အာဆီယံဥက္ကဋ္ဌရဲ့ကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခွင့်ရဖို့ အလားလာများနေ

 610

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၇

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့် ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာ မြန်မာနိုင်ငံရေးအခက်အခဲများကို ကြားဝင်ကြိုးပမ်းမယ့်
အာဆီယံဥက္ကဋ္ဌအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခွင့်ရဖို့ အလားလာများနေတယ်လို့ သိရပါတယ်။

လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘယ်သူကို ခန့်မလဲဆိုတဲ့အချက်ကို လက်ရှိအချိန်မှာအသေးစိတ်ဖော်ပြတာမျိုး မရှိသေးကြောင်း သတင်းတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုတွေဖြစ်စေဖို့ အာဆီယံအဖွဲ့ခေါင်းဆောင်တွေနဲ့ နစကအကြီးအကဲတို့ရရှိခဲ့တဲ့ သဘောတူညီချက်ငါးချက်ထဲမှာ မြန်မာနိုင်ငံရေးပြဿနာတွေကို ကြားဝင်ဖြေရှင်းဖို့ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးဆိုတဲ့အချက် ပါဝင်လျက်ရှိနေတယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့ဆိုင်ရာ အင်ဒိုနီးရှားအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Derry Aman က "လက်ရှိအချိန်အထိတော့ ဘရူးနိုင်းနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တုန်းကအာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူးနိုင်းနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ခဲ့တယ်။ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန်ကလည်း အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ခဲ့တယ်။ အင်ဒိုနီးရှားက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်မှာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကို ခန့်မလဲဆိုတာမသိသေးဘူး။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့တော့ အလားအလာများပါတယ်" လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရေးအတွက် အင်ဒိုနိးရှားသမ္မတ ဝီဒိုဒိုဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့ နောက်ပိုင်းမှာတွေ့ဆုံဆွေးနွေးဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်မှု သိသာတိုးတက်မှုမရှိဘူးဆိုရင် အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံသဘောတူညီချက်ငါးချက်နဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ ထပ်မံဆွေးနွေးမှုများလုပ်ဆောင်ရဖွယ်ရှိနေကြောင်း၊ အာဆီယံသဘောတူညီချက်ငါးချက်က မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်မိကြောင်း၊ အာဆီယံအဖွဲ့ဆိုင်ရာ အင်ဒိုနီးရှားအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Derry Aman ကပြောပါတယ်။

Zawgyi Version;
အာဆီယံဥကၠ႒ရဲ႕ကိုယ္စားလွယ္အျဖစ္ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး တာဝန္ယူခြင့္ရဖို႔ အလားလာမ်ားေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၇

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က အင္ဒိုနီးရွားႏိုင္ငံက အာဆီယံအလွည့္ က်ဥကၠ႒အျဖစ္တာဝန္ယူခ်ိန္မွာ ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားကို ၾကားဝင္ႀကိဳးပမ္းမယ့္
အာဆီယံဥကၠ႒အထူးကိုယ္စားလွယ္အျဖစ္ တာဝန္ယူခြင့္ရဖို႔ အလားလာမ်ားေနတယ္လို႔ သိရပါတယ္။

လာမယ့္ႏွစ္မွာ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္တာဝန္ယူမယ့္ အင္ဒိုနီးရွားႏိုင္ငံဟာ အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ ဘယ္သူကို ခန႔္မလဲဆိုတဲ့အခ်က္ကို လက္ရွိအခ်ိန္မွာအေသးစိတ္ေဖာ္ျပတာမ်ိဳး မရွိေသးေၾကာင္း သတင္းေတြက ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းမႈေတြျဖစ္ေစဖို႔ အာဆီယံအဖြဲ႕ေခါင္းေဆာင္ေတြနဲ႔ နစကအႀကီးအကဲတို႔ရရွိခဲ့တဲ့ သေဘာတူညီခ်က္ငါးခ်က္ထဲမွာ ျမန္မာႏိုင္ငံေရးျပႆနာေတြကို ၾကားဝင္ေျဖရွင္းဖို႔ အာဆီယံအထူးကိုယ္စားလွယ္ ခန႔္အပ္ေရးဆိုတဲ့အခ်က္ ပါဝင္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

အာဆီယံအဖြဲ႕ဆိုင္ရာ အင္ဒိုနီးရွားအၿမဲတမ္းကိုယ္စားလွယ္ျဖစ္သူ Derry Aman က "လက္ရွိအခ်ိန္အထိေတာ့ ဘ႐ူးႏိုင္းႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္တုန္းကအာဆီယံအထူးကိုယ္စားလွယ္အျဖစ္ ဘ႐ူးႏိုင္းႏိုင္ငံျခားေရးဝန္ႀကီးကို ခန႔္အပ္ခဲ့တယ္။ ကေမာၻဒီးယားႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒ အျဖစ္ တာဝန္ယူခ်ိန္ကလည္း အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးကို ခန႔္အပ္ခဲ့တယ္။ အင္ဒိုနီးရွားက အာဆီယံအလွည့္က်ဥကၠ႒ တာဝန္ယူခ်ိန္မွာ အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ ဘယ္သူ႔ကို ခန႔္မလဲဆိုတာမသိေသးဘူး။ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးကို အာဆီယံအထူးကိုယ္စားလွယ္ခန႔္ဖို႔ေတာ့ အလားအလာမ်ားပါတယ္" လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္ခန႔္အပ္ေရးအတြက္ အင္ဒိုနိးရွားသမၼတ ဝီဒိုဒိုဟာ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေနာက္ပိုင္းမွာေတြ႕ဆုံေဆြးေႏြးဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

အာဆီယံသေဘာတူညီခ်က္ငါးခ်က္ အေကာင္အထည္ေဖာ္မႈ သိသာတိုးတက္မႈမရွိဘူးဆိုရင္ အင္ဒိုနီးရွားႏိုင္ငံဟာ အာဆီယံသေဘာတူညီခ်က္ငါးခ်က္နဲ႔ပတ္သက္ၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားနဲ႔ ထပ္မံေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရဖြယ္ရွိေနေၾကာင္း၊ အာဆီယံသေဘာတူညီခ်က္ငါးခ်က္က ျမန္မာႏိုင္ငံေရးအခက္အခဲကို ေျဖရွင္းႏိုင္ဖို႔ အေကာင္းဆုံးျဖစ္တယ္လို႔ ယုံၾကည္မိေၾကာင္း၊ အာဆီယံအဖြဲ႕ဆိုင္ရာ အင္ဒိုနီးရွားအၿမဲတမ္းကိုယ္စားလွယ္ျဖစ္သူ Derry Aman ကေျပာပါတယ္။

Related news

© 2021. All rights reserved.