အီသီယိုးပီးယားနိုင်ငံ၊ တီဂရေးသို့ စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂ ပြောကြား

 480

ရောင်နီ (NP News) - နိုဝင်ဘာ ၂၇

အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း စစ်ဘေးသင့် တီဂရေးဒေသမှာ အပစ်အခတ်များ ရပ်စဲထားပေမယ့်လည်း စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာ အေဂျင်စီက ပြောကြားပါတယ်။

တီဂရေးဒေသအနှံ့သို့ အစားအစာနဲ့ အာဟာရဆိုင်ရာအကူအညီများ ပေးဆောင်ရန် အရေးပေါ်လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာပံ့ပိုးကူညီရေး (WFP) က နိုဝင်ဘာလ ၂၅ ရက်၊ သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တီဂရေး သို့ အကူအညီများပြန်လည်ပေးအပ်ခြင်းဟာ မရေမတွက်နိုင်သော လူပေါင်းများစွာ သေဆုံးခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်စေခဲ့တဲ့ တီဂရေးစစ်ပွဲကိုအဆုံးသတ်ဖို့ နိုဝင်ဘာ ၂ ရက်က လက်မှတ်ရေးထိုးခဲ့တဲ့သဘောတူညီချက်ရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေကြောင်းခရီးစဉ်များ ပင်မမြို့များသို့ ပျံသန်းရောက်ရှိလာနိုင်စေဖို့ တီဂရေးသို့ လေယာဉ်လမ်းကြောင်း ၄ ခုစလုံး ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း WFP က ပြောကြားပါတယ်။ သို့ပေမယ့်လည်း တီဂရေး အရှေ့ဘက် နဲ့ အလယ်ပိုင်းဇုန်ရှိ အချို့နေရာများသို့ ဝင်ရောက် ခွင့်မှာ ကန့်သတ်ချက်များ ရှိနေဆဲဖြစ်ပြီး စားနပ်ရိက္ခာအကူအညီလိုအပ်နေတဲ့ မိခင်နဲ့ ကလေး ၁၇ဝဝဝဝ အထိရှိ ကြောင်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။

အီသီယိုးပီးယားအစိုးရနဲ့ တီဂရေးရဲ့အာဏာပိုင်များကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားများကြား တိုက်ပွဲများ ပြန်လည်စတင်စဉ် သြဂုတ်လကတည်းက ဒေသတွင်းသို့ စားနပ်ရိက္ခာအကူအညီများ ရပ်ဆိုင်းခဲ့ရပြီး တီဂရေးရှိ လူအများအပြား ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ ဒေသတွင်းရှိ လူဦးရေ ၆ သန်းရဲ့ ၉ဝ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာအကူအညီအပေါ် မှီခိုနေရတယ်လို့ သိရပါတယ်။ အဆိုပါဒေသဟာ ကမ္ဘာနဲ့ တစ်နှစ်ကျော် အဆက် အသွယ်ပြတ်ခဲ့ပြီး ဆေးဝါးပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အား၊ ဘဏ်လုပ်ငန်းနဲ့ ဆက်သွယ်ရေးဆိုင်ရာအကန့်အသတ် များနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

တီဂရေးနဲ့ ၎င်းရဲ့အိမ်နီးချင်း အန်ဟာရာ၊ အာဖာဒေသများမှာလည်း လူပေါင်း ၁၃.၆ သန်းခန့်ဟာ ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့တဲ့စစ်ပွဲကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများပေါ်မှာ မှီခိုနေရပါတယ်လို့ သိရပါတယ်။

Zawgyi Version;
အီသီယိုးပီးယားႏိုင္ငံ၊ တီဂေရးသို႔ စားနပ္ရိကၡာအကူအညီမ်ား အေရးေပၚလိုအပ္ေနေၾကာင္း ကုလသမဂၢ ေျပာၾကား
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၇

အီသီယိုးပီးယားႏိုင္ငံ ေျမာက္ပိုင္း စစ္ေဘးသင့္ တီဂေရးေဒသမွာ အပစ္အခတ္မ်ား ရပ္စဲထားေပမယ့္လည္း စားနပ္ရိကၡာအကူအညီမ်ား အေရးေပၚလိုအပ္လ်က္ရွိေၾကာင္း ကုလသမဂၢစားနပ္ရိကၡာ ေအဂ်င္စီက ေျပာၾကားပါတယ္။

