ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် ပါတီခေါင်းဆောင်တာဝန်မှ နုတ်ထွက်

 843

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၇

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ ဒေသဆိုင်ရာရွေး ကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ထိုင်ဝမ်အာဏာရပါတီဖြစ်တဲ့ Democratic Progressive Party ပါတီခေါင်းဆောင်တာဝန်ကနေ နုတ်ထွက်လိုက်ကြောင်းသိရပါတယ်။

တရုတ်နဲ့တင်းမာမှုများရှိနေချိန်မှာပဲ ထိုင်ဝမ်ဟာ နိုဝင်ဘာလ ၂၆ ရက်က ဒေသဆိုင် ရာ ရွေးကောက်ပွဲကျင်းပခဲ့ရာ ဆိုင်အင်ဝမ် ဦးဆောင်တဲ့ Democratic Progressive Party ပါတီဟာ Kuomintang သို့မဟုတ် KMT ပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ကြောင်းသိရပါတယ်။ ထိုင်ဝမ်မဲဆန္ဒရှိသူတွေဟာ အမေရိကန်နဲ့နီးစပ်တဲ့ ဆိုင်အင်ဝမ်ရဲ့ပါတီကို မရွေးချယ်ဘဲ အတိုက်ခံပါတီဖြစ်တဲ့ KMT ပါတီကို ဦးစားပေးရွေးချယ်ခဲ့ကြောင်းသိရပါတယ်။ ဆိုင်အင်ဝမ်ဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း ထိုင်ဝမ်ကို တရုတ်ရန်မှ ကာကွယ်မယ့်အကြောင်းနဲ့ တရုတ်ကို ဆန့်ကျင်မယ့်အကြောင်းကို အဓိကထား ဟောပြောစည်းရုံးခဲ့ကြောင်းသိရပါတယ်။

ဆိုင်အင်ဝမ် ဦးဆောင်တဲ့ Democratic Progressive Party ပါတီကိုယ်စားလှယ်လောင်း Chen Shih-chung ဟာ တိုင်ပေမြို့တော်ဝန်နေရာအတွက် ယှဉ်ပြိုင်ရာမှာ KMT ပါတီကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ကြောင်းသိရပါတယ်။ ဆိုင်အင်ဝမ်က " တာဝန်အားလုံးကို ပုံခုံးပြောင်းလွှဲပြောင်းတော့မှာပါ။ ဒေသဆိုင်ရာ ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်မှုအတွက်ပြန်လည်သုံးသပ်သွားရမယ်" လို့ပြောပါတယ်။

ထိုင်ဝမ်မှာ ဆိုင်အင်ဝမ် သမ္မတဖြစ်လာပြီးနောက်ပိုင်း တရုတ်နိုင်ငံကနေ ခွဲထွက်ဖို့ကြိုးပမ်းလာခဲ့ရာ တရုတ်နဲ့ထိပ်တိုက်တွေ့ဆုံမှုများ ပိုမိုဖြစ်လာခဲ့ကြောင်းသိရပါတယ်။ ဒါ့ပြင်ဆိုင်အင်ဝမ် သမ္မတ ဖြစ်လာပြီးနောက် ထိုင်ဝမ်ဟာ အမေရိကန် နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ လာရောက်ခဲ့ရာ တရုတ် နဲ့ ထိုင်ဝမ်ကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့ရကြောင်းသိရပါတယ်။

zawgyi version
ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ထိုင္ဝမ္သမၼတ ဆိုင္အင္ဝမ္ ပါတီေခါင္းေဆာင္တာဝန္မွ ႏုတ္ထြက္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၇

ထိုင္ဝမ္သမၼတ ဆိုင္အင္ဝမ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကက်င္းပခဲ့တဲ့ ေဒသဆိုင္ရာေ႐ြး ေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ထိုင္ဝမ္အာဏာရပါတီျဖစ္တဲ့ Democratic Progressive Party ပါတီေခါင္းေဆာင္တာဝန္ကေန ႏုတ္ထြက္လိုက္ေၾကာင္းသိရပါတယ္။

တ႐ုတ္နဲ႔တင္းမာမႈမ်ားရွိေနခ်ိန္မွာပဲ ထိုင္ဝမ္ဟာ ႏိုဝင္ဘာလ ၂၆ ရက္က ေဒသဆိုင္ ရာ ေ႐ြးေကာက္ပြဲက်င္းပခဲ့ရာ ဆိုင္အင္ဝမ္ ဦးေဆာင္တဲ့ Democratic Progressive Party ပါတီဟာ Kuomintang သို႔မဟုတ္ KMT ပါတီကို အျပတ္အသတ္ ရႈံးနိမ့္ခဲ့ေၾကာင္းသိရပါတယ္။ ထိုင္ဝမ္မဲဆႏၵရွိသူေတြဟာ အေမရိကန္နဲ႔နီးစပ္တဲ့ ဆိုင္အင္ဝမ္ရဲ႕ပါတီကို မေ႐ြးခ်ယ္ဘဲ အတိုက္ခံပါတီျဖစ္တဲ့ KMT ပါတီကို ဦးစားေပးေ႐ြးခ်ယ္ခဲ့ေၾကာင္းသိရပါတယ္။ ဆိုင္အင္ဝမ္ဟာ ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးေရးကာလအတြင္း ထိုင္ဝမ္ကို တ႐ုတ္ရန္မွ ကာကြယ္မယ့္အေၾကာင္းနဲ႔ တ႐ုတ္ကို ဆန႔္က်င္မယ့္အေၾကာင္းကို အဓိကထား ေဟာေျပာစည္း႐ုံးခဲ့ေၾကာင္းသိရပါတယ္။

ဆိုင္အင္ဝမ္ ဦးေဆာင္တဲ့ Democratic Progressive Party ပါတီကိုယ္စားလွယ္ေလာင္း Chen Shih-chung ဟာ တိုင္ေပၿမိဳ႕ေတာ္ဝန္ေနရာအတြက္ ယွဥ္ၿပိဳင္ရာမွာ KMT ပါတီကိုယ္စားလွယ္ေလာင္းကို ရႈံးနိမ့္ခဲ့ေၾကာင္းသိရပါတယ္။ ဆိုင္အင္ဝမ္က " တာဝန္အားလုံးကို ပုံခုံးေျပာင္းလႊဲေျပာင္းေတာ့မွာပါ။ ေဒသဆိုင္ရာ ေ႐ြးေကာက္ပြဲမွာ အျပတ္အသတ္ ရႈံးနိမ့္မႈအတြက္ျပန္လည္သုံးသပ္သြားရမယ္" လို႔ေျပာပါတယ္။

ထိုင္ဝမ္မွာ ဆိုင္အင္ဝမ္ သမၼတျဖစ္လာၿပီးေနာက္ပိုင္း တ႐ုတ္ႏိုင္ငံကေန ခြဲထြက္ဖို႔ႀကိဳးပမ္းလာခဲ့ရာ တ႐ုတ္နဲ႔ထိပ္တိုက္ေတြ႕ဆုံမႈမ်ား ပိုမိုျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။ ဒါ့ျပင္ဆိုင္အင္ဝမ္ သမၼတ ျဖစ္လာၿပီးေနာက္ ထိုင္ဝမ္ဟာ အေမရိကန္ နဲ႔ရင္းႏွီးတဲ့ ဆက္ဆံေရးတည္ေဆာက္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒ နန္စီပီလိုစီ လာေရာက္ခဲ့ရာ တ႐ုတ္ နဲ႔ ထိုင္ဝမ္ၾကား တင္းမာမႈအရွိန္ ပိုမိုျမင့္တက္လာခဲ့ရေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.