ခါဆွန်ဒေသကို ပြန်လည်သိမ်းယူပြီးနောက်ပိုင်း ရုရှား၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး(၃၂)ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအစိုးရဆို

562

Pika (NP News) - နိုဝင်ဘာ ၂၇
ရုရှားလိုလားသော လက်နက်ကိုင်အဖွဲ့များ၏ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ယူကရိန်း တောင်ပိုင်းရှိ ခါဆွန်ဒေသတွင် အနည်းဆုံးလူ(၃၂)ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းရဲတပ်ဖွဲ့အကြီးအကဲက နိုဝင်ဘာ (၂၆) ရက်တွင် ပြောကြားခဲ့သည်။
ရုရှားသည် ပြီးခဲ့သည့်သီတင်းပတ်(၂)ပတ်က ခါဆွန်ဒေသမှ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ခါဆွန်ဒေသကို ရုရှားလိုလားသော တပ်ဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ရုရှားတပ်ဖွဲ့များသည် ခါဆွန်မြို့ကို ၉ လ နီးပါးကြာသိမ်းပိုက်ထားခဲ့ပြီးနောက် နိုဝင်ဘာ(၁၁)ရက်တွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်းလည်း သိရသည်။
ရုရှားတပ်ဖွဲ့များသည် လက်ရှိအချိန်တွင် ခါဆွန်မြို့ရှိ Dnipro မြစ်အရှေ့ဘက်ကမ်းတွင် တပ်စွဲနေရာယူထား ကြောင်းလည်း သိရသည်။ ယူကရိန်းရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးချုပ်အိုင်ဟော်ကလေးမန်ကိုက "ရုရှားနဲ့ ရုရှား လိုလားတဲ့တပ်ဖွဲ့တွေရဲ့ နေ့စဥ်တိုက်ခိုက်မှုတွေဟာ မြို့ကို ထိခိုက်ပျက်စီးစေပြီး ပြည်သူတွေကို သေဆုံးစေခဲ့ပါ တယ်။ ခါဆွန်ကို ယူကရိန်းတပ်ဖွဲ့တွေ ပြန်လည်သိမ်းယူပြီးနောက်ပိုင်း ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် ခါဆွန် ဒေသခံ (၃၂)ဦး သေဆုံးခဲ့ပါတယ်။ လူတော်တော်များများက ယူကရိန်းနိုင်ငံရဲ့ အေးဆေးတည်ငြိမ်တဲ့ဒေသတွေမှာ ခိုလှုံဖို့ ရွှေ့ပြောင်းမှုတွေ လုပ်နေကြပါတယ်။ ဒါပေမယ့်လည်း ဒေသခံအများအပြားက သူတို့နေအိမ်တွေမှာပဲ ရှိနေ တာပါ။ ဒါကြောင့် ကျွန်တော်တို့က ဒေသခံတွေကို လုံခြုံအောင် အကောင်းဆုံးကာကွယ်ပေးဖို့ လိုအပ်ပါ တယ်" ဟု ပြောဆိုခဲ့သည်။
ကိယက်ဗ်မြို့တော်တွင် လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သမ္မတ၏လက်ထောက်တစ်ဦးက နိုဝင်ဘာ (၂၆) ရက်အစောပိုင်းတွင် ပြောကြားခဲ့သည်။ ရုရှားတပ်များနှင့် ရုရှားလိုလားသော လက်နက်ကိုင်အဖွဲ့များ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု(၅၇၈)မှုကို မှတ်တမ်းတင်ထားကြောင်း ရဲမှူးချုပ်အိုင်ဟော်ကလေးမန်ကို က ပြောဆိုခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် အရပ်သားများကို ညှင်းပန်းနှိပ်စက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ရုရှားဘက်က ပြန်လည် ငြင်းဆိုထားကြောင်းလည်းသိရသည်။

