တောင်ကိုရီးယားနိုင်ငံတွင် ရဟတ်ယာဥ်တစ်စင်း ပျက်ကျခဲ့ပြီး (၅)ဦး သေဆုံး

 549

Pika (NP News) - နိုဝင်ဘာ ၂၇

တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းခရိုင် ယန်ယန်ဒေသရှိ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုအနီးတွင် နိုဝင်ဘာ(၂၇)ရက်က ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ခြင်းကြောင့် လူ(၅)ဦး သေဆုံးခဲ့ကြောင်း မီးသတ်အရာရှိများ က ပြောကြားခဲ့သည်။

အဆိုပါရဟတ်ယာဥ်ပျက်ကျခဲ့ရသည့် အကြောင်းအရင်းကို လက်ရှိအချိန်ထိ စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေး ကြောင်းလည်း သိရသည်။ Yangyang၊ Sokcho နှင့် Goseong ဒေသအစိုးရများမှ ငှားရမ်းထားသည့် S-58T အမည်ရှိ ရဟတ်ယာဥ်သည် နံနက်(၁ဝ)နာရီ (၅ဝ)မိနစ်ခန့်တွင် တောင်ကုန်းတစ်ခုပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း တာဝန်ရှိသူများ က ပြောကြားခဲ့သည်။
အမေရိကန်ရဟတ်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီ Sikorsky မှ ထုတ်လုပ်သည့် အဆိုပါရဟတ်ယာဉ်သည် ပျက်ကျခဲ့ ပြီးနောက် အပိုင်းပိုင်းကွဲထွက်သွားကာ မီးလောင်ပေါက်ကွဲသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါရဟတ်ယာဥ်ပျက်ကျပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ဆေးဘက်ဆိုင်ရာအဖွဲ့များနှင့် မီးသတ်သမား အများအပြားကို စေလွှတ်ခဲ့ကြောင်းလည်း သိရသည်။

မီးသတ်သမားတစ်ဦးက "ခရီးသည်(၂)ဦးက ရဟတ်ယာဥ်ကိုယ်ထည်ထဲမှာ သေဆုံးနေတာကို ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် ပေါက်ကွဲမှုတွေရှိနိုင်တာကြောင့် ကျွန်တော်တို့အနားကို ကပ်သွားဖို့က အရမ်းခက်ခဲပါတယ်။ မီးငြိမ်းသတ်မှုတွေကို အရင်လုပ်ဆောင်နေပါတယ်" ဟု ပြောဆိုခဲ့သည်။

မီးသတ်တပ်ဖွဲ့ဝင်များသည် ရဟတ်ယာဥ်တစ်စင်း၊ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း(၂၈)ခုနှင့် အရေးပေါ် ကယ်ဆယ်ရေးသမား(၁၁၄)ဦးကို အခင်းဖြစ်ပွားရာနေရာတွင် ဖြန့်ကျက်ချထားကြောင်းလည်းသိရသည်။

Zawgyi Version;
ေတာင္ကိုရီးယားႏိုင္ငံတြင္ ရဟတ္ယာဥ္တစ္စင္း ပ်က္က်ခဲ့ၿပီး (၅)ဦး ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၂၇

ေတာင္ကိုရီးယားႏိုင္ငံ အေရွ႕ဘက္ကမ္း႐ိုးတန္းခ႐ိုင္ ယန္ယန္ေဒသရွိ ဗုဒၶဘာသာဘုရားေက်ာင္းတစ္ခုအနီးတြင္ ႏိုဝင္ဘာ(၂၇)ရက္က ရဟတ္ယာဥ္တစ္စင္းပ်က္က်ခဲ့ျခင္းေၾကာင့္ လူ(၅)ဦး ေသဆုံးခဲ့ေၾကာင္း မီးသတ္အရာရွိမ်ား က ေျပာၾကားခဲ့သည္။

အဆိုပါရဟတ္ယာဥ္ပ်က္က်ခဲ့ရသည့္ အေၾကာင္းအရင္းကို လက္ရွိအခ်ိန္ထိ စုံစမ္းေဖာ္ထုတ္ႏိုင္ျခင္း မရွိေသး ေၾကာင္းလည္း သိရသည္။ Yangyang၊ Sokcho ႏွင့္ Goseong ေဒသအစိုးရမ်ားမွ ငွားရမ္းထားသည့္ S-58T အမည္ရွိ ရဟတ္ယာဥ္သည္ နံနက္(၁ဝ)နာရီ (၅ဝ)မိနစ္ခန႔္တြင္ ေတာင္ကုန္းတစ္ခုေပၚသို႔ ပ်က္က်ခဲ့ျခင္းျဖစ္ ေၾကာင္း တာဝန္ရွိသူမ်ား က ေျပာၾကားခဲ့သည္။
အေမရိကန္ရဟတ္ယာဥ္ထုတ္လုပ္သည့္ကုမၸဏီ Sikorsky မွ ထုတ္လုပ္သည့္ အဆိုပါရဟတ္ယာဥ္သည္ ပ်က္က်ခဲ့ ၿပီးေနာက္ အပိုင္းပိုင္းကြဲထြက္သြားကာ မီးေလာင္ေပါက္ကြဲသြားခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ အဆိုပါရဟတ္ယာဥ္ပ်က္က်ၿပီးေနာက္ အခင္းျဖစ္ပြားရာေနရာသို႔ ေဆးဘက္ဆိုင္ရာအဖြဲ႕မ်ားႏွင့္ မီးသတ္သမား အမ်ားအျပားကို ေစလႊတ္ခဲ့ေၾကာင္းလည္း သိရသည္။

မီးသတ္သမားတစ္ဦးက "ခရီးသည္(၂)ဦးက ရဟတ္ယာဥ္ကိုယ္ထည္ထဲမွာ ေသဆုံးေနတာကို ကြၽန္ေတာ္တို႔ ေတြ႕ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ထပ္ ေပါက္ကြဲမႈေတြရွိႏိုင္တာေၾကာင့္ ကြၽန္ေတာ္တို႔အနားကို ကပ္သြားဖို႔က အရမ္းခက္ခဲပါတယ္။ မီးၿငိမ္းသတ္မႈေတြကို အရင္လုပ္ေဆာင္ေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

မီးသတ္တပ္ဖြဲ႕ဝင္မ်ားသည္ ရဟတ္ယာဥ္တစ္စင္း၊ အေရးေပၚကယ္ဆယ္ေရးပစၥည္း(၂၈)ခုႏွင့္ အေရးေပၚ ကယ္ဆယ္ေရးသမား(၁၁၄)ဦးကို အခင္းျဖစ္ပြားရာေနရာတြင္ ျဖန႔္က်က္ခ်ထားေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.