ပါကစ္စတန်မြို့တော်မှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ကြီးမားတဲ့ဆန္ဒပြပွဲအစီအစဉ်များကို ဖျက်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ်ဟောင်း အီရန်ခန်း ဆို

 344

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီရန်ခန်းက နိုင်ငံမတည်ငြိမ်မှုများဖြစ်ပွားမှာကို စိုးရိမ်နေတဲ့အတွက် ပါကစ္စတန် မြို့တော် အစ္စလာမ်မာဘတ်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကြီးမားတဲ့ဆန္ဒပြပွဲ ပြမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အီရန်ခန်းဟာ ပြီးခဲ့တဲ့ဧပြီလက ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ အယုံအကြည်မရှိ အဆိုတင်သွင်းခံရကာ ရာထူးက ဖြုတ်ချခံရပြီးနောက် ရွေးကောက်ပွဲစောစီးစွာကျင်းပနိုင်ဖို့ တောင်းဆိုဆန္ဒပြမှုတွေကို ဦးဆောင်နေသူ လည်း ဖြစ်ပါတယ်။

အီရန်ခန်းဟာ ဒီလအစောပိုင်းက ပြုလုပ်တဲ့ လူထုဆန္ဒပြပွဲအတွင်း မိန့်ခွန်းပြောဆိုရာမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရပြီးနောက် ကြီးမားတဲ့ဆန္ဒပြပွဲတွေပြုလုပ်သွားဖို့ ပြည်သူတွေကို စည်းရုံးလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အီရန်ခန်းက "နိုင်ငံ ထိခိုက်ဆုံးရှုံးမှုတွေ နဲ့ ဝရုန်းသုန်းကားဖြစ်မှုတွေ ပြင်းထန်လာမှာ စိုးရိမ်တဲ့အတွက် အစ္စလာမ် မာဘတ်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ဆန္ဒပြပွဲကို ဖျက်သိမ်းလိုက်တယ်" လို့ပြောပါတယ်။
ပါကစ္စတန် လုံခြံုရေးတပ်ဖွဲ့တွေဟာ သူ နဲ့ သူမိသားစုရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး သတိပေးမှုများလည်း ရှိနေ ကြောင်း အီရန်ခန်းက ပြောပါတယ်။ အစ္စလာမ်မာဘတ်မြို့မှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ဆန္ဒပြပွဲကို ဖြိုခွင်းနိုင်ဖို့ ပါကစ္စတန်အစိုးရဟာ စနိုက်ပါသမားတွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်ပေါင်း ၁ သောင်းခန့် ဖြန့်ကြတ်ချထား ကြောင်း သတင်းများလည်းထွက်ပေါ်ခဲ့ပါတယ်။

အီရန်ခန်းဟာ ၀န်ကြီးချုပ်ရာထူးကဖြုတ်ချခံလိုက်ရပြီးနောက် နိုင်ငံတဝှမ်း ချီတက်ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့ပြီး အစ္စလာမ်မာဘတ်မြို့ကို ဦးတည်ချီတက်ခဲ့တယ်လို့ သိရပါတယ်။
အီရန်ခန်းဟာ ဒီလအစောပိုင်းကဖြစ်ပွားခဲ့တဲ့လုပ်ကြံခံရမှုနောက်ကွယ်မှာ လက်ရှိပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှာရစ် ပါဝင်နေကြောင်း စွပ်စွဲထားပါတယ်။ အီရန်ခန်းဟာ ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အထိ ပါကစ္စတန်ဝန်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့ပြီး ၎င်းရဲ့လက်ထက်မှာ တရုတ်၊ ရုရှား တို့နဲ့ စီးပွားရေးအပြင် အပြန်အလှန်ဆက်ဆံရေးပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ပါကစၥတန္ၿမိဳ႕ေတာ္မွာ ျပဳလုပ္ဖို႔စီစဥ္ထားတဲ့ ႀကီးမားတဲ့ဆႏၵျပပြဲအစီအစဥ္မ်ားကို ဖ်က္သိမ္းလိုက္ေၾကာင္း ဝန္ႀကီးခ်ဳပ္ေဟာင္း အီရန္ခန္း ဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္း အီရန္ခန္းက ႏိုင္ငံမတည္ၿငိမ္မႈမ်ားျဖစ္ပြားမွာကို စိုးရိမ္ေနတဲ့အတြက္ ပါကစၥတန္ ၿမိဳ႕ေတာ္ အစၥလာမ္မာဘတ္ၿမိဳ႕မွာ ျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ ႀကီးမားတဲ့ဆႏၵျပပြဲ ျပမယ့္အစီအစဥ္ကို ဖ်က္သိမ္းလိုက္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အီရန္ခန္းဟာ ၿပီးခဲ့တဲ့ဧၿပီလက က်င္းပခဲ့တဲ့ လႊတ္ေတာ္အစည္းအေဝးမွာ အယုံအၾကည္မရွိ အဆိုတင္သြင္းခံရကာ ရာထူးက ျဖဳတ္ခ်ခံရၿပီးေနာက္ ေ႐ြးေကာက္ပြဲေစာစီးစြာက်င္းပႏိုင္ဖို႔ ေတာင္းဆိုဆႏၵျပမႈေတြကို ဦးေဆာင္ေနသူ လည္း ျဖစ္ပါတယ္။

