ယူကရိန်းကို ပေးပို့ခဲ့တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ စစ်လက်နက်ပစ္စည်းများက တိုက်ပွဲမှာအသုံးပြုလို့မရဘဲဖြစ်နေဟုဆို

 867

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၇

အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကိုပေးပို့ကူညီခဲ့တဲ့ စစ်လက်နက်ပစ္စည်းအချို့ဟာ တိုက်ပွဲ၌အသုံးပြုရာမှာ အသုံးပြုလို့မရသလို ထိခိုက်ပျက်စီးမှုပိုမိုဖြစ်ပွားလျက်ရှိနေကြောင်း၊ အဆိုပါကိစ္စဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအတွက် အခက်ခဲပြဿနာတစ်ရပ်ဖြစ်လာခဲ့ကြောင်း အမေရိကန်အခြေစိုက် New York Times သတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်စစ်ဌာနချုပ်ဟာ ယူကရိန်းကို ပံ့ပိုးထားတဲ့ စစ်လက်နက်ပစ္စည်းများအသုံးပြုလို့မရနိုင်ခြင်းနဲ့ပတ်သက်ကာ ကူညီဖြေရှင်းနိုင်ဖို့ကြိုးပမ်းနေပြီး ပိုလန်နယ်စပ်မှာ စစ်လက်နက်ပစ္စည်းပြုပြင်ရေးစက်ရုံတစ်ခုတည်ဆောက်ဖို့ စီစဉ်နေရကြောင်း သိရပါတယ်။ အမေရိကန်စစ်ဘက်တာဝန်ရှိသူများနဲ့ အခြားတာဝန်ရှိသူများက ယူကရိန်းကို ပေးပို့ခဲ့တဲ့အနောက်အုပ်စုနိုင်ငံများရဲ့ ဟောင်ဝစ်ဇာ ၃၅ဝ ကျော်မှာ သုံးပုံတစ်ပုံခန့်က တိုက်ပွဲမှာအသုံးပြုလို့မရကြောင်း၊ အဆိုပါလက်နက်တွေဟာ သက်တမ်းလွန်နေပြီဖြစ်တဲ့အတွက် မီးလောင်ကျွမ်းခြင်း၊ ချက်ချင်းအသုံး ပြုလို့မရနိုင်ခြင်းများဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းပြန်လည်ပြုပြင်ဖို့လည်းမဖြစ်နိုင်တဲ့အတွက်အခက်အခဲများဖြစ်လျက်ရှိနေကြောင်း ပြောပါတယ်။

လက်ရှိအချိန်မှာအမေရိကန်စစ်ဘက်ဟာ ပိုလန်မှာ ပြုပြင်ရေးစက်ရုံတည်ဆောက်ဖို့ စီစဉ်နေရကြောင်း ဥရောပတိုက်ရှိ အမေရိကန်စစ်ဘက်ရေးရာအကြီးအကဲကပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်းက ယူကရိန်းစစ်ပွဲအတွင်းအသုံးပြုရာမှာ ပျက်စီး ယိုယွင်းနေတဲ့ စစ်လက်နက်ပစ္စည်းများ ပြန်လည်ပြုပြင်နိုင်ဖို့ ကြိုးပမ်းခဲ့ရကြောင်း အဆိုပါကိစ္စနဲ့နီးစပ်တဲ့ အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောပါတယ်။ ယူကရိန်းအစိုးရတာဝန်ရှိသူများကတော့ ပြုပြင်ပြီးတဲ့ လက်နက်တွေကို ရှေ့တန်းစစ်မျက်နှာကို အမြန်ဆုံးပို့လိုတဲ့အတွက် လက်နက်ပြုပြင်ရေးစက်ရုံကို ရှေ့တန်းနဲ့နီးကပ်တဲ့နေရာမှာ ပြုလုပ်စေလိုကြောင်းဆိုပါတယ်။

နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှူးဂျန်စတိုတန်ဘတ်ချ်က နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ ယူကရိန်းနိုင်ငံအတွင်း နေတိုးအဖွဲ့နဲ့ပတ်သက်ပြီး ဘာတစ်ခုမှလုပ်ဆောင်မှာမဟုတ်ကြောင်း၊ ရန်လိုမှုတွေထဲပါဝင်လိုမှုမရှိကြောင်း သက်သေပြဖို့ လက်နက် ပြုပြင်ရေးစက်ရုံကို ယူကရိန်းနိုင်ငံအတွင်းတည်ဆောက်မှာမဟုတ်ကြောင်းဆိုပါတယ်။

zawgyi version
ယူကရိန္းကို ေပးပို႔ခဲ့တဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ စစ္လက္နက္ပစၥည္းမ်ားက တိုက္ပြဲမွာအသုံးျပဳလို႔မရဘဲျဖစ္ေနဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၇

