိုင်ခဲ့ကြောင်းလည်းသိရသည်။

zawgyi version
EXO ၏အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္သူ Kris Wu ေထာင္ဒဏ္(၁၃)ႏွစ္ခ်မွတ္ခံရ
Pika (NP News) - ႏိုဝင္ဘာ ၂၆

၂ဝ၂ဝ ခုႏွစ္က ၎၏ေနအိမ္တြင္ အမ်ိဳးသမီးဦးသုံးဦးအား အဓမၼျပဳက်င့္ခဲ့ေသာ ကေနဒါ-တ႐ုတ္အဆိုေတာ္ Kris Wu ကို တ႐ုတ္ႏိုင္ငံ ေဘဂ်င္းတရား႐ုံးသည္ေထာင္ဒဏ္(၁၃)ႏွစ္ ခ်မွတ္ခဲ့ေၾကာင္းသိရသည္။

အဆိုပါအဆိုေတာ္ Kris Wu သည္ အခြန္တိမ္းေရွာင္မႈ၊ တရားမဝင္ဂိုဏ္းဖြဲ႕မႈတို႔ျဖင့္လည္း အျပစ္ရွိေၾကာင္းထပ္မံေတြ႕ရွိခဲ့ၿပီး စြဲခ်က္တင္ခံခဲ့ရေၾကာင္းလည္းသိရသည္။တ႐ုတ္ႏိုင္ငံတြင္ Wu Yifan ဟုလူသိမ်ားေသာ Kris Wu သည္ ကိုရီးယား-တ႐ုတ္ ေပါ့ပ္အဖြဲ႕ EXO ၏အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး ၂ဝ၁၄ ခုႏွစ္တြင္ အဖြဲ႕မွထြက္ခြာခဲ့ၿပီးေနာက္ တစ္ကိုယ္ေတာ္အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းကို လုပ္ကိုင္ခဲ့ေၾကာင္းလည္းသိရသည္။ အသက္(၃၂)ႏွစ္အ႐ြယ္ Kris Wu သည္ ၎အပါအဝင္အသက္ (၁၈)ႏွစ္ေအာက္မိန္းကေလးငယ္မ်ားကို လိင္ဆက္ဆံရန္အတြက္ အတင္းအက်ပ္ေစခိုင္းခဲ့ေၾကာင္း အသက္(၁၈)ႏွစ္အ႐ြယ္မိန္းကေလးက လူသိရွင္ၾကားစြပ္စြဲခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္ႏွစ္တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။

ေဘဂ်င္းရွိ Chaoyang ခ႐ိုင္ျပည္သူ႔တရား႐ုံးက အဆိုပါမိန္းကေလးငယ္မ်ားသည္ အရက္မူးေနျခင္းေၾကာင့္ အဓမၼျပဳက်င့္မႈကို မသိလိုက္ျခင္း သို႔မဟုတ္ ခုခံႏိုင္စြမ္းမရွိခဲ့ျခင္းျဖစ္ေၾကာင္း ကေျပာၾကားခဲ့သည္။ Kris Wu သည္ အဆိုပါအဓမၼျပဳက်င့္မႈမ်ားအတြက္ ေထာင္ဒဏ္(၁၁)ႏွစ္ခြဲခ်မွတ္ခံခဲ့ရၿပီး (၂ဝ၁၈)ခုႏွစ္တြင္ လူစုလူေဝးျဖင့္လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမ်ားတြင္ ပါဝင္ခဲ့ျခင္းအတြက္ ေနာက္ထပ္(၁၁)လထပ္မံခ်မွတ္ခံခဲ့ရေၾကာင္းလည္းသိရသည္။ Kris Wu သည္ အခြန္တိမ္းေရွာင္မႈမ်ားအတြက္ ယြမ္သန္း(၆ဝဝ)ဒဏ္႐ိုက္ခံခဲ့ရၿပီး အျပစ္ဒဏ္မ်ားက်ခံၿပီးပါက ကေနဒါႏိုင္ငံသို႔ ျပည္ႏွင္ဒဏ္ေပးခံရမည္ျဖစ္ေၾကာင္းလည္းသိရသည္။

တ႐ုတ္ႏိုင္ငံတြင္ ေမြးဖြားၿပီး ကေနဒါတြင္ ႀကီးျပင္းလာေသာ Kris Wu သည္ အဖမ္းခံရၿပီး ျပစ္ဒဏ္မခံရခင္က တ႐ုတ္ႏိုင္ငံ၏ လူသိမ်ားေသာအႏုပညာရွင္မ်ားထဲတြင္ပါဝင္သူျဖစ္ေၾကာင္းလည္းသိရသည္။ ေပါ့ပ္အဖြဲ႕ EXO ႏွင့္ လမ္းခြဲၿပီးေနာက္ Kris Wu သည္ တ႐ုတ္႐ုပ္ရွင္တစ္ဒါဇင္နီးပါးတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ရႈိးပြဲမ်ားကို အကဲျဖတ္ျခင္းမ်ားႏွင့္ ပရဟိတလုပ္ငန္းအတြက္ ေငြရွာျခင္းမ်ားကို လုပ္ကိုင္ခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ Kris Wu သည္ Bulgari၊ Louis Vuitton ႏွင့္ Porsche တို႔ကဲ့သို႔ေသာ ဇိမ္ခံပစၥည္းမ်ားအပါအဝင္ ကုမၸဏီ(၁၅)ခု၏သံတမန္အျဖစ္လုပ္ကိုင္ခဲ့ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.