Zawgyi Version;
ခါဆြန္ေဒသကို ျပန္လည္သိမ္းယူၿပီးေနာက္ပိုင္း ႐ုရွား၏တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံး(၃၂)ဦး ေသဆုံးခဲ့ေၾကာင္း ယူကရိန္းအစိုးရဆို
Pika (NP News) - ႏိုဝင္ဘာ ၂၇
႐ုရွားလိုလားေသာ လက္နက္ကိုင္အဖြဲ႕မ်ား၏ ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ယူကရိန္း ေတာင္ပိုင္းရွိ ခါဆြန္ေဒသတြင္ အနည္းဆုံးလူ(၃၂)ဦး ေသဆုံးခဲ့ေၾကာင္း ယူကရိန္းရဲတပ္ဖြဲ႕အႀကီးအကဲက ႏိုဝင္ဘာ (၂၆) ရက္တြင္ ေျပာၾကားခဲ့သည္။
႐ုရွားသည္ ၿပီးခဲ့သည့္သီတင္းပတ္(၂)ပတ္က ခါဆြန္ေဒသမွ ျပန္လည္ဆုတ္ခြာသြားၿပီးေနာက္ ခါဆြန္ေဒသကို ႐ုရွားလိုလားေသာ တပ္ဖြဲ႕မ်ားျဖင့္ ပူးေပါင္းတိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။ ႐ုရွားတပ္ဖြဲ႕မ်ားသည္ ခါဆြန္ၿမိဳ႕ကို ၉ လ နီးပါးၾကာသိမ္းပိုက္ထားခဲ့ၿပီးေနာက္ ႏိုဝင္ဘာ(၁၁)ရက္တြင္ ျပန္လည္ဆုတ္ခြာခဲ့ေၾကာင္းလည္း သိရသည္။
႐ုရွားတပ္ဖြဲ႕မ်ားသည္ လက္ရွိအခ်ိန္တြင္ ခါဆြန္ၿမိဳ႕ရွိ Dnipro ျမစ္အေရွ႕ဘက္ကမ္းတြင္ တပ္စြဲေနရာယူထား ေၾကာင္းလည္း သိရသည္။ ယူကရိန္းရဲတပ္ဖြဲ႕အႀကီးအကဲ ရဲမႉးခ်ဳပ္အိုင္ေဟာ္ကေလးမန္ကိုက "႐ုရွားနဲ႔ ႐ုရွား လိုလားတဲ့တပ္ဖြဲ႕ေတြရဲ႕ ေန႔စဥ္တိုက္ခိုက္မႈေတြဟာ ၿမိဳ႕ကို ထိခိုက္ပ်က္စီးေစၿပီး ျပည္သူေတြကို ေသဆုံးေစခဲ့ပါ တယ္။ ခါဆြန္ကို ယူကရိန္းတပ္ဖြဲ႕ေတြ ျပန္လည္သိမ္းယူၿပီးေနာက္ပိုင္း ႐ုရွားရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ခါဆြန္ ေဒသခံ (၃၂)ဦး ေသဆုံးခဲ့ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ယူကရိန္းႏိုင္ငံရဲ႕ ေအးေဆးတည္ၿငိမ္တဲ့ေဒသေတြမွာ ခိုလႈံဖို႔ ေ႐ႊ႕ေျပာင္းမႈေတြ လုပ္ေနၾကပါတယ္။ ဒါေပမယ့္လည္း ေဒသခံအမ်ားအျပားက သူတို႔ေနအိမ္ေတြမွာပဲ ရွိေန တာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ေဒသခံေတြကို လုံၿခဳံေအာင္ အေကာင္းဆုံးကာကြယ္ေပးဖို႔ လိုအပ္ပါ တယ္" ဟု ေျပာဆိုခဲ့သည္။
ကိယက္ဗ္ၿမိဳ႕ေတာ္တြင္ လွ်ပ္စစ္မီးမ်ား ျပန္လည္ရရွိေနၿပီျဖစ္ေၾကာင္း သမၼတ၏လက္ေထာက္တစ္ဦးက ႏိုဝင္ဘာ (၂၆) ရက္အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။ ႐ုရွားတပ္မ်ားႏွင့္ ႐ုရွားလိုလားေသာ လက္နက္ကိုင္အဖြဲ႕မ်ား က်ဴးလြန္ခဲ့ေသာ စစ္ရာဇဝတ္မႈ(၅၇၈)မႈကို မွတ္တမ္းတင္ထားေၾကာင္း ရဲမႉးခ်ဳပ္အိုင္ေဟာ္ကေလးမန္ကို က ေျပာဆိုခဲ့သည္။
႐ုရွားတပ္ဖြဲ႕မ်ားသည္ အရပ္သားမ်ားကို ညႇင္းပန္းႏွိပ္စက္ခဲ့သည္ဆိုသည့္ စြပ္စြဲခ်က္မ်ားကို ႐ုရွားဘက္က ျပန္လည္ ျငင္းဆိုထားေၾကာင္းလည္းသိရသည္။