အီရန္ခန္းဟာ ဒီလအေစာပိုင္းက ျပဳလုပ္တဲ့ လူထုဆႏၵျပပြဲအတြင္း မိန႔္ခြန္းေျပာဆိုရာမွာ ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံခံရၿပီးေနာက္ ႀကီးမားတဲ့ဆႏၵျပပြဲေတြျပဳလုပ္သြားဖို႔ ျပည္သူေတြကို စည္း႐ုံးလုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္ အီရန္ခန္းက "ႏိုင္ငံ ထိခိုက္ဆုံးရႈံးမႈေတြ နဲ႔ ဝ႐ုန္းသုန္းကားျဖစ္မႈေတြ ျပင္းထန္လာမွာ စိုးရိမ္တဲ့အတြက္ အစၥလာမ္ မာဘတ္ၿမိဳ႕မွာ ျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ဆႏၵျပပြဲကို ဖ်က္သိမ္းလိုက္တယ္" လို႔ေျပာပါတယ္။
ပါကစၥတန္ လုံၿခံဳေရးတပ္ဖြဲ႕ေတြဟာ သူ နဲ႔ သူမိသားစုရဲ႕လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး သတိေပးမႈမ်ားလည္း ရွိေန ေၾကာင္း အီရန္ခန္းက ေျပာပါတယ္။ အစၥလာမ္မာဘတ္ၿမိဳ႕မွာျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ဆႏၵျပပြဲကို ၿဖိဳခြင္းႏိုင္ဖို႔ ပါကစၥတန္အစိုးရဟာ စႏိုက္ပါသမားေတြအပါအဝင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေပါင္း ၁ ေသာင္းခန႔္ ျဖန႔္ၾကတ္ခ်ထား ေၾကာင္း သတင္းမ်ားလည္းထြက္ေပၚခဲ့ပါတယ္။

အီရန္ခန္းဟာ ၀န္ႀကီးခ်ဳပ္ရာထူးကျဖဳတ္ခ်ခံလိုက္ရၿပီးေနာက္ ႏိုင္ငံတဝွမ္း ခ်ီတက္ဆႏၵျပမႈေတြကို ဦးေဆာင္ခဲ့ၿပီး အစၥလာမ္မာဘတ္ၿမိဳ႕ကို ဦးတည္ခ်ီတက္ခဲ့တယ္လို႔ သိရပါတယ္။
အီရန္ခန္းဟာ ဒီလအေစာပိုင္းကျဖစ္ပြားခဲ့တဲ့လုပ္ႀကံခံရမႈေနာက္ကြယ္မွာ လက္ရွိပါကစၥတန္ဝန္ႀကီးခ်ဳပ္ ရွာဘတ္ ရွာရစ္ ပါဝင္ေနေၾကာင္း စြပ္စြဲထားပါတယ္။ အီရန္ခန္းဟာ ပါကစၥတန္ဝန္ႀကီးခ်ဳပ္အျဖစ္ ၂ဝ၁၈ ခုႏွစ္ကေန ၂ဝ၂၂ ခုႏွစ္အထိ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ အျဖစ္တာဝန္ယူခဲ့ၿပီး ၎ရဲ႕လက္ထက္မွာ တ႐ုတ္၊ ႐ုရွား တို႔နဲ႔ စီးပြားေရးအျပင္ အျပန္အလွန္ဆက္ဆံေရးပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.