ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် စွမ်းအင်အကျပ်အတည်းများ နှစ်ချီဖြစ်လာနိုင်ဖွယ်ရှိနေ

 578

Pika (NP News) - နိုဝင်ဘာ ၂၇

ဥရောပတွင် ဓါတ်ငွေ့ဝယ်လိုအားများမြင့်မားနေသော်လည်း ထောက်ပံ့မှုအသစ်များမရှိသေးပါက ဥရောပ၏ စွမ်းအင်ပြဿနာသည် နှစ်ချီကြာရှည်လိမ့်မည်ဖြစ်ကြောင်း ဓါတ်ငွေ့လုပ်ငန်းနှင့်ဆက်နွယ်သည့်အမှုဆောင်များနှင့် မဟာဗျူဟာလေ့လာသုံးသပ်သူများက ပြောဆိုခဲ့သည်။

ဥရောပတွင် ဆောင်းရာသီမတိုင်မီ ဓါတ်ငွေ့အပြည့်အဝသိုလှောင်ထားမည်ဆိုလျှင်တောင် လာမည့်နွေရာသီနှင့် နောက်ဆောင်းရာသီအတွက် လုံလောက်သောထောက်ပံ့မှုများ ရရှိနိုင်မည်မဟုတ်ကြောင်း ကျွမ်းကျင်သူများက သတိပေးပြောဆိုခဲ့သည်။ ဓါတ်ငွေ့ဝယ်လိုအားများ တိုးလာနေချိန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် စက်တင်ဘာလကုန်တွင် ၎င်းတို့၏ ဓါတ်ငွေ့သို့လှောင်ရုံများကို (၉ဝ)ရာခိုင်နှုန်းအထိ ဖြည့်ထားနိုင်ခဲ့ ကြောင်းလည်းသိရသည်။

Vitol ကုမ္ပဏီအကြီးအကဲ ဆစ်ဘန်ဘော်အယ်လ်က"ကျွန်တော်တို့ဟာ ဓါတ်ငွေ့အကျပ်အတည်းနဲ့ ကြုံနေရပြီး နောက်(၂)နှစ်(၃)နှစ်လောက်ထိ ဒီလိုအကျပ်အတည်း ပုံစံအတိုင်းဆက်ရှိနေမှာပါ"ဟုပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် စွမ်းအင်လိုအပ်ချက်များကို သိသိသာသာလျှော့ချရန်နှင့် ဒေသတွင်းအတွက် ဓါတ်ငွေ့ထောက်ပံ့မှုများကို ရှာဖွေရန် လိုအပ်ကြောင်း လေ့လာသုံးသပ်သူများက အကြံပြုပြောဆိုခဲ့သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် သိုလှောင်မှုများပြန်လည်ဖြည့်တင်းရန်အတွက် ယခုနွေရာသီတွင် စက်မှူကဏ္ဍမှ ဝယ်လိုအားများကို လျှော့ချရန် ဓါတ်ငွေ့စျေးနှုန်းများကို မြှင့်တင်ထားရန်လိုအပ်ကြောင်း Vitol ၏ အမှုဆောင်အရာရှိချုပ် ရက်ဆဲလ်ဟာဒီက ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ယခင်ကသဘာဝဓါတ်ငွေ့အများဆုံးတင်သွင်းသည့်ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ အကြိမ်ကြိမ်ချမှတ်ပြီးနောက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ကြီးမားသောစွမ်းအင်အကျပ်အတည်းများနှင့်ရင်ဆိုင်လာခဲ့ရကြောင်းသိရသည်။

zawgyi version

ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ စြမ္းအင္အက်ပ္အတည္းမ်ား ႏွစ္ခ်ီျဖစ္လာႏိုင္ဖြယ္ရွိေန