အေနာက္အုပ္စုႏိုင္ငံေတြက ယူကရိန္းကိုေပးပို႔ကူညီခဲ့တဲ့ စစ္လက္နက္ပစၥည္းအခ်ိဳ႕ဟာ တိုက္ပြဲ၌အသုံးျပဳရာမွာ အသုံးျပဳလို႔မရသလို ထိခိုက္ပ်က္စီးမႈပိုမိုျဖစ္ပြားလ်က္ရွိေနေၾကာင္း၊ အဆိုပါကိစၥဟာ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနအတြက္ အခက္ခဲျပႆနာတစ္ရပ္ျဖစ္လာခဲ့ေၾကာင္း အေမရိကန္အေျခစိုက္ New York Times သတင္းဌာနက ေဖာ္ျပပါတယ္။

အေမရိကန္စစ္ဌာနခ်ဳပ္ဟာ ယူကရိန္းကို ပံ့ပိုးထားတဲ့ စစ္လက္နက္ပစၥည္းမ်ားအသုံးျပဳလို႔မရႏိုင္ျခင္းနဲ႔ပတ္သက္ကာ ကူညီေျဖရွင္းႏိုင္ဖို႔ႀကိဳးပမ္းေနၿပီး ပိုလန္နယ္စပ္မွာ စစ္လက္နက္ပစၥည္းျပဳျပင္ေရးစက္႐ုံတစ္ခုတည္ေဆာက္ဖို႔ စီစဥ္ေနရေၾကာင္း သိရပါတယ္။ အေမရိကန္စစ္ဘက္တာဝန္ရွိသူမ်ားနဲ႔ အျခားတာဝန္ရွိသူမ်ားက ယူကရိန္းကို ေပးပို႔ခဲ့တဲ့အေနာက္အုပ္စုႏိုင္ငံမ်ားရဲ႕ ေဟာင္ဝစ္ဇာ ၃၅ဝ ေက်ာ္မွာ သုံးပုံတစ္ပုံခန႔္က တိုက္ပြဲမွာအသုံးျပဳလို႔မရေၾကာင္း၊ အဆိုပါလက္နက္ေတြဟာ သက္တမ္းလြန္ေနၿပီျဖစ္တဲ့အတြက္ မီးေလာင္ကြၽမ္းျခင္း၊ ခ်က္ခ်င္းအသုံး ျပဳလို႔မရႏိုင္ျခင္းမ်ားျဖစ္ခဲ့ေၾကာင္း၊ တိုက္ပြဲအတြင္းျပန္လည္ျပဳျပင္ဖို႔လည္းမျဖစ္ႏိုင္တဲ့အတြက္အခက္အခဲမ်ားျဖစ္လ်က္ရွိေနေၾကာင္း ေျပာပါတယ္။

လက္ရွိအခ်ိန္မွာအေမရိကန္စစ္ဘက္ဟာ ပိုလန္မွာ ျပဳျပင္ေရးစက္႐ုံတည္ေဆာက္ဖို႔ စီစဥ္ေနရေၾကာင္း ဥေရာပတိုက္ရွိ အေမရိကန္စစ္ဘက္ေရးရာအႀကီးအကဲကေျပာပါတယ္။ ၿပီးခဲ့တဲ့လအတြင္းက ယူကရိန္းစစ္ပြဲအတြင္းအသုံးျပဳရာမွာ ပ်က္စီး ယိုယြင္းေနတဲ့ စစ္လက္နက္ပစၥည္းမ်ား ျပန္လည္ျပဳျပင္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ရေၾကာင္း အဆိုပါကိစၥနဲ႔နီးစပ္တဲ့ အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက ေျပာပါတယ္။ ယူကရိန္းအစိုးရတာဝန္ရွိသူမ်ားကေတာ့ ျပဳျပင္ၿပီးတဲ့ လက္နက္ေတြကို ေရွ႕တန္းစစ္မ်က္ႏွာကို အျမန္ဆုံးပို႔လိုတဲ့အတြက္ လက္နက္ျပဳျပင္ေရးစက္႐ုံကို ေရွ႕တန္းနဲ႔နီးကပ္တဲ့ေနရာမွာ ျပဳလုပ္ေစလိုေၾကာင္းဆိုပါတယ္။

ေနတိုးမဟာမိတ္အဖြဲ႕ အတြင္းေရးမႉးဂ်န္စတိုတန္ဘတ္ခ်္က ေနတိုးမဟာမိတ္အဖြဲ႕အေနနဲ႔ ယူကရိန္းႏိုင္ငံအတြင္း ေနတိုးအဖြဲ႕နဲ႔ပတ္သက္ၿပီး ဘာတစ္ခုမွလုပ္ေဆာင္မွာမဟုတ္ေၾကာင္း၊ ရန္လိုမႈေတြထဲပါဝင္လိုမႈမရွိေၾကာင္း သက္ေသျပဖို႔ လက္နက္ ျပဳျပင္ေရးစက္႐ုံကို ယူကရိန္းႏိုင္ငံအတြင္းတည္ေဆာက္မွာမဟုတ္ေၾကာင္းဆိုပါတယ္။

Related news

© 2021. All rights reserved.