ကမ္ဘာ့အင်အား အတောင့်ဆုံး နျူကလီးယားတပ်ဖွဲ့ပိုင်ဆိုင်ရန် ကြိုးပမ်းမည်ဟု မြောက်ကိုရီးယားခေါင်းဆောင်ပြော

 591

Pika (NP News) - နိုဝင်ဘာ ၂၈

မြောက်ကိုရီးယား၏ အကြီးဆုံးပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွင် ပါဝင်ခဲ့သည့် စစ်ဘက်အရာရှိ ဒါဇင်ပေါင်းများစွာကို ရာထူးတိုးပေးပြီးနောက် မြောက်ကိုရီးယား၏ အဓိကရည်မှန်းချက်မှာ ကမ္ဘာ့အင်အား အတောင့်ဆုံး နျူကလီးယားတပ်ဖွဲ့ကို ပိုင်ဆိုင်ရန်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့သည်။

Hwasong-17 အမည်ရှိ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်မှုနှင့်အတူ အမေရိကန်၏ ခြိမ်းခြောက်မှု များကို တုံ့ပြန်သွားမည်ဟု နိုဝင်ဘာ(၁၈)ရက်က ကတိပြုခဲ့ပြီးနောက် ကင်ဂျုံအန်းက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အင်အားအတောင့်ဆုံး နျူကလီးယားတပ်ဖွဲ့ကို တည်ထောင်ခြင်းသည် ပြည်သူများနှင့်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို အကာအကွယ်ပေးရန်ဖြစ်ပြီး အဓိကရည်မှန်းချက်မှာ ရာစုနှစ်အတွင်း မရှိခဲ့ဖူးသော ကမ္ဘာ့ အင်အားအတောင့်ဆုံး မဟာဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့ကို ပိုင်ဆိုင်ရန်ဖြစ်ကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပစ်လွှတ်ခဲ့သော Hwasong-17 အမည်ရှိ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ကမ္ဘာ့အား အပြင်းဆုံး မဟာဗျူဟာမြောက် နျူကလီးယားလက်နက် ဟုခေါ်ဆိုခဲ့ပြီး မြောက်ကိုရီးယား၏ စိတ်ဓာတ်ကြံ့ခိုင်မှု နှင့် ကမ္ဘာ့အင်အား အကောင်းဆုံးစစ်တပ်၏စွမ်းရည်များကို သက်သေပြနိုင်ခဲ့ကြောင်း ကင်ဂျုံအန်း က ပြောကြားခဲ့ သည်။

မြောက်ကိုရီးယားသိပ္ပံပညာရှင်များသည် ပဲ့ထိန်းဒုံးကျည်များပေါ်တွင် နျူကလီးယားထိပ်ဖူးများ တပ်ဆင်ခြင်းများ ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ်အချက်အလက် များကိုတော့ ပြောကြားခြင်းမျိုး မရှိကြောင်းသိရသည်။ ကင်ဂျုံအန်းသည် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများ၊ စစ်ဘက်အရာရှိများနှင့် ဒုံးကျည်စမ်းသပ်မှုတွင် ပါဝင်ခဲ့သည့် အခြားလူများနှင့် ဓာတ်ပုံတွဲရိုက်ခဲ့ပြီးနောက် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်တီထွင်မှုများကို ဆက်လက်တိုးမြင့်လုပ်ဆောင်ရန် ပိုမိုအားကောင်းလာမည်ဟု မျှော်လင့်ထားကြောင်းဆိုခဲ့သည်။

Zawgyi Version;
ကမာၻ႔အင္အား အေတာင့္ဆုံး န်ဴကလီးယားတပ္ဖြဲ႕ပိုင္ဆိုင္ရန္ ႀကိဳးပမ္းမည္ဟု ေျမာက္ကိုရီးယားေခါင္းေဆာင္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၈

