ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ လျှို့ဝှက်ကူညီပေးနေတဲ့နိုင်ငံများရှိနေ

 878

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

အချို့နိုင်ငံတွေဟာ ယူကရိန်းကို စစ်ရေးအကူအညီများ လျှို့ဝှက်ပေးလျက်ရှိနေကြောင်း ယူကရိန်းနိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ကူလီဘာ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက "တတိယနိုင်ငံအချို့ဟာ ယူကရိန်းကို လက်နက်တွေ ထောက်ပံ့မှာ မဟုတ်ဘူးလို့ ပြောဆိုပေမယ့် ယူကရိန်းကို လက်နက်တွေ လျှို့ဝှက် ပံ့ပိုးပေးနေတယ်။ အဲဒီနိုင်ငံတွေ ဟာ ရုရှားနဲ့စစ်ပွဲမှာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ အင်အားတောင့်တင်းစေဖို့ရည်ရွယ်ပြီး လျှို့ဝှက်ကူညီ ပေးတာမျိုးဖြစ်တယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံတွေလဲဆိုတာ ထုတ်ဖော်ပြောဆိုမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန် အပါအဝင် နေတိုးအုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ အဓိကထား ကူညီထောက်ပံ့ပေးလျက်ရှိနေတယ် လို့ သိရပါတယ်။

လက်ရှိအချိန်မှာ နေတိုးအဖွဲ့ရှိ နိင်ငံကြီးအချို့သာ ယူကရိန်းကို လက်နက်ထောက်ပံ့ပေးနိုင်စွမ်းရှိတော့ပြီး နေတိုးအဖွဲ့ရှိ နိုင်ငံငယ်တွေမှာ လက်နက်တွေ ကူညီထောက်ပံ့ပေးဖို့ အင်အားကုန်ခမ်းနေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမေရိကန်အခြေစိုက် New York Times က ဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းဌာနက " နေတိုးအဖွဲ့ထဲရှိ အဖွဲ့ဝင်နိုင်ငံ ၂ဝ ခန့်ဟာ ယူကရိန်းကိုလက်နက်တွေ ထောက်ပံ့ပေးရလို့ အားအင်ကုန်ခမ်းကုန်ပြီး၊ အခြားအဖွဲ့ဝင် ၁ဝ နိုင်ငံလောက်သာ စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ထောက်ပံ့ ပေးနိုင်မယ့် အခြေအနေမျိုး ရှိနေတယ်" လို့ပြောပါတယ်။

ယူကရိန်း နဲ့ ရုရှားတို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေဟာ ယူကရိန်းကို စစ်ရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ဘီလျံချီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ရုရှားဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပေးထားတဲ့နိုင်ငံများကို သတိပေးပြောဆိုမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ရုရှားဟာ ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းပိုင်နက် လေးခုကို သိမ်းယူ ကာ ရုရှားနဲ့ပေါင်းစည်းဖို့ ခွင့်ပြုချက်ပေးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား လွ်ိဳ႕ဝွက္ကူညီေပးေနတဲ့ႏိုင္ငံမ်ားရွိေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

အခ်ိဳ႕ႏိုင္ငံေတြဟာ ယူကရိန္းကို စစ္ေရးအကူအညီမ်ား လွ်ိဳ႕ဝွက္ေပးလ်က္ရွိေနေၾကာင္း ယူကရိန္းႏိုင္ငံျခားေရး ၀န္ႀကီးဌာန ဒုတိယဝန္ႀကီး ကူလီဘာ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက "တတိယႏိုင္ငံအခ်ိဳ႕ဟာ ယူကရိန္းကို လက္နက္ေတြ ေထာက္ပံ့မွာ မဟုတ္ဘူးလို႔ ေျပာဆိုေပမယ့္ ယူကရိန္းကို လက္နက္ေတြ လွ်ိဳ႕ဝွက္ ပံ့ပိုးေပးေနတယ္။ အဲဒီႏိုင္ငံေတြ ဟာ ႐ုရွားနဲ႔စစ္ပြဲမွာ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား အင္အားေတာင့္တင္းေစဖို႔ရည္႐ြယ္ၿပီး လွ်ိဳ႕ဝွက္ကူညီ ေပးတာမ်ိဳးျဖစ္တယ္။ ဒါေပမယ့္ အဲဒီႏိုင္ငံေတြက ဘယ္ႏိုင္ငံေတြလဲဆိုတာ ထုတ္ေဖာ္ေျပာဆိုမွာ မဟုတ္ဘူး" လို႔ ေျပာပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားတို႔စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ နယ္သာလန္ အပါအဝင္ ေနတိုးအုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား အဓိကထား ကူညီေထာက္ပံ့ေပးလ်က္ရွိေနတယ္ လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ ေနတိုးအဖြဲ႕ရွိ နိင္ငံႀကီးအခ်ိဳ႕သာ ယူကရိန္းကို လက္နက္ေထာက္ပံ့ေပးႏိုင္စြမ္းရွိေတာ့ၿပီး ေနတိုးအဖြဲ႕ရွိ ႏိုင္ငံငယ္ေတြမွာ လက္နက္ေတြ ကူညီေထာက္ပံ့ေပးဖို႔ အင္အားကုန္ခမ္းေနၿပီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ အေမရိကန္အေျခစိုက္ New York Times က ေဖာ္ျပခဲ့ပါတယ္။

အဆိုပါသတင္းဌာနက " ေနတိုးအဖြဲ႕ထဲရွိ အဖြဲ႕ဝင္ႏိုင္ငံ ၂ဝ ခန႔္ဟာ ယူကရိန္းကိုလက္နက္ေတြ ေထာက္ပံ့ေပးရလို႔ အားအင္ကုန္ခမ္းကုန္ၿပီး၊ အျခားအဖြဲ႕ဝင္ ၁ဝ ႏိုင္ငံေလာက္သာ စစ္လက္နက္ပစၥည္းေတြ ဆက္လက္ေထာက္ပံ့ ေပးႏိုင္မယ့္ အေျခအေနမ်ိဳး ရွိေနတယ္" လို႔ေျပာပါတယ္။

ယူကရိန္း နဲ႔ ႐ုရွားတို႔ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ နဲ႔ မဟာမိတ္ႏိုင္ငံေတြဟာ ယူကရိန္းကို စစ္ေရး အကူအညီအျဖစ္ အေမရိကန္ေဒၚလာ ဘီလ်ံခ်ီ ကူညီေထာက္ပံ့ေပးခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေပးထားတဲ့ႏိုင္ငံမ်ားကို သတိေပးေျပာဆိုမႈေတြလည္း ရွိခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားဟာ ယူကရိန္းကို ေဖေဖာ္ဝါရီ ၂၄ ရက္က စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ယူကရိန္းပိုင္နက္ ေလးခုကို သိမ္းယူ ကာ ႐ုရွားနဲ႔ေပါင္းစည္းဖို႔ ခြင့္ျပဳခ်က္ေပးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.