ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာမာကီ ရုတ်တရက် သေဆုံး

 921

Pika (NP News) - နိုဝင်ဘာ ၂၇

ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာမာကီသည် နိုဝင်ဘာ(၂၆)ရက်တွင် ရုတ်တရက်သေဆုံးသွားခဲ့ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အန်တိုလေးဂလက်ဇ် က ပြောကြားခဲ့သည်။

ဗလာဒီမာ မာကီသည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆယ်စုနှစ်တစ်ခုကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အသက် (၆၄)နှစ်အရွယ် နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာ မာကီ သေဆုံးရခြင်း၏ အခြေအနေ(သို့မဟုတ်) အကြောင်းအရင်းများနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို သတင်းဌာနက ဖော်ပြထားခြင်းမရှိ ကြောင်း သိရသည်၊၊

ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာ မာကီသည် လာမည့်ရက်ပိုင်းအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နှင့် တွေ့ဆုံရန် စီစဥ်ထားကြောင်းလည်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာ မာကီသည် Austria's Diplomatic Academy of Vienna မှ ဘွဲ့ရပြီးနောက် ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် (၁၉၉၃) ခုနှစ်ကတည်းက စတင်တာဝန်ထမ်း‌ဆောင်ခဲ့ကြောင်းလည်း သိရသည်။

ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာ မာကီသည် ဥရောပကောင်စီတွင် ဘီလာရုစ်နိုင်ငံကို ကိုယ်စားပြုပြီး (၁၉၉ဝ)နှစ်နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံဆိုင်ရာ ဘီလာရုစ်သံအမတ်ကြီး၏အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ ကြောင်းလည်း သိရသည်။ နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာ မာကီသည် ၂ဝဝဝ ပြည့်နှစ်တွင် သမ္မတ အဲလက် ဆန်းဒါးလူကာရှန်ကို၏ လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးမဖြစ်မီ ၂ဝဝ၈ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်ကြားတွင် သမ္မတရုံးအဖွဲ့အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းလည်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာ မာကီသည် မသေဆုံးမီတစ်ရက်အလိုတွင် ဘီလာရုစ်နိုင်ငံဆိုင်ရာ ဗာတီကန် နန်းတော်၏ သံအမတ်ကြီးအန်တီဂျိုးဇစ် နှင့် တွေ့ဆုံခဲ့ကြောင်းလည်းသိရသည်။ အဆိုပါတွေ့ဆုံမှုသည် ဗာတီကန် နန်းတော်နှင့် ဘီလာရုစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ်(၃ဝ)ပြည့် နှစ်ပတ်လည်နေ့ ဖြစ် ကြောင်းလည်း သိရသည်။

ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာ မာကီသည် နိုဝင်ဘာလအစောပိုင်းတွင် အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့ပြီး သံအမတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာ မာကီသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးSubrahmanyam Jaishankar နှင့်အတူ နှစ်နိုင်ငံကုန်သွယ်ရေး နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာ မာကီသေဆုံးခဲ့သည့် သတင်းကိုကြားရပြီးနောက် ရုရှားဘက်မှ ဝမ်းနည်းမိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က ပြောကြားခဲ့သည်။

Zawgyi Version;
ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီး ဗလာဒီမာမာကီ ႐ုတ္တရက္ ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၂၇

ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီး ဗလာဒီမာမာကီသည္ ႏိုဝင္ဘာ(၂၆)ရက္တြင္ ႐ုတ္တရက္ေသဆုံးသြားခဲ့ေၾကာင္း ဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ အန္တိုေလးဂလက္ဇ္ က ေျပာၾကားခဲ့သည္။

ဗလာဒီမာ မာကီသည္ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ဆယ္စုႏွစ္တစ္ခုၾကာ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သည္။ အသက္ (၆၄)ႏွစ္အ႐ြယ္ ႏိုင္ငံျခားေရးဝန္ႀကီး ဗလာဒီမာ မာကီ ေသဆုံးရျခင္း၏ အေျခအေန(သို႔မဟုတ္) အေၾကာင္းအရင္းမ်ားႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို သတင္းဌာနက ေဖာ္ျပထားျခင္းမရွိ ေၾကာင္း သိရသည္၊၊

ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီး ဗလာဒီမာ မာကီသည္ လာမည့္ရက္ပိုင္းအတြင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္ႏွင့္ ေတြ႕ဆုံရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။

ႏိုင္ငံျခားေရးဝန္ႀကီး ဗလာဒီမာ မာကီသည္ Austria's Diplomatic Academy of Vienna မွ ဘြဲ႕ရၿပီးေနာက္ ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ (၁၉၉၃) ခုႏွစ္ကတည္းက စတင္တာဝန္ထမ္း‌ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။

ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီး ဗလာဒီမာ မာကီသည္ ဥေရာပေကာင္စီတြင္ ဘီလာ႐ုစ္ႏိုင္ငံကို ကိုယ္စားျပဳၿပီး (၁၉၉ဝ)ႏွစ္ေနာက္ပိုင္းတြင္ ျပင္သစ္ႏိုင္ငံဆိုင္ရာ ဘီလာ႐ုစ္သံအမတ္ႀကီး၏အႀကံေပးအျဖစ္ ေဆာင္႐ြက္ခဲ့ ေၾကာင္းလည္း သိရသည္။ ႏိုင္ငံျခားေရးဝန္ႀကီး ဗလာဒီမာ မာကီသည္ ၂ဝဝဝ ျပည့္ႏွစ္တြင္ သမၼတ အဲလက္ ဆန္းဒါးလူကာရွန္ကို၏ လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးမျဖစ္မီ ၂ဝဝ၈ ခုႏွစ္ႏွင့္ ၂ဝ၁၂ ခုႏွစ္ၾကားတြင္ သမၼတ႐ုံးအဖြဲ႕အႀကီးအကဲအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။

ႏိုင္ငံျခားေရးဝန္ႀကီး ဗလာဒီမာ မာကီသည္ မေသဆုံးမီတစ္ရက္အလိုတြင္ ဘီလာ႐ုစ္ႏိုင္ငံဆိုင္ရာ ဗာတီကန္ နန္းေတာ္၏ သံအမတ္ႀကီးအန္တီဂ်ိဳးဇစ္ ႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါေတြ႕ဆုံမႈသည္ ဗာတီကန္ နန္းေတာ္ႏွင့္ ဘီလာ႐ုစ္ႏိုင္ငံၾကား သံတမန္ဆက္ဆံေရးထူေထာင္သည့္ ႏွစ္(၃ဝ)ျပည့္ ႏွစ္ပတ္လည္ေန႔ ျဖစ္ ေၾကာင္းလည္း သိရသည္။

ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီး ဗလာဒီမာ မာကီသည္ ႏိုဝင္ဘာလအေစာပိုင္းတြင္ အိႏၵိယႏိုင္ငံသို႔သြားေရာက္ခဲ့ၿပီး သံအမတ္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္းလည္း သိရသည္။ ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီး ဗလာဒီမာ မာကီသည္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးSubrahmanyam Jaishankar ႏွင့္အတူ ႏွစ္ႏိုင္ငံကုန္သြယ္ေရး ႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ေဆြးေႏြးခဲ့ေၾကာင္းလည္း သိရသည္။

ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီး ဗလာဒီမာ မာကီေသဆုံးခဲ့သည့္ သတင္းကိုၾကားရၿပီးေနာက္ ႐ုရွားဘက္မွ ဝမ္းနည္းမိေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာ က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.