ဗြိတိန်အစိုးရရဲ့ စွပ်စွဲပြောဆိုမှုတွေကို တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ငြင်းဆန်ပယ်ချ

 525

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

တရုတ်ဆက်သွယ်ရေးကုမ္ပဏီဟာ ဗြိတိန်အစိုးရရဲ့စွပ်စွဲပြောဆိုမှုတွေကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။

တရုတ်အစိုးရဟာ ဗြိတိန်နိုင်ငံကို စပိုင်လုပ်နိုင်ဖို့တရုတ်ဆက်သွယ်ရေးကုမ္ပဏီတွေရဲ့ ဆက်သွယ်ရေးကုန်ပစ္စည်း များကို အသုံးချလျက်ရှိနေကြောင်း၊ ဗြိတိန်အစိုးရအဆောက်အဦးများထဲမှာ လုံခြုံရေးကင်မရာ တပ်ဆင်ရာမှာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီထုတ်ပစ္စည်းများကို အကန့်အသတ်နဲ့အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။

တရုတ်ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Hikvision က ၎င်းတို့ကုမ္ပဏီထုတ်ပစ္စည်းများဟာ ဗြိတိန်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုတဲ့သတင်းတွေက မှန်ကန်မှုမရှိဘူးလို့ ဆိုပါတယ်။ အဆိုပါ တရုတ်ကုမ္ပဏီဟာ ကမ္ဘာမှာ CCTV လုံခြံုရေးကင်မရာ အများဆုံးထုတ်လုပ်လျက်ရှိနေတဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတရုတ် ဆက်သွယ်ရေးကုမ္ပဏီက "Hikvision ကုမ္ပဏီအနေနဲ့ လုံခြုံရေးကင်မရာ၊ ရုပ်သံတွေက ရရှိတဲ့အချက်တွေကို တတိယအဖွဲ့ပစည်းတွေကို လွှဲပြောင်းပေးတာမျိုး မရှိဘူး။ လုံခြုံရေးအချက်အလက်တွေကို ရောင်းချတာမျိုးလည်း မရှိဘူး" လို့ပြောပါတယ်။

အဆိုပါ တရုတ် Hikvision ကုမ္ပဏီက ထုတ်လုပ်တဲ့ CCTV လုံခြုံရေးကင်မရာတွေကို ဗြိတိန်နိုင်ငံမှာ ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိနေပြီး၊ လန်ဒန်မြို့မှာ အသုံးပြုထားတဲ့ လုံခြုံရေးကင်မရာများရဲ့တဝက်နီးပါးဟာ တရုတ် Hikvision က ထုတ်လုပ်တဲ့ CCTV လုံခြုံရေးကင်မရာများကို အသုံးပြုလျက်ရှိနေတယ်လို့ သိရပါတယ်။

တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ ဟွာဝေးအပါအဝင် နည်းပညာကုမ္ပဏီတွေကိုအသုံးချပြီး တရုတ်အစိုးရဟာ အခြားနိုင်ငံတွေကနေ သတင်းအချက်အလက်များ ရယူဖို့ကြိုးပမ်းနေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ နိုင်ငံလုံခြုံရေးကို အန္တရာယ်ဖြစ်လာစေနိုင်တဲ့ခြိမ်းခြောက်မှုတွေ ရှိတယ်ဆိုတာက ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးအပါအဝင် တရုတ်နည်းပညာကုမ္ပဏီအချို့က ထုတ်လုပ်တဲ့ ဆက်သွယ်ရေးနဲ့ နည်းပညာထုတ်ကုန်များ နိုင်ငံအတွင်း ရောင်းချခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

Zawgyi Version;
ၿဗိတိန္အစိုးရရဲ႕ စြပ္စြဲေျပာဆိုမႈေတြကို တ႐ုတ္ဆက္သြယ္ေရးကုမၸဏီ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

တ႐ုတ္ဆက္သြယ္ေရးကုမၸဏီဟာ ၿဗိတိန္အစိုးရရဲ႕စြပ္စြဲေျပာဆိုမႈေတြကို ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္း သိရပါတယ္။

