ကင်မရွန်းနိုင်ငံမှာ စျာပနအခမ်းအနားတစ်ခုအတွင်း မြေပြိုကျမှုကြောင့် လူ ၁၄ ဦး သေဆုံး

 347

ရောင်နီ (NP News) – နိုဝင်ဘာ ၂၈

ကင်မရွန်းမြို့တော်မှာ နိုဝင်ဘာလ ၂၈ ရက်၊ တနင်္ဂနွေနေ့က ဈာပနအခမ်းအနားတစ်ခုအတွင်း မြေပြိုကျမှုကြောင့် လူ ၁၄ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

မြို့တော် ယောင်အွန်ဒေးရှိ မီတာ ၂ဝ အမြင့်ရှိ မြေသားတာတမံတစ်ခုရဲ့ခြေရင်းမှာ စျာပနအခမ်းအနားအတွက် လူများစုဝေးနေစဉ် အဆိုပါဘေးအန္တရာယ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ လူဒါဇင်ပေါင်းများစွာရဲ့ အပေါ်တည့်တည့်ကို မှ တာတမံမြေ ပြိုကျခဲ့တာဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုပါတယ်။

အခင်းဖြစ်ပွားရာ နေရာမှာ အလောင်း ၁၄ လောင်းထိ တွေ့ရှိလာရပြီဖြစ်တယ်လို့ ယောင်အွန်ဒေး အပါအဝင် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ပေါဘေး က ပြောကြားခဲ့ပါတယ်။ မြေပြိုမှုကြောင့် ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံ တက်နေရသူတွေလည်းရှိတယ်လို့ ၎င်းက ပြောပါတယ်။

မြေပြိုမှုဖြစ်ပွားခဲ့တဲ့ အရှေ့ဘက်ဆင်ခြေဖုံးရှိ ဒါမက်စ်ခရိုင်ကို "အလွန် အန္တရာယ်များသောနေရာ" အဖြစ် ဖော်ပြခဲ့ ပြီး ယင်းနေရာနဲ့ဝေးဝေးနေကြဖို့ ပေါဘေးက တိုက်တွန်းခဲ့ပါတယ်။ ကင်မရွန်းမှာ မြေပြိုမှုများ မကြာခဏ ဖြစ်ပွား လေ့ရှိပေမယ့်လည်း ယောင်အွန်ဒေး မြေပြိုမှုလို လူအသေအပျောက်ရှိတာတော့ နည်းပါးလှပါတယ်။

နိုင်ငံမှာ ၂ဝ၁၉ ခုနှစ်ကလည်း အနောက်ပိုင်း ဘာဖောဆမ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းခြင်းမှ ဖြစ်ပေါ်လာတဲ့ မြေပြိုမှုကြောင့် တောင်ကုန်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ နေအိမ်တစ်ဒါဇင်ခန့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ကင္မ႐ြန္းႏိုင္ငံမွာ စ်ာပနအခမ္းအနားတစ္ခုအတြင္း ေျမၿပိဳက်မႈေၾကာင့္ လူ ၁၄ ဦး ေသဆုံး
ေရာင္နီ (NP News) – ႏိုဝင္ဘာ ၂၈

ကင္မ႐ြန္းၿမိဳ႕ေတာ္မွာ ႏိုဝင္ဘာလ ၂၈ ရက္၊ တနဂၤေႏြေန႔က ဈာပနအခမ္းအနားတစ္ခုအတြင္း ေျမၿပိဳက်မႈေၾကာင့္ လူ ၁၄ ဦးထက္ မနည္း ေသဆုံးခဲ့ေၾကာင္း ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးက ေျပာၾကားခဲ့ပါတယ္။

ၿမိဳ႕ေတာ္ ေယာင္အြန္ေဒးရွိ မီတာ ၂ဝ အျမင့္ရွိ ေျမသားတာတမံတစ္ခုရဲ႕ေျခရင္းမွာ စ်ာပနအခမ္းအနားအတြက္ လူမ်ားစုေဝးေနစဥ္ အဆိုပါေဘးအႏၲရာယ္ ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ လူဒါဇင္ေပါင္းမ်ားစြာရဲ႕ အေပၚတည့္တည့္ကို မွ တာတမံေျမ ၿပိဳက်ခဲ့တာျဖစ္ေၾကာင္း မ်က္ျမင္သက္ေသမ်ားက ဆိုပါတယ္။

အခင္းျဖစ္ပြားရာ ေနရာမွာ အေလာင္း ၁၄ ေလာင္းထိ ေတြ႕ရွိလာရၿပီျဖစ္တယ္လို႔ ေယာင္အြန္ေဒး အပါအဝင္ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးမႉး ေပါေဘး က ေျပာၾကားခဲ့ပါတယ္။ ေျမၿပိဳမႈေၾကာင့္ ျပင္းထန္ဒဏ္ရာေတြနဲ႔ ေဆး႐ုံ တက္ေနရသူေတြလည္းရွိတယ္လို႔ ၎က ေျပာပါတယ္။

ေျမၿပိဳမႈျဖစ္ပြားခဲ့တဲ့ အေရွ႕ဘက္ဆင္ေျခဖုံးရွိ ဒါမက္စ္ခ႐ိုင္ကို "အလြန္ အႏၲရာယ္မ်ားေသာေနရာ" အျဖစ္ ေဖာ္ျပခဲ့ ၿပီး ယင္းေနရာနဲ႔ေဝးေဝးေနၾကဖို႔ ေပါေဘးက တိုက္တြန္းခဲ့ပါတယ္။ ကင္မ႐ြန္းမွာ ေျမၿပိဳမႈမ်ား မၾကာခဏ ျဖစ္ပြား ေလ့ရွိေပမယ့္လည္း ေယာင္အြန္ေဒး ေျမၿပိဳမႈလို လူအေသအေပ်ာက္ရွိတာေတာ့ နည္းပါးလွပါတယ္။

ႏိုင္ငံမွာ ၂ဝ၁၉ ခုႏွစ္ကလည္း အေနာက္ပိုင္း ဘာေဖာဆမ္ၿမိဳ႕မွာ မိုးသည္းထန္စြာ႐ြာသြန္းျခင္းမွ ျဖစ္ေပၚလာတဲ့ ေျမၿပိဳမႈေၾကာင့္ ေတာင္ကုန္းတစ္ခုေပၚမွာ တည္ေဆာက္ထားတဲ့ ေနအိမ္တစ္ဒါဇင္ခန႔္ ပ်က္စီးခဲ့တယ္လို႔ သိရပါ တယ္။

Related news

© 2021. All rights reserved.