ရုရှားနိုင်ငံမှာ အမျိုးသမီးတွေကို နိုင်ငံခြားသားတွေအတွက် အငှားကိုယ်ဝန်ဆောင်ခွင့် တားမြစ်ပိတ်ပင်

 623

ရောင်နီ (NP News) - နိုဝင်ဘာ ၂၈

ရုရှားနိုင်ငံမှာ ရုရှားအမျိုးသမီးတွေကို အငှားကိုယ်ဝန်ဆောင် မိခင်များအဖြစ် နိုင်ငံခြားသားများနဲ့ စာချုပ်ချုပ်ခြင်းမပြုဖို့ တားမြစ်တဲ့ဥပဒေတစ်ရပ်ကို မကြာမီချမှတ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ရုရှားပါလီမန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဗီရာချီစ်လက်ဗ်ဗိုလိုဒင် က နိုဝင်ဘာလ ၂၈ ရက်၊ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ အမေများနေ့အတွက် မိန့်ခွန်းပြောကြားရင်း "နိုင်ငံခြားသားအငှားဝန်ဆောင်မှုကို တားမြစ်ခြင်းဖြင့် ကလေးသူငယ်များကို ကာကွယ်ဖို့အတွက် အရာအားလုံး လုပ်ဆောင်ရမည်ဖြစ်တယ်" လို့ ကြေညာခဲ့ပါတယ်။

အခကြေးငွေယူကာ အငှားကိုယ်ဝန်ဆောင်ခြင်းဟာ ရုရှားနိုင်ငံမှာ တရားဝင်ဖြစ်ပေမယ်လည်း ဘာသာရေး အုပ်စု များက အဆိုပါအလေ့အထဟာ ကလေးမွေးဖွားခြင်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

"ဒီဇင်ဘာလ အစမှာ ကျွန်တော်တို့ ဒီဆုံးဖြတ်ချက်ကို ချမှာပါ" လို့ ဗိုလိုဒင်က တယ်လီဂရမ်မှာ ပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အငှားမိခင်များမှ မွေးဖွားတဲ့ ကလေး ၄၅ဝဝဝ ခန့်ကို နိုင်ငံခြားသို့ ခေါ်ဆောင်သွား ခဲ့ကြောင်း၊ ကလေးသူငယ် လူကုန်ကူးမှုဟာ လက်မခံနိုင်စရာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါတယ်။

အဆိုပါဥပဒေကြမ်းကို မေလက ပထမဆုံး ဖတ်ကြားခဲ့ပြီး ရုရှားလွှတ်တော်အမတ်များ အားလုံး တညီတညွတ် တည်းနီးပါး အတည်ပြုခဲ့ကြပါတယ်။ နောက်ဆုံးအဆင့်၊ တတိယအကြိမ်မြောက် ဖတ်ကြားမှုမှာ အောင်မြင်ပါက အထက်လွှတ်တော်က ပြန်လည်သုံးသပ်ပြီး သမ္မတ ဗလာဒီမာပူတင်မှ ဥပဒေအဖြစ် လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
႐ုရွားႏိုင္ငံမွာ အမ်ိဳးသမီးေတြကို ႏိုင္ငံျခားသားေတြအတြက္ အငွားကိုယ္ဝန္ေဆာင္ခြင့္ တားျမစ္ပိတ္ပင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၈

႐ုရွားႏိုင္ငံမွာ ႐ုရွားအမ်ိဳးသမီးေတြကို အငွားကိုယ္ဝန္ေဆာင္ မိခင္မ်ားအျဖစ္ ႏိုင္ငံျခားသားမ်ားနဲ႔ စာခ်ဳပ္ခ်ဳပ္ျခင္းမျပဳဖို႔ တားျမစ္တဲ့ဥပေဒတစ္ရပ္ကို မၾကာမီခ်မွတ္ေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

႐ုရွားပါလီမန္ ေအာက္လႊတ္ေတာ္ဥကၠ႒ ဗီရာခ်ီစ္လက္ဗ္ဗိုလိုဒင္ က ႏိုဝင္ဘာလ ၂၈ ရက္၊ တနဂၤေႏြေန႔မွာ က်ေရာက္တဲ့ အေမမ်ားေန႔အတြက္ မိန္႔ခြန္းေျပာၾကားရင္း "ႏိုင္ငံျခားသားအငွားဝန္ေဆာင္မႈကို တားျမစ္ျခင္းျဖင့္ ကေလးသူငယ္မ်ားကို ကာကြယ္ဖို႔အတြက္ အရာအားလုံး လုပ္ေဆာင္ရမည္ျဖစ္တယ္" လို႔ ေၾကညာခဲ့ပါတယ္။

အခေၾကးေငြယူကာ အငွားကိုယ္ဝန္ေဆာင္ျခင္းဟာ ႐ုရွားႏိုင္ငံမွာ တရားဝင္ျဖစ္ေပမယ္လည္း ဘာသာေရး အုပ္စု မ်ားက အဆိုပါအေလ့အထဟာ ကေလးေမြးဖြားျခင္းကို စီးပြားေရးလုပ္ငန္းအျဖစ္ လုပ္ကိုင္ေနျခင္းျဖစ္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။

"ဒီဇင္ဘာလ အစမွာ ကြၽန္ေတာ္တို႔ ဒီဆုံးျဖတ္ခ်က္ကို ခ်မွာပါ" လို႔ ဗိုလိုဒင္က တယ္လီဂရမ္မွာ ေျပာၾကားပါတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အငွားမိခင္မ်ားမွ ေမြးဖြားတဲ့ ကေလး ၄၅ဝဝဝ ခန႔္ကို ႏိုင္ငံျခားသို႔ ေခၚေဆာင္သြား ခဲ့ေၾကာင္း၊ ကေလးသူငယ္ လူကုန္ကူးမႈဟာ လက္မခံႏိုင္စရာျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားပါတယ္။

အဆိုပါဥပေဒၾကမ္းကို ေမလက ပထမဆုံး ဖတ္ၾကားခဲ့ၿပီး ႐ုရွားလႊတ္ေတာ္အမတ္မ်ား အားလုံး တညီတၫြတ္ တည္းနီးပါး အတည္ျပဳခဲ့ၾကပါတယ္။ ေနာက္ဆုံးအဆင့္၊ တတိယအႀကိမ္ေျမာက္ ဖတ္ၾကားမႈမွာ ေအာင္ျမင္ပါက အထက္လႊတ္ေတာ္က ျပန္လည္သုံးသပ္ၿပီး သမၼတ ဗလာဒီမာပူတင္မွ ဥပေဒအျဖစ္ လက္မွတ္ေရးထိုးမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.