တီဂေရးေဒသအႏွံ႔သို႔ အစားအစာနဲ႔ အာဟာရဆိုင္ရာအကူအညီမ်ား ေပးေဆာင္ရန္ အေရးေပၚလိုအပ္ေနေၾကာင္း ကမာၻ႔စားနပ္ရိကၡာပံ့ပိုးကူညီေရး (WFP) က ႏိုဝင္ဘာလ ၂၅ ရက္၊ ေသာၾကာေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

တီဂေရး သို႔ အကူအညီမ်ားျပန္လည္ေပးအပ္ျခင္းဟာ မေရမတြက္ႏိုင္ေသာ လူေပါင္းမ်ားစြာ ေသဆုံးခဲ့ရၿပီး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္းျဖစ္ေစခဲ့တဲ့ တီဂေရးစစ္ပြဲကိုအဆုံးသတ္ဖို႔ ႏိုဝင္ဘာ ၂ ရက္က လက္မွတ္ေရးထိုးခဲ့တဲ့သေဘာတူညီခ်က္ရဲ႕အဓိကအစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။

အပစ္အခတ္ရပ္စဲၿပီးေနာက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ေလေၾကာင္းခရီးစဥ္မ်ား ပင္မၿမိဳ႕မ်ားသို႔ ပ်ံသန္းေရာက္ရွိလာႏိုင္ေစဖို႔ တီဂေရးသို႔ ေလယာဥ္လမ္းေၾကာင္း ၄ ခုစလုံး ျပန္လည္ဖြင့္လွစ္ခဲ့ၿပီးျဖစ္ေၾကာင္း WFP က ေျပာၾကားပါတယ္။ သို႔ေပမယ့္လည္း တီဂေရး အေရွ႕ဘက္ နဲ႔ အလယ္ပိုင္းဇုန္ရွိ အခ်ိဳ႕ေနရာမ်ားသို႔ ဝင္ေရာက္ ခြင့္မွာ ကန႔္သတ္ခ်က္မ်ား ရွိေနဆဲျဖစ္ၿပီး စားနပ္ရိကၡာအကူအညီလိုအပ္ေနတဲ့ မိခင္နဲ႔ ကေလး ၁၇ဝဝဝဝ အထိရွိ ေၾကာင္း ၎က ထပ္ေလာင္းေျပာၾကားပါတယ္။

အီသီယိုးပီးယားအစိုးရနဲ႔ တီဂေရးရဲ႕အာဏာပိုင္မ်ားကို သစၥာခံတဲ့ တိုက္ခိုက္ေရးသမားမ်ားၾကား တိုက္ပြဲမ်ား ျပန္လည္စတင္စဥ္ ၾသဂုတ္လကတည္းက ေဒသတြင္းသို႔ စားနပ္ရိကၡာအကူအညီမ်ား ရပ္ဆိုင္းခဲ့ရၿပီး တီဂေရးရွိ လူအမ်ားအျပား ငတ္မြတ္ေခါင္းပါးမႈနဲ႔ ႀကဳံေတြ႕ေနခဲ့ရပါတယ္။ ေဒသတြင္းရွိ လူဦးေရ ၆ သန္းရဲ႕ ၉ဝ ရာခိုင္ႏႈန္းဟာ စားနပ္ရိကၡာအကူအညီအေပၚ မွီခိုေနရတယ္လို႔ သိရပါတယ္။ အဆိုပါေဒသဟာ ကမာၻနဲ႔ တစ္ႏွစ္ေက်ာ္ အဆက္ အသြယ္ျပတ္ခဲ့ၿပီး ေဆးဝါးျပတ္လပ္မႈ၊ လွ်ပ္စစ္ဓာတ္အား၊ ဘဏ္လုပ္ငန္းနဲ႔ ဆက္သြယ္ေရးဆိုင္ရာအကန႔္အသတ္ မ်ားနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

တီဂေရးနဲ႔ ၎ရဲ႕အိမ္နီးခ်င္း အန္ဟာရာ၊ အာဖာေဒသမ်ားမွာလည္း လူေပါင္း ၁၃.၆ သန္းခန႔္ဟာ ၂ဝ၂ဝ ခုႏွစ္ ႏိုဝင္ဘာလက ျဖစ္ပြားခဲ့တဲ့စစ္ပြဲေၾကာင့္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာအကူအညီမ်ားေပၚမွာ မွီခိုေနရပါတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.