တ႐ုတ္အစိုးရဟာ ၿဗိတိန္ႏိုင္ငံကို စပိုင္လုပ္ႏိုင္ဖို႔တ႐ုတ္ဆက္သြယ္ေရးကုမၸဏီေတြရဲ႕ ဆက္သြယ္ေရးကုန္ပစၥည္း မ်ားကို အသုံးခ်လ်က္ရွိေနေၾကာင္း၊ ၿဗိတိန္အစိုးရအေဆာက္အဦးမ်ားထဲမွာ လုံၿခဳံေရးကင္မရာ တပ္ဆင္ရာမွာ တ႐ုတ္ဆက္သြယ္ေရးကုမၸဏီထုတ္ပစၥည္းမ်ားကို အကန႔္အသတ္နဲ႔အသုံးျပဳဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္း သတင္းေတြက ဆိုပါတယ္။

တ႐ုတ္ဆက္သြယ္ေရးကုမၸဏီတစ္ခုျဖစ္တဲ့ Hikvision က ၎တို႔ကုမၸဏီထုတ္ပစၥည္းမ်ားဟာ ၿဗိတိန္ႏိုင္ငံရဲ႕ လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနတယ္ဆိုတဲ့သတင္းေတြက မွန္ကန္မႈမရွိဘူးလို႔ ဆိုပါတယ္။ အဆိုပါ တ႐ုတ္ကုမၸဏီဟာ ကမာၻမွာ CCTV လုံၿခံဳေရးကင္မရာ အမ်ားဆုံးထုတ္လုပ္လ်က္ရွိေနတဲ့ ကုမၸဏီျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါတ႐ုတ္ ဆက္သြယ္ေရးကုမၸဏီက "Hikvision ကုမၸဏီအေနနဲ႔ လုံၿခဳံေရးကင္မရာ၊ ႐ုပ္သံေတြက ရရွိတဲ့အခ်က္ေတြကို တတိယအဖြဲ႕ပစည္းေတြကို လႊဲေျပာင္းေပးတာမ်ိဳး မရွိဘူး။ လုံၿခဳံေရးအခ်က္အလက္ေတြကို ေရာင္းခ်တာမ်ိဳးလည္း မရွိဘူး" လို႔ေျပာပါတယ္။

အဆိုပါ တ႐ုတ္ Hikvision ကုမၸဏီက ထုတ္လုပ္တဲ့ CCTV လုံၿခဳံေရးကင္မရာေတြကို ၿဗိတိန္ႏိုင္ငံမွာ က်ယ္ျပန႔္စြာ အသုံးျပဳလ်က္ရွိေနၿပီး၊ လန္ဒန္ၿမိဳ႕မွာ အသုံးျပဳထားတဲ့ လုံၿခဳံေရးကင္မရာမ်ားရဲ႕တဝက္နီးပါးဟာ တ႐ုတ္ Hikvision က ထုတ္လုပ္တဲ့ CCTV လုံၿခဳံေရးကင္မရာမ်ားကို အသုံးျပဳလ်က္ရွိေနတယ္လို႔ သိရပါတယ္။

တ႐ုတ္ကုမၸဏီေတြျဖစ္တဲ့ ဟြာေဝးအပါအဝင္ နည္းပညာကုမၸဏီေတြကိုအသုံးခ်ၿပီး တ႐ုတ္အစိုးရဟာ အျခားႏိုင္ငံေတြကေန သတင္းအခ်က္အလက္မ်ား ရယူဖို႔ႀကိဳးပမ္းေနတယ္လို႔ အေမရိကန္အစိုးရက စြပ္စြဲေျပာဆိုခဲ့ပါတယ္။

အေမရိကန္အစိုးရဟာ ႏိုင္ငံလုံၿခဳံေရးကို အႏၲရာယ္ျဖစ္လာေစႏိုင္တဲ့ၿခိမ္းေျခာက္မႈေတြ ရွိတယ္ဆိုတာက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ တ႐ုတ္ဆက္သြယ္ေရးကုမၸဏီ ဟြာေဝးအပါအဝင္ တ႐ုတ္နည္းပညာကုမၸဏီအခ်ိဳ႕က ထုတ္လုပ္တဲ့ ဆက္သြယ္ေရးနဲ႔ နည္းပညာထုတ္ကုန္မ်ား ႏိုင္ငံအတြင္း ေရာင္းခ်ခြင့္ပိတ္ပင္လိုက္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.