ေျမာက္ကိုရီးယား၏ အႀကီးဆုံးပဲ့ထိန္းဒုံးက်ည္ပစ္လႊတ္မႈတြင္ ပါဝင္ခဲ့သည့္ စစ္ဘက္အရာရွိ ဒါဇင္ေပါင္းမ်ားစြာကို ရာထူးတိုးေပးၿပီးေနာက္ ေျမာက္ကိုရီးယား၏ အဓိကရည္မွန္းခ်က္မွာ ကမာၻ႔အင္အား အေတာင့္ဆုံး န်ဴကလီးယားတပ္ဖြဲ႕ကို ပိုင္ဆိုင္ရန္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့သည္။

Hwasong-17 အမည္ရွိ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ကို စမ္းသပ္ပစ္လႊတ္မႈႏွင့္အတူ အေမရိကန္၏ ၿခိမ္းေျခာက္မႈ မ်ားကို တုံ႔ျပန္သြားမည္ဟု ႏိုဝင္ဘာ(၁၈)ရက္က ကတိျပဳခဲ့ၿပီးေနာက္ ကင္ဂ်ဳံအန္းက ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

ကမာၻ႔အင္အားအေတာင့္ဆုံး န်ဴကလီးယားတပ္ဖြဲ႕ကို တည္ေထာင္ျခင္းသည္ ျပည္သူမ်ားႏွင့္ႏိုင္ငံ၏ ဂုဏ္သိကၡာႏွင့္ အခ်ဳပ္အျခာအာဏာကို အကာအကြယ္ေပးရန္ျဖစ္ၿပီး အဓိကရည္မွန္းခ်က္မွာ ရာစုႏွစ္အတြင္း မရွိခဲ့ဖူးေသာ ကမာၻ႔ အင္အားအေတာင့္ဆုံး မဟာဗ်ဴဟာေျမာက္န်ဴကလီးယားတပ္ဖြဲ႕ကို ပိုင္ဆိုင္ရန္ျဖစ္ေၾကာင္း ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ပစ္လႊတ္ခဲ့ေသာ Hwasong-17 အမည္ရွိ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ကို ကမာၻ႔အား အျပင္းဆုံး မဟာဗ်ဴဟာေျမာက္ န်ဴကလီးယားလက္နက္ ဟုေခၚဆိုခဲ့ၿပီး ေျမာက္ကိုရီးယား၏ စိတ္ဓာတ္ႀကံ့ခိုင္မႈ ႏွင့္ ကမာၻ႔အင္အား အေကာင္းဆုံးစစ္တပ္၏စြမ္းရည္မ်ားကို သက္ေသျပႏိုင္ခဲ့ေၾကာင္း ကင္ဂ်ဳံအန္း က ေျပာၾကားခဲ့ သည္။

ေျမာက္ကိုရီးယားသိပၸံပညာရွင္မ်ားသည္ ပဲ့ထိန္းဒုံးက်ည္မ်ားေပၚတြင္ န်ဴကလီးယားထိပ္ဖူးမ်ား တပ္ဆင္ျခင္းမ်ား ကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္ မ်ားကိုေတာ့ ေျပာၾကားျခင္းမ်ိဳး မရွိေၾကာင္းသိရသည္။ ကင္ဂ်ဳံအန္းသည္ သိပၸံပညာရွင္မ်ား၊ အင္ဂ်င္နီယာမ်ား၊ စစ္ဘက္အရာရွိမ်ားႏွင့္ ဒုံးက်ည္စမ္းသပ္မႈတြင္ ပါဝင္ခဲ့သည့္ အျခားလူမ်ားႏွင့္ ဓာတ္ပုံတြဲ႐ိုက္ခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယား၏ န်ဴကလီးယားလက္နက္တီထြင္မႈမ်ားကို ဆက္လက္တိုးျမင့္လုပ္ေဆာင္ရန္ ပိုမိုအားေကာင္းလာမည္ဟု ေမွ်ာ္လင့္ထားေၾကာင္းဆိုခဲ့သည္။

Related news

© 2021. All rights reserved.