Pika (NP News) - ႏိုဝင္ဘာ ၂၇

ဥေရာပတြင္ ဓါတ္ေငြ႕ဝယ္လိုအားမ်ားျမင့္မားေနေသာ္လည္း ေထာက္ပံ့မႈအသစ္မ်ားမရွိေသးပါက ဥေရာပ၏ စြမ္းအင္ျပႆနာသည္ ႏွစ္ခ်ီၾကာရွည္လိမ့္မည္ျဖစ္ေၾကာင္း ဓါတ္ေငြ႕လုပ္ငန္းႏွင့္ဆက္ႏြယ္သည့္အမႈေဆာင္မ်ားႏွင့္ မဟာဗ်ဴဟာေလ့လာသုံးသပ္သူမ်ားက ေျပာဆိုခဲ့သည္။

ဥေရာပတြင္ ေဆာင္းရာသီမတိုင္မီ ဓါတ္ေငြ႕အျပည့္အဝသိုေလွာင္ထားမည္ဆိုလွ်င္ေတာင္ လာမည့္ေႏြရာသီႏွင့္ ေနာက္ေဆာင္းရာသီအတြက္ လုံေလာက္ေသာေထာက္ပံ့မႈမ်ား ရရွိႏိုင္မည္မဟုတ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သတိေပးေျပာဆိုခဲ့သည္။ ဓါတ္ေငြ႕ဝယ္လိုအားမ်ား တိုးလာေနခ်ိန္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ စက္တင္ဘာလကုန္တြင္ ၎တို႔၏ ဓါတ္ေငြ႕သို႔ေလွာင္႐ုံမ်ားကို (၉ဝ)ရာခိုင္ႏႈန္းအထိ ျဖည့္ထားႏိုင္ခဲ့ ေၾကာင္းလည္းသိရသည္။

Vitol ကုမၸဏီအႀကီးအကဲ ဆစ္ဘန္ေဘာ္အယ္လ္က"ကြၽန္ေတာ္တို႔ဟာ ဓါတ္ေငြ႕အက်ပ္အတည္းနဲ႔ ႀကဳံေနရၿပီး ေနာက္(၂)ႏွစ္(၃)ႏွစ္ေလာက္ထိ ဒီလိုအက်ပ္အတည္း ပုံစံအတိုင္းဆက္ရွိေနမွာပါ"ဟုေျပာဆိုခဲ့သည္။

ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ စြမ္းအင္လိုအပ္ခ်က္မ်ားကို သိသိသာသာေလွ်ာ့ခ်ရန္ႏွင့္ ေဒသတြင္းအတြက္ ဓါတ္ေငြ႕ေထာက္ပံ့မႈမ်ားကို ရွာေဖြရန္ လိုအပ္ေၾကာင္း ေလ့လာသုံးသပ္သူမ်ားက အႀကံျပဳေျပာဆိုခဲ့သည္။ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ သိုေလွာင္မႈမ်ားျပန္လည္ျဖည့္တင္းရန္အတြက္ ယခုေႏြရာသီတြင္ စက္မႉက႑မွ ဝယ္လိုအားမ်ားကို ေလွ်ာ့ခ်ရန္ ဓါတ္ေငြ႕ေစ်းႏႈန္းမ်ားကို ျမႇင့္တင္ထားရန္လိုအပ္ေၾကာင္း Vitol ၏ အမႈေဆာင္အရာရွိခ်ဳပ္ ရက္ဆဲလ္ဟာဒီက ေျပာၾကားခဲ့သည္။

ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ယခင္ကသဘာဝဓါတ္ေငြ႕အမ်ားဆုံးတင္သြင္းသည့္႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား အႀကိမ္ႀကိမ္ခ်မွတ္ၿပီးေနာက္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ႀကီးမားေသာစြမ္းအင္အက်ပ္အတည္းမ်ားႏွင့္ရင္ဆိုင္လာခဲ့ရေၾကာင္းသိရသည္။

Picture

Aung Than Tun

27/11/2022 10:28

ကိုယ်စိုက်ပျိုးတာကို ကိုယ့်ဟာကိုယ် ရိတ်သိမ်းနေကြပါပြီ

Related news

© 2021. All rights reserved.